ကမ္ဘာကျော် တရုတ်မင်းသား ဂျက်ကီချန်းနဲ့ ခပ်တန်းတန်းသာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် သမီး Etta Ng ဟာ လိင်တူချစ်သူ မိန်းကလေးတဦးနဲ့ လက်ထပ်သွားပြီလို့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်မှ ာတင်ခဲ့တဲ့ Instagram ပို့စ်တခုမှာ တွေ့ရပါတယ်။ Etta ဟာ အသက် ၆၄ နှစ်အရွယ်ဟောင်ကောင်အက်ရှင် မင်းသားကြီးနဲ့ အလှမယ်ဟောင်း Elaine Ng တို့ရဲ့သမီးလည်း ဖြစ်ပါတယ်။
လူမှုကွန်ရက် မီဒီယာတခုမှာ တင်ထားတဲ့ ဓာတ်ပုံ တပုံမှာ သူတို့ စုံတွဲနှစ်ဦးဟာ လက်ထပ်မှတ်ပုံတင်လို့ ယူဆရတဲ့ စာရွက်တခုကို ကိုင်ထားပြီး အနမ်းဖလှယ်နေကြပုံကို တင်ထားခဲ့ပါတယ်။ မီဒီယာတွေရဲ့အဆိုအရ သူတို့နှစ်ဦးဟာ ကနေဒါနိုင်ငံမှာ လက်ထပ်ဖို့ မှတ်ပုံတင်ထားခဲ့တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးက “အချစ်နဲ့ ဥပဒေတို့ကြောင့် ပေါင်းစည်းခဲ့ပါပြီ။ ကျမတို့ရဲ့ လက်ထပ်ပွဲလေး” လို့ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ ဘယ်တော့မှ အချစ်ဆိုတာကို မခံစားတတ်တဲ့ ကလေးတွေ အနေနဲ့ နှိပ်စက်ခံခဲ့ရတဲ့အကြောင်း ပြောဆိုထားပါတယ်။
ကြောက်ရွံ့မှုတွေကိုအောင်နိုင်ခဲ့ပြီး ချို့ယွင်းချက်တွေကို လက်ခံကာ သူတို့ကို နာကျင်အောင်လုပ်ခဲ့သူတွေဟာ လက်ရှိမှာ သူတို့တွေ နာကျင်နေရဆဲဖြစ်တယ်ဆိုတာကို နားလည်တဲ့အကြောင်း ဖော်ပြရေးသားထားပါတယ်။
Etta ကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ Instagram အကောင့်မှာ “မင်းရွေးချယ်လိုက်တဲ့၊ မင်းကိုအထီးမကျန်စေတဲ့ မိသားစုနဲ့အတူ ရှိတာဟာ အိမ်တခုပါပဲ။ အချစ်ဆိုတာ သွေးထက် ပျစ်ပါတယ်” လို့ ရေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ Etta ဟာ လိင်တူချစ်သူမိန်းကလေးတဦးအနေနဲ့ အွန်လိုင်းပေါ်မှာ ကြေညာခဲ့ပြီး သူ့ထက် ၁၂ နှစ်ကြီးတဲ့ စီနီယာ Andi Autumn ဆိုတဲ့ မိန်းကလေးတဦးနဲ့ သူနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် Autumn ဟာ ကနေဒါ လူမှုကွန်ရက် မီဒီယာပေါ်က နာမည်ကျော်တဦးဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာပဲ နေထိုင်နေတဲ့ သူတို့နှစ်ဦးလုံးဟာ ပြီးခဲ့တဲ့ မေလက အဓိပ္ပာယ် ပြည့်ဝတဲ့ မီဒီယာပရောဂျက်တွေ ထုတ်လုပ်နိုင်ဖို့ အဓိကထားမယ့် မာလ်တီမီဒီယာ ကုမ္ပဏီတခုကို ထူထောင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ သူတို့စုံတွဲနှစ်ဦးကို ပြီးခဲ့တဲ့ ဧပြီလမှာ Youtube ဗီဒီယိုတခုမှာ မြင်တွေ့ခဲ့ကြရပြီး လိင်တူ ချစ်ခင်နှစ်သက်မှုကို ဆန့်ကျင်တဲ့ မိဘတွေကြောင့် ၁ လလောက် အိမ်ခြေမဲ့ ဖြစ်ခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။
Ref: asiaone
The post လိင်တူချစ်သူ မိန်းကလေးနဲ့ လက်ထပ်လိုက်ကြောင်း ကြေညာလိုက်တဲ့ ဂျက်ကီချန်းရဲ့ သမီး appeared first on ဧရာဝတီ.