Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုယ်လုပ်တဲ့ အလုပ်တခုကို ပရိသတ်ရင်ထဲ ကျန်နေခဲ့စေချင်တဲ့ အိချောပို

$
0
0

အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့တဲ့ သရုပ်ဆောင်ရာမှာ သဘာဝကျကျနဲ့ မညှာမတာ သရုပ်ဆောင်ပြနိုင်တဲ့ အိချောပိုကတော့ သူလုပ်တဲ့အလုပ်တခုကို ပီပြင်စေချင်ပြီး ပရိသတ်ရင်ထဲမှာ ကျန်နေခဲ့စေချင်တယ်လို့ ပြောပါတယ်။

“တခါတလေ ရိုက်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် နာမှာကိုတောင် မေ့မေ့သွားတယ်။ ပြီးတော့မှ ဒဏ်ရာ ဒဏ်ချက်တွေ ဖြစ်သွားတာနဲ့ ညိုမည်းစွဲသွားတာနဲ့။ အဓိကကတော့ ကိုယ်လုပ်တဲ့အလုပ်လေးကို ပီပြင်သွားစေချင်တယ်။ ပရိသတ်တွေရင်ထဲမှာလည်း ကျန်ခဲ့စေချင်တယ်”လို့ အိချောပိုက ပြောပါတယ်။

လက်ရှိမှာလည်း “မိန်းမကြမ်းကြီးများ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ညီအစ်မ ၄ ယောက် ကြမ်းကြမ်းတမ်းတမ်း နေထိုင်မှုပုံစံများနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“မိန်းမကြမ်းကြီးများ ဇာတ်ကားမှာတော့ အိချောတို့က ညီအစ်မ ၄ ယောက် ပုံစံပေါ့နော်။ အိချောကတော့ အငယ်ဆုံးပေါ့။ ကြမ်းကြမ်းတမ်းတမ်းပုံစံတွေ ချည်းပဲ။ ကိုယ့်ကာရိုက်တာမှာ အပီအပြင် လုပ်ကြတာဆိုတော့ အိချောတို့လည်း ဒါရိုက်တာချပေးတဲ့ ကာရိုက်တာပေါ်မူတည်ပြီးတော့ ဒါရိုက်တာ ချပေးတဲ့အတိုင်း အတတ်နိုင်ဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်”လို့ အိချောပိုက ပြောပါတယ်။

အဆိုပါ “မိန်းမကြမ်းကြီးများ” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးထားပြီး ရဲတိုက်၊ နေနော်၊ ထူးခြား၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိချောပိုတို့နဲ့အတူ တခြားသော သရုပ်ဆောင်များ ပါဝင်ထားပါတယ်။

အိချောပိုကတော့ ရုပ်ရှင်ဇာတ်ကားများမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ဖို့အတွက် လိုက်ဖက်မယ့် ကာရိုက်တာတွေကို စဉ်းစားပေးပြီး လာပြောကြတဲ့သူများကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

“လုပ်ဖော်ကိုင်ဖက်တွေ ဒါရိုက်တာတွေ ၊မင်းသားတွေ ၊ ထုတ်လုပ်သူတွေ အားလုံးကလည်း ကာရိုက်တာတခုကို သူတို့ရရင် အိချောနဲ့လိုက်တယ်ဆိုပြီး လာပြောကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အိချောကတော့ ကြိုးစားတုန်းပါ။ ဘယ်တော့မှလည်း ကိုယ့်ကိုယ်ကိုယ် တတ်နေပြီ။ တော်နေပြီလို့လည်း မတွေးခဲ့ဘူးပေါ့နော်။ ကိုယ့်ရဲ့စီနီယာတွေနဲ့လည်း အမြဲတမ်း အဆင်ပြေအောင် နေတယ်။ အမြဲတမ်း ကိုယ့်ဘက်ကပဲ သည်းခံတယ်။ ဘယ်အရာမဆို” လို့အိချောပိုက ပြောပါတယ်။

အိချောပိုကတော့ သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း အမျိုးသားထုကြီးရဲ့ ဝန်းရံမှုကို ရရှိလျက်ရှိတဲ့ မင်းသမီးတယောက်ဖြစ်ပြီး မကြာသေးမီက “ကိုယ်စောင့်နတ်”သီချင်းကို သီဆိုပြီး Facebook ပြန်လည်တင်ခဲ့ရာ သူမရဲ့ပရိသတ်များက နှစ်သက်သဘောကျနေပါတယ်။

“အဲဒီသီချင်းက Facebook မှာ ဘာရယ်မဟုတ်ဘူး။ လျှောက်တင်ထားတာပါ။ သဘောကျတဲ့သူရှိလို့ ဝမ်းသာပါတယ်။ အသံက အဲဒီလောက် မကောင်းပါဘူး။ နောက်ထပ်တင်ဖို့အတွက်ကတော့ မရှိပါဘူး” လို့ အိချောပိုက ပြောပါတယ်။

The post ကိုယ်လုပ်တဲ့ အလုပ်တခုကို ပရိသတ်ရင်ထဲ ကျန်နေခဲ့စေချင်တဲ့ အိချောပို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ