Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရိုက်ကူးရေးမရှိတဲ့ အနုပညာလောကသားတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ မေသဉ္ဖာဦး

$
0
0

ကျရာဇာတ်ကောင်ကို ပီပြင်စွာ သရုပ်ဆောင်တတ်တဲ့ မေသဉ္ဇာဦးက လက်ရှိ MRTV- 4 မှာပြသနေတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ မြိုင်ရဲ့ အဒေါ်အဖြစ်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲရိုက်ကူးစဉ်က အဆင်ပြေပြီး ပျော်ခဲ့တယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ ဇာတ်ကားတွေရိုက်နေပါတယ်။ ပျားရည်အိုင် ဇာတ်ကားလေးကိုလည်း ပရိသတ်တွေအကြိုက် တွေ့ကြတော့ ဝမ်းသာရတယ်။ အဲ့ကားကအကြာကြီးရိုက်ရတော့ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒီကားမှာ မြိုင်ရဲ့ ကြီးကြီးလုပ်ရ တာ တူမနဲ့ ပြဿနာဖြစ် အမြဲတမ်းလည်း ပြောမပြောပဲလည်းမနေနိုင်ပုံစံပေါ့”

“ ကိုယ့်အဖွဲ့လေးတွေနဲ့ရိုက်ရတော့ အဆင်ပြေပြီးပျော်စရာ တွေပါပဲ။ ဒီကားမှာ ဇာတ်ဖမ်းထားတာက မြိုင်တယောက် စလိုက်တဲ့မီးလေးက အကုန်လုံး ရင်ထဲကို လောင်နေတာပေါ့။ သူကလည်း သူတယောက်တည်းအနေနဲ့ သူမှန်တယ်ပေါ့။ လူဆိုတာက ကိုယ်မှန်တယ်ထင်လို့လုပ်နေကြတာကို” လို့ မေသဉ္ဖာဦးက ဆိုပါတယ်။

နောက်ပိုင်းမှာ ကိုရီးယားဇာတ်ကားတွေနေရာမှာ မြန်မာစီးရီးတွေနေရာယူလာတဲ့အပေါ်ကိုလည်း မေသဉ္ဖာဦးက သူရဲ့အမြင်ကို အခုလိုဆိုပါတယ်။

“ဇာတ်လမ်းကောင်းမှလည်း ကြိုက်ကြတဲ့အတွက် ဇာတ်လမ်းကောင်းလေးတွေ ရွေးချယ်ရိုက် ဖြစ်လာကြတယ်။ ရုပ်ရှင်ဆိုရင် နှစ်နာရီအတွင်းမှာ ပြရတာဖြစ်တဲ့ အတွက် အရမ်းချုပ်ရတယ်။ ဇာတ်ကြောင်းကိုပဲပြောချလိုက်ရတာရှိတယ်။ စီးရီးတွေကကျတော့ ဟိုးပေါက်စနကတည်းက သားစဉ်မြေး ဆက်ထိ စိတ်ရှိတိုင်းသွားလို့ရတယ်။ လုပ်ရတာရော လူတွေရဲ့ ရင်ထဲကိုရောက်စေတာရော ဇာတ်လမ်းတွဲကတော့ အားသာတာပေါ့”

“ရုံတင်ကားတွေကျတော့ အချိန်နဲ့ အမြန် ပြရတာဖြစ်နေတာပေါ့။ ကျမတို့ အပြင်က ဇာတ်လမ်းတွေကိုလည်း MRTV-4 တို့ Sky Net တို့လိုတွေနဲ့ ချိတ်ဆက်ပြီး လုပ်ပေးကြရင် အနုပညာသမားတွေလည်း အလုပ်ရမယ်။ အခုက ကျမတို့ လောကသားတွေ အတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ကိုယ်တွေသာ အလုပ်လုပ်ရတယ်။ သူတို့တွေကို ဘာမှမလုပ်ပေးနိုင်ဘူး။ ကိုယ်တွေဘက်က ဒါရိုက်တာတွေက ရိုက်ပြီးတော့ သူတို့တွေက ပြန်ပြတာတို့ သူတို့ ချိတ်ဆက်ပြီး လုပ်စေချင်တယ်”လို့ မေသဉ္ဖာဦးက ပြောပါတယ်။

မေသဉ္ဖာဦးပါဝင်သရုပ်ဆောင်ထားတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ မေသဉ္ဖာဦးဟာ ၂၀၀၁ခုနှစ်က “နှလုံးလှလူမိုက်”ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပြီး ၂၀၀၆ခုနှစ်မှာတော့ “ပန်းပျိုးသူတို့ အလင်္ကာ”ဇာတ်ကားဖြင့် အကယ်ဒမီရရှိထားသူတဦးဖြစ်ပါတယ်။

The post ရိုက်ကူးရေးမရှိတဲ့ အနုပညာလောကသားတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ မေသဉ္ဖာဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ