Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူကို အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်စေချင်တဲ့ Bobby Soxer

$
0
0

မိန်းကလေး Hip Hop အဆိုတော်တဦး ဖြစ်တဲ့ Bobby Soxer (ထက်ထက်)က သရုပ်ဆောင်လုပ်နေတဲ့ သူမရဲ့ ချစ်သူ လွှမ်းပိုင်နဲ့ ပတ်သက်ပြီး အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်စေချင်တယ်လို့ ဆိုပါတယ်။

“ကိုလွှမ်းပိုင်ကတော့ ဂီတဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ညီမထက် တော်တယ်။ မိန်းကလေး ပရိသတ်များတာကတော့ အရင်ကတည်းကပါ။ ကိုလွှမ်းပိုင်ကို သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းမှာရော အောင်မြင်စေချင်ပါတယ်။ ကိုလွှမ်းပိုင်ရဲ့ ကားတွေကို ကြည့်ပြီးအားမကျဘူးလား ဆိုတော့ အရည်အချင်းရှိမှ အားကျလို့ရမှာ။ ထက်က သရုပ်ဆောင်ပိုင်းမှာ မတော်ဘူးပေါ့။ သရုပ်ဆောင်ဖို့ကို ယုံကြည်မှု မရှိဘူး”လို့ Bobby Soxer က ပြောပါတယ်။

”ကိုလွှမ်းပိုင်က ဒီအတိုင်းပါပဲ။ မင်းသားဆိုတဲ့ ဂိုက်မျိုး မရှိပါဘူး၊ အပြင်မှာလည်း မရှိပါဘူး။ ဒီအတိုင်းပဲ။ အထဲက ဇာတ်ရုပ်ပုံစံနဲ့ အပြင်က ပုံစံနဲ့ တော်တော် ကွာပါတယ်။ အပြင်က ပုံစံလည်း ပျောက်တယ်လို့ ထက်ထင်တယ်။ “ငါ့ကို နမ်းတဲ့ မုန်တိုင်း” မှာရော၊ “ကြွေ”မှာရောပေါ့။ အပြင်မှာ သူက အဲ့ဒီလို မဟုတ်ဘူး”လို့ ထက်ထက်က ပြောပါတယ်။

Bobby Soxer က ဒုတိယခွေ ထွက်ဖို့ ပြင်ဆင်နေပြီး အခွေထဲမှာ အကြောင်းအရာ အစုံပါအောင် ထည့်ထားတယ်လို့ ဆိုပါတယ်။

“ထက်ခုလုပ်နေတဲ့ အခွေထဲမှာ ကိုယ့်စိတ်ထဲက Feel လာတဲ့ ပုံစံမျိုးတွေ လုပ်ထားပါတယ်။ သီချင်းက ၁၀ ပုဒ်လောက်ပါပဲ။ Melody ကတော့ နည်းတယ်။ အခွေထဲမှာတော့ အကြောင်းအရာ အစုံပါမှာပါ။ သီချင်းကို အခုချိန်မှာ ခေတ်စားနေတာထက် ထက်စိတ်ထဲမှာ လုပ်ချင်တာတွေ ရေးချင်တာတွေကို သေချာ သီချင်းရေးဖြစ်ပါတယ်”

“ထက်သီချင်းကို Solo ဖြန့်ဖို့တော့ မရှိသေးပါဘူး။ ၁၀ ပုဒ်ထဲမှာ အရမ်းကြိုက်တဲ့ တပုဒ်ကိုပဲ Music Video ရိုက်ပြီး အခွေမထွက်ခင် တပတ်(သို့မဟုတ်) တလလောက် အလိုမှာ ဖြန့်ရင်ဖြန့်မှာပါ။ ထက်မှန်းတာတော့ ဇွန်လလောက် မှန်းထားပါတယ်။ အဲဒီထက်တော့ နောက်မကျပါဘူး။ သီချင်း Title လည်း စဉ်းစားထားတာ မရှိပါဘူး”လို့ Bobby Soxer က ပြောပါတယ်။

အောင်မြင်လျှက်ရှိတဲ့ Rap အဆိုတော် စုံတွဲတတွဲဖြစ်တဲ့ လွှမ်းပိုင် နဲ့ Bobby Soxer တို့ အတွဲဟာ အခုချိန်မှာ ဂီတအလုပ်တွေလည်း လုပ်နေသလို နှစ်ယောက်သား စီးပွားရေးလည်း လုပ်နေတယ်လို့ သိရပါတယ်။ ဒါကတော့ “High Skool Fashion Shop” လို့ အမည်ပေးထားတဲ့ ဖက်ရှင်ဆိုင်ပါ။

High Skool Fashion ဆိုင်ကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လွှမ်းပိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ “ကိုယ်စာင့်နတ်” ဇာတ်ကားကို မကြာခင် ရုံတင်တော့မှာ ဖြစ်ပါတယ်။

The post ချစ်သူကို အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်စေချင်တဲ့ Bobby Soxer appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ