Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နော်ဝေမှာ ဆုရခဲ့တဲ့ “သတိရတယ်”သီချင်းအကြောင်း ပြောပြတဲ့ ကျားပေါက်

$
0
0

Big Bag အဖွဲ့နဲ့ Pencell Studio တို့က Music Video အဖြစ် Animation ပုံစံဖန်တီးခဲ့တဲ့ “သတိရတယ်”ဆိုတဲ့ သီချင်းနဲ့ နော်ဝေးနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Ringerike International Youth Film Festival 2018 မှာ Best Music Film Award ဆုကို ရရှိခဲ့ပါတယ်။ ဒီဆု ရရှိခဲ့တာနဲ့ ပတ်သက်ပြီး အဆိုတော် ကျားပေါက်က အခုလိုပဲ ပြောပါတယ်။

“သတိရတယ် (Grounded) Music Video ဟာ Norway မှာ ကျင်းပတဲ့ Ringerike International Youth Film Festival 2018 မှာ Best Music Film Award ဆု ရခဲ့တယ်။ Pencells က ကျနော့်ကို ခေါ်ပါတယ်။ ကျနော် ဘယ်လိုမှ မအားဘူး။ သူတို့ သွားတုန်းကတော့ ကျနော် ပြောလိုက်တယ်။ မင်းတို့ ဆုရပါစေကွာလို့ ပြောလိုက်တယ်။ သူတို့ အရမ်းကြိုးစားထားတယ်။ ၆ လလောက် ကွန်ပျူတာရှေ့မှာ နေ့မအိပ် ညမအိပ် လုပ်ထားတော့ ကျနော်က တခုခုလေး ပြန်ရစေချင်တယ်”

“ဆုရတာကို ဉာဏ်ကျယ်က ချက်ချင်း မပြောဘူး။ ဆုတံဆိပ်ရတော့မှ ကျနော်ကို ဓာတ်ပုံရိုက်ပြီးပို့တော့ ဝမ်းသာတာပေါ့။ ဒီလိုဆုရတာကလည်း လူတွေ အများကြီးဝိုင်းတွေးပြီး ဝိုင်းစဉ်းစားကြလို့ ဆုရခဲ့တာပါ။ အဲ့လို ရခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်။ သတိရတယ်နဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်က သတိရရဲ့လားနဲ့ ဘာမှ မဆိုင်ဘူး”လို့ ကျားပေါက်က ပြောပါတယ်။

STARRY NIGHT သီချင်းကို Music Video ထွက်ဖို့ ရှိသလို J me နဲ့ နှစ်ယောက်ပေါင်းပြီး သီချင်းတွေလည်းလုပ်ဖို့ ရှိတယ်လို့ ကျားပေါက်က ပြောပါတယ်။

“J me နဲ့ နှစ်ယောက်ပေါင်းပြီး လုပ်ထားတာရှိတယ်။ ၁၀ နှစ်လောက် ရှိနေပြီ။ ငါတို့ မရဘူး ၂ ပုဒ်၊ ၃ ပုဒ်လောက်တော့ Record လုပ်တော့မယ်ဆိုပြီး ချိန်းထားတယ်။ STARRY NIGHT ကို Music Video ထွက်လာမယ်။ J me နဲ့ တွဲ့ဖို့ ချိန်းရင် အရမ်းအားနေတဲ့ အချိန်မှတွေ့ဖြစ်တယ်။ နှစ်ယောက်လုံးက ကိုယ့် Schedule နဲ့ ကိုယ်ဆိုတော့။ ဘယ်လောက်ကြာကြာ ကျနော်တို့ နှစ်ယောက်က ထွက်လာရင် ထွက်လာတဲ့ တပုဒ်ကို သဘောကျကျတယ်”

“အသံဆိုလည်း ၅ နှစ်၊ ၆ နှစ်လောက် အကြာကြီးလုပ်ပြီး အထပ်ထပ်ပြင်လိုက် လုပ်လိုက်နဲ့ ထွက်လာတော့ဆိုတော့ အဲ့လောက်တော့ အချိန်ယူရမှာပဲ။ Hip Hop လုပ်ရရင် နောက်အရသာအသစ်တခုကို စဉ်းစာတာကအစ Melody ကို စပြီး မစဉ်းစားရဘူး။ အလုပ်လုပ်ကအစ ကျနော်အရင်တုန်းက လုပ်တာတွေနဲ့ ဘာမှ မတူဘူးပေါ့။ အဲ့ဒါမျိုးလည်း ကျနော့် အတွက် လိုအပ်တယ်။ ဒိုင်အနေနဲ့လည်း လုပ်ဖို့ရှိပါတယ်။ ကျနော်လုပ်စရာတွေ အများကြီးရှိပါတယ်။ လုပ်နေတာတွေ ရှိပါတယ်။ ရုပ်ရှင်ကြည့်သလို စောင့်ကြည့်ပေးကြပါလို့”လို့ ကျားပေါက်က ပြောပါတယ်။

အဆိုတော် ကျားပေါက်က လက်ရှိမှာတော့ Big Bag အဖွဲ့ဝင်များနဲ့အတူ အနုပညာအလုပ်များကိုလည်း လုပ်ကိုင်လျက်ရှိကာ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” ပွဲမှာလည်း ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။

The post နော်ဝေမှာ ဆုရခဲ့တဲ့ “သတိရတယ်” သီချင်းအကြောင်း ပြောပြတဲ့ ကျားပေါက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ