Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မျက်နှာမှာ အလံပုံစံငယ် ဆေးခြယ်အားပေးမှု ခေတ်စားလာ

$
0
0
 ဘောလုံး, မြန်မာ, အရှေ့တိမော, မျက်နှာဆေးခြယ်, နိုင်ငံတော်အလံ

မြန်မာဘောလုံးလက်ရွေးစဉ် အသင်းနှင့် အရှေ့တိမော ဘောလုံး အသင်းတို့ ကန်သည့် ဒီဇင်ဘာ ၉ ရက်နေ့က သုဝဏ္ဏ အားကစားကွင်း အနီးတွင် မျက်နှာပြည့် ဆေးခြယ်နေသူတဦးကို တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ ကျင်းပရာ ရန်ကုန် သုဝဏ္ဏအားကစားကွင်း အနီးမှာ မြန်မာနိုင်ငံတော် အလံနဲ့ အာဆီယံ နိုင်ငံတွေရဲ့ အလံပုံစံတွေကို မျက်နှာဆေးခြယ်ခြင်း (Face Painting) လုပ်ပေးနေသူ တချို့ကို တွေ့ရပါတယ်။

အရင်က မြန်မာ ဘောလုံးပရိသတ် အများစုဟာ ဘောလုံးကွင်းထဲကို နိုင်ငံတ်ာအလံ သယ်ဆောင်လာပြီး ကိုယ့်ကို ပေးလာမယ့် ဘောလုံးအသင်းရဲ့ အင်္ကျီတွေကို ဝတ်ဆင် အားပေးဖို့ လာလေ့ရှိခဲ့ကြ ပေမယ့်၊ အခု နောက်ပိုင်းမှာတော့ မျက်နှာ၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ နိုင်ငံတော် အလံပုံစံတူ ဆေးခြယ်တာ၊ နိုင်ငံတော် အလံပုံစံနဲ့ ဆီးဂိမ်း အမှတ်အသား တံဆိပ်ပါတဲ့ ဝတ်စုံတွေ ဝတ်တာ၊ “မြန်မာ” ဆိုတဲ့ စာတန်းတွေပါတဲ့ နဖူးစည်းတွေ၊ လက်ပတ်တွေနဲ့ နိုင်ငံတော် အလံပုံစံ ကပ်ခွာတွေကို ဝတ်ဆင် အသုံးပြုလာတာတွေ ခေတ်စားလာပါတယ်။

ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်း ကာတွန်းဆရာနဲ့ ပန်းချီဆရာတွေ စုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ Together Social Network က မြန်မာ အမျိုးသားအသင်းရဲ့ ပွဲစဉ်ရှိတဲ့ နေ့တိုင်း သုဝဏ္ဏ အားကစားကွင်း အနီးမှာ မျက်နှာ ပန်းချီ ဆေးခြယ် ပေးနေတယ်လို့ သိရပါတယ်။

သူတို့အဖွဲ့က မျက်နှာ ပန်းချီ ဆေးခြယ်လိုတဲ့ ဘောလုံး ဝါသနာရှင် ပရိသတ်တွေကို မျက်နှာပြည့် အလံပုံစံ ပန်းချီ တခုကို
၁၀၀၀ ကျပ်၊ အလံပုံစံငယ် ပန်းချီတခုကို ၅၀၀ ကျပ်နဲ့ ရေးခြယ်ပေးနေတာပါ။

“ကျနော်တို့တတွေ မြန်မာအသင်း ဘောလုံးပွဲစဉ် ရှိတဲ့နေ့တိုင်း ဆွဲပေးတယ်၊ မြန်မာနိုင်ငံ အလံ ဆွဲကြတဲ့ သူတွေချည်းပါပဲ။ ကျန်တဲ့ အလံပုံစံ ဆွဲတဲ့သူတော့ အခုထိ မရှိသေးဘူး။ မြန်မာအလံကို ပါးမှာ ပုံစံအသေးနဲ့ ဆွဲတာတွေ ရှိသလို မျက်နှာပြည့် ဆွဲကြတာတွေလည်း ရှိတယ်” လို့ Together Social Network က ကာတွန်းနိုင်လင်းက ဧရာဝတီကို ပြောပါတယ်။

အဲဒီလို ပန်းချီရေးခြယ်ရာက ရရှိလာတဲ့ ငွေတွေကို ယဉ်ကျေးမှုတက္ကသိုလ်ရဲ့ သာရေးနာရေး ကိစ္စတွေမှာ အသုံးပြုဖို့ ရန်ပုံငွေအဖြစ် ထားရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဒီအတိုင်း အားပေးရင်လည်း ရတယ်ဆိုပေမယ့် ကိုယ့်နိုင်ငံမှာ လုပ်တဲ့ပြိုင်ပွဲမှာ နိုင်ငံတော်အလံကို မျက်နှာပေါ်မှာ ဆွဲထားပြီး၊ မြန်မာအသင်းက ပွဲစဉ်တွေမှာ ဝတ်တဲ့ အနီရောင် ဝတ်စုံမျိုးဝတ်ပြီး ဘောလုံးကွင်းမှာ အားပေးရတာ ပိုပြီးတော့ သဘော ကျတယ်။ စိတ်လည်း တက်ကြွတယ်” လို့ မျက်နှာမှာ နိုင်ငံတော် အလံပုံစံ ပန်းချီ လာရောက်ခြယ်သ နေတဲ့သူ တဦးက ပြောပါတယ်။

မြန်မာ ပွဲစဉ်တွေကို လာရောက်ကြည့်ရှုကြတဲ့ ဘောလုံးဝါသနာရှင် ပရိသတ်တွေကို ပန်းချီ ရေးခြယ်ပေးနေတဲ့သူ ကိုယ်တိုင် ကလည်း သူ့ရဲ့ မျက်နှာနဲ့ လက်တွေမှာ နိုင်ငံတော်အလံ ပုံစံတွေကို ရေးခြယ်ထားပါသေးတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားပွဲစဉ်နေ့က ဆိုရင် မျက်နှာပန်းချီ လာပြီးခြယ်သတဲ့သူ ၅၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
သူတို့အဖွဲ့က မြန်မာအသင်း ပွဲစဉ်ရှိတဲ့နေ့တိုင်း နေ့လယ် ၂ နာရီ ကနေ ဘောလုံးပွဲစတဲ့ အချိန်အထိ ရေးဆွဲပေးနေတာပါ။

ဘောလုံးပြိုင်ပွဲတွေ ကျင်းပရာ သုဝဏ္ဏ အားကစားကွင်း ထဲမှာလည်း မြန်မာနိုင်ငံတော် အလံပုံစံငယ် ကပ်ခွာ၊ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမှတ်အသားပါ ကပ်ခွာ၊ “မြန်မာ” ဆိုတဲ့စာတန်းပါ အင်္ကျီတွေနဲ့ နဖူးစည်းတွေကို ဈေးသည်တွေက အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။

The post မျက်နှာမှာ အလံပုံစံငယ် ဆေးခြယ်အားပေးမှု ခေတ်စားလာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ