Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဇာတ်ကားရိုက်တုန်းက မင်းသား နိုင်းနိုင်းအနား မကပ်ရဲခဲ့တဲ့ သရုပ်ဆောင် ခါရာ

$
0
0

သရုပ်ဆောင်ခါရာ အတွက်တော့ မင်းသား နိုင်းနိုင်းက ငယ်ငယ်လေးကတည်းက အားပေးလာရတဲ့ မင်းသားတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ ” အဆိပ်ရှိလူရိုင်း” ရုပ်ရှင်ဇာတ်ကားထဲမှာ နိုင်းနိုင်းနဲ့ အတူ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ခါရာက အစပိုင်းမှာ နိုင်းနိုင်းကို ရှိန်ခဲ့တာရှိသလို နိုင်းနိုင်းက အရမ်းသဘောကောင်းတယ်လို့ မီဒီယာတွေကို ဆိုပါတယ်။

”ကိုနိုင်းရဲ့ ထူးခြားချက်က အက်ရှင်မှာ တော်တော်လေး မိုက်တယ်ဗျ။ သူ့ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကျရင် တွေ့ရမှာပါ။ တော်တော်လေး အထာကျတယ်။ ပြီးတော့ ဖိုက်တဲ့အချိန်မှာ ကိုယ်နေဟန်ထားတွေလည်း သဘောကျတယ်။ ကျနော်ကလည်း အရင်ကတည်းက ကိုနိုင်းနိုင်း နဲ့ အရမ်းရိုက်ချင်တာပါ”လို့ ခါရာက ဆိုပါတယ်။

“အခုလို တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုစတီးလ် ကားထဲမှာ အားကျရတဲ့ သရုပ်ဆောင်နဲ့ ဖိုက်တင်းဇာတ် ဝင်ခန်းတွေမှာ ချခဲ့ရတာဆိုတော့ အမှတ်တရလည်းဖြစ်တယ် အရမ်းလည်းကြိုက်တယ်။ ကိုနိုင်းနိုင်းက ကျနော်ငယ်ငယ်ကတည်းက ကြိုက်လာရတဲ့ မင်းသားတယောက်ဆိုတော့ သူနဲ့ရိုက်ရတာ ရှိန်တာပေါ့နော်။ စီနီယာလည်း ဖြစ်တယ်”လို့ ခါရာက ပြောပါတယ်။

“ကိုယ်အရမ်းကြိုက်တဲ့ မင်းသားဆိုတော့ အပြင်မှာတွေ့ရင် အရမ်းရှိန်တယ်လေ။ ကပ်တောင် မကပ်ရဲဘူး။ နောက်ပိုင်းကျတော့ ရိုက်ရင်းနဲ့ ကိုနိုင်းနိုင်းက အရမ်းသဘောကောင်းတယ်။ အများကြီးလည်း သင်ပေးတယ်”လို့ ခါရာက ဆိုပါတယ်။

ခါရာက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာ ရှိသလို ရုပ်ရှင်ကားကြီးတွေကိုလည်း အားပေးဖို့အတွက် ပရိသတ်တွေကို ပြောပါတယ်။

“ကျနော်အနေနဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားပါတယ်။ ရုံတင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကားကြီးတွေရှိသလို ဆက်လက်ပြီး ရုပ်ရှင်ကားကောင်းတွေ ရိုက်ကူးနေပါတယ်။ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများအတွက် မတူညီတဲ့ ရသတွေ ဖန်းတီးမှုတွေကို အကောင်းဆုံး တင်ဆက်ချပြသွားပါ့မယ်လို့ ပြောရင်းနဲ့ ခဏတာ နှုတ်ဆက်ပါရစေ။ ရုပ်ရှင်ကားကြီးတွေရုံတင်ရင် အခုလိုပဲ အားရပါးရ အားပေးမယ်လို့ မျှော်လင့်ပါတယ်နော်”လို့ ပရိသတ်တွေကို ပြောထားပါတယ်။

”အဆိပ်ရှိ လူရိုင်း” ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၃၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသ သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ နိုင်းနိုင်း၊ ခါရာ၊ ထွန်းကိုကို၊ ရွှေသမီး၊ အိစိကွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ခါရာက မကြာခင်မှာလည်း မန္တလေးမြို့မှာ ပြုလုပ်မယ့် “လင်္ကာဒီပချစ်သူ” ပြဇာတ်မှာလည်း ရာမ နေရာကနေ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

The post ဇာတ်ကားရိုက်တုန်းက မင်းသား နိုင်းနိုင်းအနား မကပ်ရဲခဲ့တဲ့ သရုပ်ဆောင် ခါရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles