Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Aquaman” ရုပ်ရှင်ကို စိတ်ဝင်စားလို့ ပါဝင်ဖြစ်ခဲ့တာလို့ Nicole Kidman ပြော

$
0
0

မကြာခင် မြန်မာနိုင်ငံမှာ ရုံတင်တော့မယ့် “Aquaman” ရုပ်ရှင်မှာ အတ္တလန်တာ ဘုရင်မကြီးအဖြစ် မင်းသမီး Nicole Kidman ပါဝင် သရုပ်ဆောင်ထားပါတယ်။

အသက် ၅၁ နှစ်အရွယ် သြစတြေးလျမင်းသမီး Nicole ဟာ မင်းသား Jason Momoa ရဲ့ဇာတ်ကောင် Arthur Curry ရဲ့ မိခင်အဖြစ် ပါဝင်ထားတာဖြစ်ပြီး သူနဲ့ အချိန်တော်တော်ကြာ သူငယ်ချင်းဖြစ်ခဲ့တဲ့ ဒါရိုက်တာ ဖန်တီးမယ့် ဇာတ်ကောင်ကို စိတ်ဝင်စားလို့ ပါဝင်ဖြစ်တာလို့ ဆိုပါတယ်။

သူ့ရဲ့ အနုပညာသက်တမ်းတလျှောက်လုံးမှာ အချိန်နှောင်းပိုင်းမှ စူပါဟီးရိုးရုပ်ရှင်တခုမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ မင်းသမီးက “ဒါရိုက်တာ James Wan က စိတ်ဝင်စားဖို့ ကောင်းတာ၊ တကယ်ပျော်ဖို့ ကောင်းတာ တခုခုလုပ်တော့မယ်လို့ ကျမ သိခဲ့ပါတယ်။ သူဟာ ကုန်ကျစရိတ်နည်းပါးတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကို စရိုက်ခဲ့ချိန်ကတည်းက ကျမသူနဲ့ အလုပ်လုပ်ချင်ခဲ့တာပါ။ သူရဲ့ လမ်းကြောင်းကို ကျမလိုက်ကြည့်နေခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ရိုက်ကူးနေစဉ်မှာလည်း ဒါရိုက်တာ James က သူလုပ်ဆောင်နေတဲ့ ဖန်တီးမှုတချို့ကို ပြသခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒါရိုက်တာကိုယ်တိုင်က သူရိုက်မယ့်ရုပ်ရှင်မှာ မင်းသမီး Nicole ကို ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း၊ သူနဲ့ စိတ်ချင်းတူလို့ အခုလိုမျိုးဆွဲခေါ်ခဲ့တာလို့ ပြောတဲ့အကြောင်း မင်းသမီးက ပြန်ပြောပြခဲ့ပါတယ်။

ရုပ်ရှင်အသစ်ရိုက်ကူးနေစဉ်အတွင်းမှာ မင်းသမီးရဲ့ စိတ်ဓာတ်ကိုလည်း သဘောကျခဲ့တယ်လို့ ဒါရိုက်တာ Wan က ပြောဆိုထားပါတယ်။

မင်းသမီး Nicole ကတော့ သူတို့ရဲ့ ကုန်ကျစရိတ်နည်းပါးတဲ့ ထုတ်လုပ်ရေးတွေကို ထောက်ခံအားပေးကြဖို့ ရုပ်ရှင်ချစ်ပရိသတ်တွေကို မကြသေးခင်တုန်းက တိုက်တွန်းထားပါတယ်။

အကယ်ဒမီဆုရ မင်းသမီးက ရုပ်ရှင်လုပ်ငန်းဟာ ရုပ်သံလုပ်ငန်းနဲ့ ယှဉ်ပြိုင်မှုတွေ မြင့်တက်နေပြီး နာမည်ကျော် ရုပ်ရှင်တွေရဲ့ အလွန် ကာလတခုရဲ့ မျှော်ကြည့်ရတဲ့ အရေးကြီးမှုကို အလေးပေးပြောကြားခဲ့ပါတယ်။

Ref:contactmusic

The post “Aquaman” ရုပ်ရှင်ကို စိတ်ဝင်စားလို့ ပါဝင်ဖြစ်ခဲ့တာလို့ Nicole Kidman ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)