Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အလှမယ် ထားထက်ထက် ကိုယ်တိုင် သင်ကြားပေးမယ့် Triple H Sports Club

$
0
0

အလှမယ်၊ သရုပ်ဆောင် ထားထက်ထက် ဦးစီးသင်ကြားမယ့် Triple H sports club သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့က သိမ်ဖြူလမ်းရှိ Myanmar Traditional Boxing Federation Stadium မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ထားထက်ထက် ကိုယ်တိုင်ဦးစီးပြီး သင်တန်းသားများက အက၊ အလှ၊ Performance များနဲ့ တင်ဆက် ပြသခဲ့ပါတယ်။ ကျွမ်းဘား၊ ယောဂ၊ Gymnastics, Zumba, Pound, Piloxing, Hitt (Lady only), Booty(Lady only), Trampoline Workout ကို ကျောင်းသား ဝန်ထမ်းများအားလုံး အဆင်ပြေစေရန် စနေ၊ တနင်္ဂနွေ အထူး class များ ဖွင့်လှစ်ထားပြီး ထားထက်ထက် ကိုယ်တိုင်နဲ့ နည်းပြဆရာများက သင်ကြားပို့ချပေးမယ်လို့ ထားထက်ထက်က ဆိုပါတယ်။

အလှမယ် ထားထက်ထက် (ဓာတ်ပုံ – ကိုညီ )

“ထားထက်က အနုပညာရော၊ အခု ဒီသင်တန်းရော၊ အခြား social activity တွေရော၊ ပရဟိတတွေရော လုပ်တာတွေက များတော့ ကိုယ့်ရဲ့ အချိန်ကို နည်းနည်းတော့ management သေချာလေးလုပ်ရတယ်။ အကုန်လုံးကို ထားထက်က အညီအမျှ သွားနေပါတယ်။ အားလုံးကို အဘက်ဘက်ကနေ အကောင်းဆုံးဖြစ်အောင်၊ အားကစားမှာဆိုလည်း စေတနာအပါဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကလေးတွေကို သင်ပေးပါတယ်”လို့ ထားထက်ထက်က ဧရာဝတီကို ပြောပါတယ်။

“အနုပညာအလုပ်မှာဆိုရင်လည်း ကိုယ်လုပ်ထားတာကို ချပြတဲ့အခါ သူအရမ်းကြိုးစားတယ်ဆိုတဲ့ဟာမျိုးပဲ ဖြစ်စေချင်တယ်။ အားလုံးကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတဲ့အတွက် ပရိသတ်ကြီး စိတ်မပျက်စေရပါဘူး”လို့လည်း ထားထက်ထက်က ဆိုပါတယ်။

အလှမယ် ထားထက်ထက်က Miss Gramd Myanmar 2013 ဆု ရရှိထားသူဖြစ်ပြီး မြန်မာနိုင်ငံ ကျွမ်းဘားအားကစား အဖွဲ့ချုပ်ရဲ့ လက်ရွေးစင်အနေနဲ့ အာဆီယံ အရှေ့တောင်အာရှ ဆီးဂိမ်း ၂၀၀၃ ဗီယက်နမ်နဲ့၊၂၀၀၅ ဖိလစ်ပိုင်ပြိုင်ပွဲတွေမှာ Top Ten စာရင်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

The post အလှမယ် ထားထက်ထက် ကိုယ်တိုင် သင်ကြားပေးမယ့် Triple H Sports Club appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles