Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အမျိုးသမီးက ပါရမီဖြည့်ဖက်ကောင်းတဦးဖြစ်တယ်” လို့ ဆိုလိုက်တဲ့ ကျော်ကျော်ဗို

$
0
0

သရုပ်ဆောင် ကျော်ကျော်ဗိုက သူရဲ့ဇနီးဖြစ်သူ မယဉ်ယဉ်မင်းက သူ့အတွက် ပါရမီဖြည့်ဖက်ကောင်းတဦး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

” သာယာတဲ့ မိသားစုတခုကို ပိုင်ဆိုင်နိုင်ဖို့ မေတ္တာ နဲ့ လွှမ်းခြုံထားနိုင်ဖို့တော့ လိုတာပေါ့။ အိမ်ထောင်ဦးစီးရော အိမ်ထောင်ရှင်မနဲ့ သားသမီးတွေကလည်း မေတ္တာဓာတ် အပြန်အလှန်ရှိနေရင် အသိုက်အမြုံလေးက အေးချမ်းနေမှာပါပဲ။ အိမ်သူစိမ်းနှစ်ယောက် ပေါင်းဖက်တဲ့နေရာမှာ အစစအရာရာ ဂရုစိုက်ဖို့လိုတယ်။ မောင်နှမအရင်းတွေတောင် သဘောထား ချင်းထပ်တူကျဖို့ ဆိုတာ မလွယ်ဘူး”

“ သူစိမ်းနှစ်ယောက်ဆိုတာကလည်း ကိုယ်မေတ္တာရှိလို့ ပေါင်းဖက်ထားတာဖြစ်တဲ့အတွက် အစစအရာရာဖေးမရမယ်။ နားလည်ရမယ်။ ကိုယ်နဲ့အသွင် မတူတာလေးတွေကို ညှိနှိုင်းသွားရမယ်။ ဒါက အဓိကကျတာပေါ့။ ငါနဲ့အဆင်မပြေလို့ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ ကွဲတယ်ဆိုတဲ့ စကားေတွေက အကြောင်းပြချက်သက်သက်လို့ ထင်တယ်။ စိတ်သဘောထားခြင်းမတိုက်ဆိုင်ရင် အစကတည်းကပေါင်းဖက်စရာမရှိဘူးလေ” လို့ ဆိုပါတယ်။

ဇနီးဖြစ်သူ မယဉ်ယဉ်မင်းက ပါရမီဖြည့်ဖက်ကောင်းတယောက်ဖြစ်ပြီး တဘဝလုံးလိုသမျှဖြည့်ပေးနေတယ်လို့ ဆိုပါတယ်။

“သူဘေးနားမှာရှိနေတာက ကျနော်အတွက် အစစအရာရာ အဆင်ပြေနေတယ်။ သူများတွေထက်စာရင်တော့ ပိုပြီးတော့ ထင်သာမြင်သာရှိနေတာပေါ့နော်။ ပရိသတ်တွေကလည်း ရှိနေတော့ အနုပညာသမား တယောက် အနေနဲ့ သူတို့ရဲ့ စံပြ တယောက်ဖြစ်အောင် နေရတာပေါ့။ တချို့ကျတော့လည်း ကိုယ်တွေကို အားကျနေတာဆိုတော့ အမှားအယွင်းကတော့ သူများတွေထက် နည်းသထက် နည်းအောင်နေရတာပေါ့” လို့ကျော်ကျော်ဗိုက ဆိုပါတယ်။

ကျော်ကျော်ဗိုရဲ့ ဇနီးမယဉ်မယဉ်မင်းကလည်း အိမ်ထောင်သက်တမ်း ၁၁ နှစ်အတွင်းမှာ အေးအေးဆေးဆေးနဲ့ နေတတ်တာကြောင့်လည်း ခိုင်မြဲနေတာဖြစ်ပြီး ဒီအတွက် စိတ်ချမ်းသာလို့ ဆိုပါတယ်။ ကျော်ကျော်ဗိုနဲ့ အိမ်ထောင်ရေး အဆင်ပြေအောင်နေဖြစ်တဲ့ အကြောင်းကိုလည်း ဇနီးဖြစ်သူက အခုလိုဆိုပါတယ်။

”အိမ်ထောင်တခုသာယာဖို့ဆိုတာ အမျိုးသမီးတယောက်တည်းနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။ အမျိုးသားကောင်းလို့လည်း ဒီလိုဖြစ်တာပါ။ နှစ်ယောက်စလုံး အပေးအယူ မျှမျှတတနဲ့ ရှေ့ဆက်သွားကြတာပါ။ အေးချမ်းပါတယ် စိတ်ချမ်းသာအောင် ထားတယ်။ အစ်မဘာလုပ်လုပ်ဘာမှ မပြောဘူး”

“ သူက အားလုံးကို အဆင်ပြေအောင်ပဲနေတယ်။ မိသားစုကို အရမ်း ကြည့်တယ်။ အခုဆို အစ်မတို့ အိမ်ထောင်သက်တမ်း ၁၁ နှစ်ရှိ နေပြီ။ ဒီအချိန်ထိ ဒီလိုမျိုးလေး အေးအေး ဆေးဆေးနဲ့ ခိုင်မြဲနေတာ ဒါက စိတ်ချမ်းသာလို့ပေါ့” လို့ ဆိုပါတယ်။

သရုပ်ဆောင်ကျော်ကျော်ဗိုနဲ့ ဇနီးမယဉ်ယဉ်မင်းတို့က ၂၀၀၇ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ အိုက်ကီဆိုတဲ့ သမီးတဦးရှိနေပြီ ဖြစ်ပါတယ်။

Attachments area

The post “အမျိုးသမီးက ပါရမီဖြည့်ဖက်ကောင်းတဦးဖြစ်တယ်” လို့ ဆိုလိုက်တဲ့ ကျော်ကျော်ဗို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ