Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင်အပြင် ဂီတပါ လုပ်ကိုင်တော့မယ့် ငွေမှုံရတီ

$
0
0

သရုပ်ဆောင် ငွေမှုံရတီက သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေလည်း လာမယ့်နှစ်မှာ ရုံတင်ဖို့ရှိပြီး လက်ရှိမှာတော့ အဆိုပိုင်းကို သင်ယူနေပြီး အစ်မဖြစ်သူ ရွှေမှုံရတီကိုလည်း မိသားစုဘဝ တည်ထောင်လိုက်ပြီဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို ဆက်ထိန်းထား စေချင်တယ်လို့ ဆိုပါတယ်။

“ညီမ လောလောဆယ်တော့ အနုပညာလှုပ်ရှားမှု ဘာမှ မရှိဘူး။ ဓာတ်ပုံရိုက်နဲ့ ပွဲတွေတက်ပေါ့။ ၂၀၁၉ ထဲမှာတော့ အနုပညာအလုပ်တွေ တောက်လျှောက် လုပ်တော့မှာပါ။ ကားတွေလည်း ရိုက်မယ်။ သီချင်းတွေလည်း ဆိုဖြစ်မှာပါ။ လောလောဆယ်တော့ ရိုက်ဖို့ မရှိဘူး။ ရုံတင်ဖို့တော့ ရှိတယ်။ အဆိုပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ဖို့ ရှိတယ်။ ထွေထွေထူးထူးတော့ လေ့လာနေတာ သိပ်မရှိဘူး။ ဆရာတွေနဲ့ စီနီယာတွေနဲ့ သင်ဖို့လည်း ရှိပါတယ်”လို့ ငွေမှုံရတီက ပြောပါတယ်။

ဆက်လက်ပြီး ငွေမှုံရတီက အစ်မဖြစ်သူ ရွှေမှုံရတီ သီဆိုထားတဲ့ “အမှား” ဆိုတဲ့သီချင်း အွန်လိုင်းမှာ ပရိသတ်တွေ ကြိုက်ကြတော့ အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“ရွှေမှုံ့ အသံက အဲ့မှာ အရမ်းကောင်းတယ်။ သူ့အသံလုံးက နည်းနည်း ကြီးတယ်။ သူ့ကို သီချင်းတွေ ထပ်ထုတ်စေချင်တာပေါ့။ အသံလည်း ကောင်းတယ်။ သူ့ကို သီချင်းတွေ လုပ်စေ ချင်တယ်။ သူက မိသားစုဘဝလေးကို တည်ထောင်လိုက်ပြီဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကိုလည်း ဆက်ထိန်းထားစေချင်တယ်။ အနုပညာအလုပ်တွေကို အောင်မြင်မြင်လေး ဆက်လုပ်စေချင်တယ်”လို့ ငွေမှုံရတီက ပြောပါတယ်။

“၂၀၁၈ မှာ ပျော်စရာတွေလည်း ရှိခဲ့သလို စိတ်ညစ်စရာတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်ရောက်သွားရင် စိတ်သစ် လူသစ်နဲ့ ပျော်ရွှင်ရတာပါပဲ။ အဲ့တော့ နှစ်ဟောင်းကဟာတွေ မေ့ပြီး နှစ်သစ်မှာ ကိုယ်ဘယ်လိုတွေ Plan တွေချမယ် ဆိုတာကို စဉ်းစားပြီးလုပ်ပါမယ်”လို့လည်း ငွေမှုံရတီက သူမရဲ့ နှစ်သစ် အစီအစဉ်တွေအကြောင်း ပြောပါတယ်။

ရွှေမှုံရတီရဲ့ ညီမဖြစ်သူ ငွေမှုံရတီဟာ ဗီဒီယို ဇာတ်ကားတော်တော်များများ လက်ခံရိုက်ကူးနေပြီး အစ်မဖြစ်သူ ရွှေမှုံရတီ အောင်မြင်သလို ငွေမှုံရတီကလည်း အောင်မြင်အောင် ကြိုးစားနေတဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။

The post သရုပ်ဆောင်အပြင် ဂီတပါ လုပ်ကိုင်တော့မယ့် ငွေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ