Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြန်မာ့ ရုပ်ရှင်သမိုင်းကို ပြောပြနိုင်သည့် တခုတည်းသော ရုပ်ရှင်ရုံ

$
0
0
ရုပ်ရှင်ရုံ, သမိုင်း, စစ်အုပ်ချုပ်ရေး,

ဝဇီရာ ရုပ်ရှင်ရုံစက်ခန်းအတွင်း မြင်ကွင်းတခု (ဓာတ်ပုံ- Stephen Kelly)

စတီဖင်ကယ်လီ (Stephen Kelly) သည် စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို မှတ်တမ်းတင်ရန် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ရောက်ရှိလာခဲ့ပါသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်တွင် စက်ဘီးနှင့် မကြာခဏ ဖြတ်သွားလေ့ရှိသော Stephen Kelly သည် ဝဇီရာ ရုပ်ရှင်ရုံရှေ့ကို ရောက်တိုင်း ခဏရပ်ပြီး ကြည့်မိသည်။ ဝဇီရာရုံ အကြောင်း ပိုမိုပြီးသိလာရသည့် အချိန်တွင် မြန်မာ ရုပ်ရှင် လုပ်ငန်း ကဏ္ဍ၏ အပြောင်း အလဲများသည် တိုင်းပြည်၏ အပြောင်းအလဲများကို ရောင်ပြန်ဟပ်ပြနေခြင်း ဖြစ်ကြောင်း သူ သိခဲ့ရသည်။

ဝဇီရာ ရုပ်ရှင်ရုံသည် တချိန်က ရုပ်ရှင်ရုံတန်း ဟု လူသိများခဲ့သည့် သမိုင်းတန်ဖိုးကြီးမားသည့် နေရာတွင် တခုတည်းသာ ကျန်နေရစ်ခဲ့သည့် ရုပ်ရှင်ရုံ ဖြစ်ပါသည်။ ခေတ်မီ တိုးတက်မှုကို ရှာဖွေလာကြသည့် အချိန်တွင် တခါက ဗိုလ်ချုပ် အောင်ဆန်း လမ်းတလျှောက် သူနှင့် တတန်းတည်း

ရှိနေခဲ့သည့် တခြားသော ဒုတိယကမ္ဘာစစ် မတိုင်မီလက်ရာ ရုပ်ရှင်ရုံ ၅ ရုံမှာ အထပ်မြင့် အဆောက်အဦများ၊ ဈေးဝယ်စင်တာများ၊ ကွန်ဒိုများနှင့် ဟိုတယ်များတို့ဖြင့် အစားထိုးခြင်း ခံခဲ့ရပြီ ဖြစ်သည်။

၂၀ ရာစု၏ ပထမ ရာစုဝက် အတွင်းတွင် မြန်မာနိုင်ငံ၏ ရုပ်ရှင်လုပ်ငန်း ကဏ္ဍသည် ဒေသအတွင်းတွင် အအောင်မြင်ဆုံး တခု ဖြစ်ခဲ့ပြီး ပြည်တွင်း မြန်မာ ဇာတ်ကားများကို ပြသနေသည့် ရုပ်ရှင်ရုံပေါင်း ၃၀၀ ကျော်ရှိခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အစိုးရက ရုပ်ရှင်လုပ်ငန်းကို ဝင်ရောက် ထိန်းချုပ်လိုက်ပြီး နောက်ပိုင်း၌ ရုပ်ရှင်ရုံ အရေအတွက် သိသိသာသာ ကျဆင်း သွားခဲ့ကာ ရုပ်ရှင် ဇာတ်ကားများ၏ အရည်အသွေးလည်း ကျဆင်းခဲ့ရသည်။

“ဒီလုပ်ငန်းကို ကျနော် ဘာကြောင့် စိတ်ဝင်စားရသလဲ ဆိုတော့ ဒီလုပ်ငန်းမှာ ရှည်လျားပြီး စုံလင်တဲ့ အပြောင်းအလဲ များတဲ့ သမိုင်းကြောင်းရှိတယ်။ ဒုက္ခတွေ ရင်ဆိုင်ရတဲ့ သမိုင်းတွေလည်း ရှိနေပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ ကမောက်ကမ အဖြစ်တွေလည်း ရောယှက်ပါဝင်နေတယ်။ ဒီနေ့ခေတ် ပြည်သူ အများစုက သိပ်ပြီး သတိ မထားမိတဲ့ ရုပ်ရှင် လုပ်ငန်းတခုရဲ့ သမိုင်းပါ။ ဒါကို ကျနော် လေ့လာဖို့ စပြီး လုပ်လိုက်တာနဲ့ ချက်ချင်းဆိုသလို ကျနော့်ကို ဆွဲဆောင်သွား နိုင်ခဲ့ပါတယ်။ ဒီသမိုင်း အမွေအနှစ်ရဲ့ အပိုင်းအစတခုကို မှတ်တမ်းတင်ပေးခြင်း အားဖြင့် တချိန်က ကြီးကျယ် အားကောင်း ခဲ့တဲ့ ကမ္ဘာတခုကို မြင်နိုင်ဖို့ တံခါးလေး တချပ် ဖွင့်ပေးနိုင်လိမ့်မယ် လို့လည်း ကျနော် ခံစားရပါတယ်” ဟု Stephen Kelly က ဆိုသည်။

မှတ်တမ်း တင်နိုင်ရန် အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ ဝဇီရာရုံသို့ Stephen Kelly နေ့တိုင်းနီးပါး သွားရောက်ခဲ့သည်။ တခါတရံ ၁ နာရီ သို့ မဟုတ် ၂ နာရီခန့် နေပြီး တခါတရံ တနေ့လုံး နေခဲ့သည်။ ဝဇီရာရုံ၌ တနေ့လျှင် ၄ ပွဲ ပြသပေးနေပြီး သဲထိတ်ရင်ဖို၊ ဒရာမာ နှင့် ဟာသရုပ်ရှင်များ အများဆုံး ပြသပေးနေသည်။ လူ ကြည့် အများဆုံး အချိန်မှာ အစောပိုင်း ၂ ချိန်ဖြစ်သည်။ များသောအားဖြင့် ရုပ်ရှင်ရုံသည် တိတ်ဆိတ်နေတတ်ပြီး ဓာတ်ပုံ တပုံရဖို့ အတွက် Stephen Kelly အနေဖြင့် နာရီနှင့် ချီကာ စောင့်ဆိုင်းခဲ့ရသည်။ သူ၏ အချိန် အများစုကို ပူလောင်ပြီး ဖုန်ထူသော ရုပ်ရှင်ပြစက်ခန်းအတွင်းတွင် စက်အဖွဲ့သားများနှင့် အတူ ကော်ဖီသောက်ရင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရင်း ကုန်ဆုံးခဲ့၏။

ယခုနှစ် အတွင်းတွင် အဆောက်အဦ ငှားရမ်းခွင့် လိုင်စင် သက်တမ်းပြည့် သွားသည့် အတွက် ဝဇီရာ ရုပ်ရှင်ရုံ ခေတ္တပိတ် ထားခဲ့ရသည်။ သို့သော်လည်း ယခုအခါ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) တို့ ပူးပေါင်း၍ ဝဇီရာရုံကို ခေတ်မီရုပ်ရှင်ရုံ တရုံအဖြစ်နှင့် အနုပညာ တင်ဆက်မှု များလည်း ပြုလုပ်နိုင်သည့် နေရာတခု အဖြစ် ပြောင်းလဲနိုင်ရန် လုပ်ဆောင် နေကြသည်။ မြန်မာနိုင်ငံက အတိတ် အာဏာရှင်ခေတ်နှင့် ဝေးရာသို့ ဦးတည်နေသည့် အချိန်တွင် ရုပ်ရှင်လုပ်ငန်း ပြန်လည် ရှင်သန်လာပြီး ဝဇီရာ ရုပ်ရှင်ရုံ သည်လည်း ပြန်လည် စည်ကားသိုက်မြိုက်လာလိမ့်မည်ဟု Stephen Kelly က ယူဆထားသည်။

“ဆင်ဆာ စနစ်ကို ပယ်ဖျက်လိုက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကလည်း အတိုင်းအတာ တခုအထိ ပြန်လည်ရရှိလာတဲ့ အချိန်မှာ အနာဂတ်အတွက် မျှော်လင့်ချက်ရှိလာမယ့် အသွင်ရှိပါတယ်။ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံ ထားရတယ် ဆိုတဲ့ ခံစားမှု ပျောက်ကွယ်သွား ပါပြီ။ အင်တာနက် သုံးစွဲခွင့် ရလာတာကလည်း မြန်မာနိုင်ငံက အနာဂတ် မျိုးဆက်သစ် ရုပ်ရှင်သမားတွေ အပေါ် အရေးပါတဲ့ လွှမ်းမိုးမှု၊ လှုံ့ဆော်မှုတွေ ဖြစ်စေတယ်ဆိုတာ တွေ့နေရပါတယ်” ဟု သူက ဆိုသည်။
(www.slate.com/blogs/behold တွင် ဖော်ပြထားသော A Look Inside the Only Remaining Theater on Yangon’s Cinema Row ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။)

Related Images:

[See image gallery at burma.irrawaddy.org]

The post မြန်မာ့ ရုပ်ရှင်သမိုင်းကို ပြောပြနိုင်သည့် တခုတည်းသော ရုပ်ရှင်ရုံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)