Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“လူမှန်းသိတတ်စအရွယ်ကတည်းက ကိုယ့်ကိုယ်ကို မိန်းမလို့ ခံယူထားတယ်”

$
0
0

မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ နောက်ထပ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ထပ်ရိုက်ဖို့ ပြင်ဆင်နေ တယ်လို့ ဆိုပြီး နောက်ထပ် ထပ်ရိုက်မယ့် ဇာတ်ကောင်ဖြစ်တဲ့ “အမြ”ဆိုတဲ့ ဇာတ်ကောင်ကိုလည်း မလုပ်ဘူးသေးတဲ့ ကာရိုက်တာဖြစ်လို့ လုပ်ကြည့်ချင်တယ်လို့ဆိုပါတယ် ဧရာဝတီကိုပြောပါတယ်။

“မကြီးဇာတ်ကားတွေလည်း ရိုက်ဖို့ရှိတယ်။ happy trip ကိုလင်းလင်းတို့၊ သုသုတို့၊ မထက်တို့ မြင့်မြတ်တို့ ထွန်းထွန်းတို့နဲ့ ရိုက်ဖို့ မကြီးကိုပြောထားတယ်။ ဟာသကားလေးပေါ့။ ခင်စန်းဝင်းအပြင်မှာ ဘယ်လိုပုံရှိတယ်။ ပရိသတ်သိပြီးသားဆိုတော့ သိပ်စိုးရိမ်တာတော့ မရှိပါဘူး။ ဒါရိုက်တာနဲ့တော့ ညှိထားတယ်”

“ ဟာသတွေ မလုပ်ခိုင်းဖို့ပေါ့။ အပြင်မှာလည်း လျှပ်ပေါ်လော်လီအောင် သိပ်မနေတဲ့သူဆိုတော့ ဟာသတွေ လုပ်ခိုင်းမှာတော့ စိုးရိမ်တယ်။ အခက်အခဲကတော့ မကြီးက ဟာသမလုပ်တတ်ဘူး။ ဒါပေမယ့် မကြီးက အရမ်းအရယ်သန်တော့ ဇာတ်လမ်းမှာသူများအနှောင့်အယှက်ဖြစ်မှာတော့ စိုးရိမ်တယ်” လို့ ခင်စန်းဝင်းက ဆိုပါတယ်။

အခုထပ်မံရိုက်မယ့် ဇာတ်ကားအတွက် ဖက်ရှင်ပိုင်းကိုတော့ သီးသန့်ပြင်ဆင်မှာမဟုတ်ဘဲ ဝတ်နေကျပုံစံအတိုင်းပဲ ဝတ်ဖြစ်မယ်လို့ ဆိုပါတယ်။ မကြာခင်ရိုက်မယ့် အမြဆိုတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း ခင်စန်းဝင်းက အခုလိုဆိုပါတယ်။

“ဆရာဦးဝင်းငြိမ်းပြောတဲ့ “အမြ”ဆိုတဲ့ ဇာတ်ကို မကြီးအရမ်းရိုက်ချင်တယ်။ ဒီကားက လုပ်ကွက်လည်း ရမယ်။ ကိုယ့်အတွက် မှတ်တမ်းလည်း ကျန်မယ့် ကားလေးလို့ပြောလို့ရတယ်။ ဆရာကြီး လူထုဦးလှရဲ့ ဝတ္ထုပေါ့”

“ဈေးကွက်အခြေအနေအရ လက်ရှိဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းအရ ရုပ်ရှင်သမားတွေအနေနဲ့ ခက်ခဲတယ်လေ၊ ရောင်းဖို့၊ ဝယ်ဖို့၊ စီးပွားဖြစ်ဖို့ ခက်ခဲတဲ့ အခါကျတော့ ဇာတ်ကားအခြေအနေကိုကြည့်ပြီး ရိုက်ဖို့ စောင့်နေပါတယ်။ ဇာတ်ကားအခြေအနေကောင်းတယ်ဆိုရင်တော့ ရိုက်ဖြစ်မယ်လို့ထင်တယ်။ မလုပ်ဘူးသေးတဲ့ ကာရိုက်တာဆိုတော့ လုပ်ကြည့်ချင်တယ်”

မြန်မာဇာတ်ကားတွေမှာ မိတ်ကပ်ပညာရှင်တွေ သရုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများလည်း ရှိနေပေမယ့် ချစ်တဲ့ပရိသတ်တွေအတွက် ရိုက်ကူးဖြစ်တာလို့ ခင်စန်းဝင်းကဆိုပါတယ်။

“မကြီးတို့ အင်တာဗျူးတွေ အောက်မှာလာမန့်ထားတဲ့ သူတွေရှိတယ်။ မြန်မာရုပ်ရှင်မှာ ဂေးလွှမ်းမိုးနေပြီတို့ ပြောကြတယ်။ ဝေဖန်တိုက်ခိုက်ပြီး မကောင်းမြင်တဲ့ သူလည်းရှိရင်ရှိမှာပါ။ အဲ့ဒါက လူနည်းစုပါ။ အမှန်အတိုင်း ပြောရင်တော့ မမှားပါဘူး”

“ ဒါပေမယ့် ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေအတွက်လည်း မကြီးတို့လုပ်ပေးတာပေါ့။ မကြီးကတော့ လူမှန်းသိတတ်စ ကတည်းက ကိုယ့်ကိုယ်ကို မိန်းမတယောက်လို့ ခံယူထားတယ်။ မိန်းမလျာဆိုတာ မိန်းမစိတ်ပေါက်တဲ့သူကို မိန်းမလျာလို့ခေါ်တယ်။ တချို့ရိုင်းတဲ့ သူတွေက အခြောက်လို့ခေါ်ကြတယ်”

“ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ခံစားချက်အတိုင်းပဲပြောမယ်။ ဝေဖန်တာလည်း မဟုတ်ဘူး။ တိုက်ခိုက်တာလည်း မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် မိန်းမလို့ခံယူတယ်။ စိတ်နေစိတ်ထားကအစ မိန်းမတယောက်လို့ခံယူတယ်။ လက်ရှိမှာလည်း မိန်းမလိုပဲ ခံယူပြီးနေတဲ့အတွက် မိန်းမလျာလောကနဲ့ အရောတဝင်မနေဘူးပေါ့။ မနေဘူးဆိုတာက ခွဲခြားပြီး နေတာတော့မဟုတ်ဘူး။ မကြီးကမိန်းမလိုဖြစ်နေတော့ နည်းနည်းလေးငြိမ်လွန်းအားကြီးတော့ သူငယ်ချင်းတွေ ကိုအားနာတယ်”လို့ ပြောပါတယ်။

မိတ်ကပ်ခင်စန်းဝင်းဟာ မိတ်ကပ်လောကမှာရပ်တည်နေတာ ၂၅ နှစ်ရှိပြီဖြစ်ပြီး ပထမဆုံးအကြိမ်ရိုက်ကူးလိုက်တဲ့ ‘မကြီးစန်းနှင့် သူ၏ချစ်သူများ’ ဗီဒီယို ဇာတ်ကားကနေစပြီး ပရိသတ်အရှေ့ကို သရုပ်ဆောင်တယောက်အဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။

နောက်ထပ်လည်း ‘တနေ့ကျမှ မောင့်ကို ဒီအကြောင်းတွေပြောပြရဦးမယ်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကားကိုလည်း ထွက်ရှိခဲ့ပါတယ်။

The post “လူမှန်းသိတတ်စအရွယ်ကတည်းက ကိုယ့်ကိုယ်ကို မိန်းမလို့ ခံယူထားတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ