Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မင်းတို့ ယိုးဒယားကို ကော်ပီထားတာလားလို့ ထင်ကြတာပေါ့”

$
0
0

“ကိုယ်စောင့်နတ်” ရုပ်ရှင်ကားမှာ ကိုယ်တိုင် ပရိုဂျူဆာ ၊ သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ လွှမ်းပိုင်က ဒီဇာတ်ကားကို လူငယ်ဆန်ဆန် ဖန်တီးထားပြီး ကြည့်တဲ့ ပရိသတ်တွေအတွက် မတူတဲ့ Taste တခုခုရမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဒီကားကို ကျနော် အရမ်းယုံပါတယ်။ လူငယ်တွေလည်း လိုအပ်မယ်၊ သူတို့တကယ် ကြိုက်မယ့် Taste တခု ရမယ်လို့ ကျနော် အရမ်းယုံကြည်တယ်။ ငွေရေးကြေးရေး အရတော့ အောင်မြင်မယ်၊ မအောင်မြင်ဘူးက မပြောတတ်ဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အနုပညာကို အသိအမှတ်ပြုတယ်၊ ဒီကားလေးက လူငယ်ဆန်ဆန်လေးနဲ့ မတူညီတဲ့ Taste တခု ပေးနိုင်တယ်ဆိုရင် ကျနော် အရမ်းကျေနပ်တယ်” လို့ လွှမ်းပိုင်က ပြောပါတယ်။

“ကျနော်တို့စိတ်ကူးထဲက ဇာတ်လမ်းလေးကိုပဲ လူငယ်ဆန်ဆန် ဖန်တီးထားတာပါ။ ကျောင်းသားကားလေးပါ”လို့ သူက ဆိုပါတယ်။ ဒီဇာတ်ကားမှာ ပရိုဂျူဆာအဖြစ် ပူးပေါင်းဖြစ်တဲ့အကြောင်းကိုလည်း လွှမ်းပိုင်က အခုလိုပဲ ပြောပါတယ်။

“ဒီကားလေးကို မရိုက်ခင်က ပရိုဂျူဆာတွေကို လိုက်ပြတယ်။ သူတို့က မရိုက်ချင်ကြဘူး။ မဖြစ်နိုင်ဘူးပေါ့။ အရမ်းကို စိတ်ကူးယဉ် ဆန်တယ်ပေါ့။ ပြီးတော့ ဟိုးအရင်တုန်းကလည်း ခပ်ဆင်ဆင် ရိုက်ထားတာတွေ ရှိတယ်ပေါ့။ ဇာတ်လမ်းက အရမ်း ရိုးတယ်ပေါ့။ အဲဒီလိုတွေပြောကြတော့ ကျနော်တို့လည်း မထူးဘူးဆိုပြီး ကျနော်တို့ ရိုက်ချင်တဲ့ပုံစံကို သူတို့မျက်လုံးထဲ မမြင်ကြဘူး။ လက်ဝတ်၊ လက်စား (Accessories)တွေကအစ သူတို့မြင်အောင် ကျနော်တို့ မပြောပြတတ်တော့ဘူး”

“အဲဒါနဲ့ ကိုဝင်းလွင်ထက်လို့ ကျနော်ကတော့ ဒီလိုမျိုးရိုက်ချင်တယ်လို့ပြောပြီး နှစ်ယောက်ပေါင်း လုပ်တယ်။ ကိုရွှေမန်းကလည်း ပါလာတော့ ပိုအင်အားတောင့်တင်းသွားတာပေါ့”လို့ လွှမ်းပိုင်က ပြောပါတယ်။ ထုတ်လုပ်သူအနေနဲ့ ပါဝင်ရတဲ့အခါ ကိုယ်ပိုင်လုပ်ပိုင်ခွင့် ဘယ်လောက်ထိရလဲ ဆိုတာကိုလည်း လွှမ်းပိုင်က အခုလို ဆိုပါတယ်။

“ကိုယ်စောင့်နတ်” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ လွှမ်းပိုင်

“ကျနော်က ထုတ်ဝေသူအနေနဲ့လည်း တစိတ်တပိုင်းပဲ ပါဝင်တာပါ။ အဲဒီလို ပါဝင်ခွင့်ရတာက ပိုပြီးတော့ ပျော်ဖို့ကောင်းတယ်ဗျ။ ကိုယ်လုပ်ချင်တာကို ပိုပြီးတိုင်ပင်ခွင့်ရတယ်။ ပိုပြီးလုပ်ခွင့်လည်းရတယ်။ တွဲလုပ်ဖြစ်တာကလည်း ကိုထက်နဲ့ဆိုတော့ သူနဲ့က အကြိုက်တူတာတွေများတယ်။ တိုင်တိုင်ပင်ပင်နဲ့လုပ်ဖြစ်တော့ ပိုပြီးအားရတယ်”လို့ လွှမ်းပိုင်က ဆိုပါတယ်။

“ကိုယ်စောင့်နတ်”ရုပ်ရှင်ကို ကြော်ငြာထားတဲ့ ပိုစတာ ဒီဇိုင်း ကြည့်ပြီး ယိုးဒယားကော်ပီလားလို့ အသံထွက်လာတဲ့အပေါ် “ကျနော်တို့ အာရှကား တော်တော်များများရဲ့ Teenage Movie တွေက မြစ်ဖျားခံရာက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက ဟောလိဝုဒ်ကကားတို့၊ ဟိုးတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ Disney ကရိုက်ခဲ့တဲ့ကားတွေကိုအခြေခံပြီး ဖြစ်လာကြတာပါ။ အားလုံးကတော့ International Design သွားမယ်ဆိုရင်တော့ အဲဒီလိုပုံစံမျိုး ရိုက်ကြတယ်”

“ယိုးဒယားတို့၊ တခြားနိုင်ငံတွေမှာတော့ ရှိတယ်။ အားလုံးက ရိုက်နေကြပြီ။ ကျနော်တို့နိုင်ငံတွေမှာတော့ အဲဒီလိုရိုက်ကြတာ မရှိသေးဘူး။ ကျနော်တို့က ခုမှစပြီးတော့ ဒီဇိုင်း ၊ပိုစတာတွေ အားလုံးကို လူငယ်ဆန်ဆန်လေး ဖန်တီးထားတဲ့အခါကျတော့ ဒါမျိုးကို ယိုးဒယားကားတွေမှာလည်း တွေ့တယ်”

“မင်းတို့ ယိုးဒယားကို ကော်ပီထားတာလားလို့ ထင်ကြတာပေါ့။ တကယ်က ဘာမှလည်း မတူပါဘူး။ ဒီခေတ်ကြီးမှာ ကော်ပီတွေ ရိုက်ကြရင်လည်း သိကြမှာပဲလေ။ Google မှာလည်း နာမည်လေး ရိုက်လိုက်ရင်ကို ပုံကအစ အကုန်မြင်နေရတာ။ Reference ယူ ၊Copy ယူပြီး ကိုယ်ပိုင်ပါလို့ ဖင်ပိတ်ငြင်းရင်လည်း ဒါက အတော်မိုက်ရူးရဲဆန်တယ်လို့ ပြောလို့ရတယ်”လို့ လွှမ်းပိုင်က ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွက် အနုပညာအသစ်အကြောင်းနဲ့ ပတ်သက်ပြီးလည်း “ကျနော်ရယ်၊ ကိုထက်(ဒါရိုက်တာ ဝင်းလွင်ထက်)ရယ် ပေါင်းပြီးတော့ ၂၀၁၉ မှာ တကား ထပ်ရိုက်ဖို့ရှိပါတယ်။ ပိုပြီးနက်နဲတဲ့ ဇာတ်ပေါ့။ ဆိုလိုတာက ဖျော်ဖြေရေး ကားပါပဲ။ အကျိုးပြုကားတော့ကျနာ်မရိုက်ဘူး။ ဒရာမာလည်း မရိုက်ဘူးလို့ ကျနော် စဉ်းစားထားတယ်။ ဖျော်ဖြေမှု ရသမြောက်တဲ့ကားမျိုးပဲ ရိုက်မှာပါ။ ကျောင်းသား ကားမျိုးပဲပေါ့။ လူငယ်ဆန်ဆန်နဲ့ ကျနော်ရိုက်နေကျ မဟုတ်တဲ့ ကားမျိုးဖြစ်မယ်။ Facebook မှာ ဟာသလေးတွေ ရေးတင်နေတဲ့ ဇေယျာဆိုတဲ့သူနဲ့ ပေါင်းလုပ်မယ့် ဇာတ်လေးပါ”လို့ လွှမ်းပိုင်က ဆိုပါတယ်။

အဆိုတော် လွှမ်းပိုင်က၂၀၁၉ မှာ တကိုယ်တော်ဖျော်ဖြေပွဲ လုပ်နိုင်ဖို့ ကြိုးစားမယ်လို့လည်း ဆိုပါတယ်။ ။

The post “မင်းတို့ ယိုးဒယားကို ကော်ပီထားတာလားလို့ ထင်ကြတာပေါ့” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ