Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အစားအသောက်ကြိုက်လို့ ဖွင့်လှစ်ထားတဲ့ အဆိုတော် မိစန္ဒီရဲ့ “THEATRE 2”

$
0
0

မိန်းကလေး Hip Hop အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် မိစန္ဒီက “THEATRE 2” ဆိုတဲ့ စားသောက်ဆိုင်လေးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

“စီးပွားရေးက အရင်ကတည်းက အရမ်းလုပ်ချင်တာ။ အသက်ကလည်းကြီးလာပြီ ဆိုတော့လေ။ မိစန္ဒီက စီးပွားရေးကျောင်းဆင်းဆိုတော့ ငယ်ငယ်ကတည်းက စီးပွားရေးဝါသနာပါပြီး အရမ်းလုပ်ချင်တာ။ ကိုယ့်သူငယ်ချင်းတွေကလည်း Restaurant တွေ၊ Barတွေ၊ ပြီးတော့ Full moon Party တွေလည်း သူတို့ပဲလုပ်ခဲ့တာ။ Event လုပ်တဲ့ အတွေ့အကြုံတွေ ရှိနေတာဆိုတော့လေ၊ လုပ်မယ်ဆိုပြီး ဖြစ်သွားတာ။ သူတို့ကလည်း ပါဟာဆိုတာနဲ့ ပါဖြစ်သွားတာ”လို့ မိစန္ဒီက ဧရာဝတီကို ပြောပါတယ်။

ဆိုင်နာမည်ပေးဖြစ်ပုံအကြောင်းနဲ့ ပတ်သက်လို့လည်း မိစန္ဒီက အခုလိုပဲ ပြောပါတယ်။ “သူငယ်ချင်းက The Bar Dubai ဖွင့်ထားတာလေ။ သူနဲ့ ပေါင်းပြီး မိစန္ဒီက နောက်တဆိုင် ထပ်ဖွင့်တာ။ ပထမတော့ The Bar Dubai 2 ဆိုပြီး ဖွင့်မလို့။ ဒါပေမယ့် THEATRE 2 လို့ ပြောင်းလိုက်တာ”လို့ မိစန္ဒီက ဆိုပါတယ်။

“မိစန္ဒီက အစားအသောက် အရမ်းဝါသနာပါတယ်လေ။ အရမ်းစိတ်ဝင်စားတယ်။ ဒါကြောင့် လုပ်ဖြစ်တာ။ ပြီးတော့ The Bar Dubai ကလည်း ထိုင်းအစားအစာနဲ့ နာမည်ကြီးတာ။ ဒီဆိုင်မှာကျတော့ ဘာတွေထပ်ဖြည့်ထားလဲဆိုတော့ European Food တွေ ထပ်ဖြည့်ထားတယ်”

“ပြီးတော့ ကောင်မလေးတွေက ညနေပိုင်းဆို သိပ်မစားချင်တော့ဘူး။ သူတို့အတွက်ကို Diet Food တွေ၊အရွက်တွေ ထပ်ထည့်ထားတယ်။ မိစန္ဒီ menu ဆိုရင်တော့ ဆိတ်သားထောင်းတို့၊ ဆိတ်သားမွကြော်သုပ်တို့၊ ကန်ဇွန်းရွက်ကြော်တို့ မိစန္ဒီကြိုက်တာ ဒါပဲလေ။ ဒါပဲစားတယ်။ ကျန်တာတွေကတော့ အများကြီးပဲရတယ်။ စားဖိုမှုးဆိုလည်း ဖူးခက်မှာ အကြာကြီးလုပ်လာတဲ့သူကို ခေါ်ထားတာ။ မြန်မာပဲ။ အရမ်းတော်တယ်”လို့ မိစန္ဒီက ပြောပါတယ်။

မိစန္ဒီရဲ့ “THEATRE 2” စားသောက်ဆိုင်ကို ၃ ထပ် ခွဲထားပြီး အပေါ်ဆုံးထပ်က Outdoor ထိုင်ချင်သူတွေအတွက်၊ အလယ်ထပ်က အကြာကြီးထိုင်ချင်တဲ့သူတွေအတွက်နဲ့ အောက်ဆုံးထပ်က တကယ်စ ားသုံးတဲ့သူတွေအတွက်ဆိုပြီး ပြင်ဆင်ထားပါတယ်။

နေ့လည် ၁၂ နာရီကနေ ည ၁၂ နာရီအထိ ဖွင့်လှစ်ထားပြီး ဂီတသမားတယောက်ရဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ထည့်သွင်းထားတဲ့ ဂီတအစီအစဉ်တွေကိုလည်း မိစန္ဒီက အခုလို ပြောပြပါတယ်။

“Unplugged က တပတ်ကို ၃ ရက် ရှိမယ်။ Sound System က Speaker အကောင်းစားတွေ တပ်ထားတယ်။ ဝူဖာတွေလည်း ထပ်တပ်ဦးမှာ၊ ပိုက်ဆံတွေလည်း အဲဒါကြောင့်ပဲကုန်နေပြီ။ သူငယ်ချင်းဆို ညည်းနေပြီ။ နင်တို့ဟာကလည်း အသံတွေ အဲဒီလောက်ကြီးလိုက်လုပ်ရအောင် Club လည်းမဟုတ်ဘူးပေါ့။ အဲဒါကိုတော့သေချာလုပ်ထားတယ်”

“ပြီးတော့မွေးနေ့ပွဲတွေ၊ Event တွေလည်း လက်ခံ စီစဉ်ပေးပါတယ်။ လျှော့ဈေးတွေနဲ့ သေချာလုပ်ပေးဖို့ ရှိပါတယ်။ အပ်တဲ့သူ စိတ်ကြိုက် အခမ်းအနားရော၊ Music တွေရော စီစဉ်ပေးပါတယ်။ ကိုယ်ဝါသနာပါလို့ လုပ်ရတဲ့အလုပ်ဆိုတော့လည်း ပျော်နေပါတယ်”လို့ မိစန္ဒီက ဆိုပါတယ်။

အဆိုတော် မိစန္ဒီက စီးပွားရေးလုပ်ငန်းများ တို့ချဲ့လုပ်ကိုင်နေသလို စတုတ္ထမြောက် တကိုယ်တော်တေးစီးရီးကိုလည်း နောက်နှစ်၊ မတ်လထဲမှာ ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

The post အစားအသောက်ကြိုက်လို့ ဖွင့်လှစ်ထားတဲ့ အဆိုတော် မိစန္ဒီရဲ့ “THEATRE 2” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ