Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လိင်တူချစ်သူပါလို့ အွန်လိုင်းမှာ ဂယက်ထနေတဲ့ Jaden Smith

$
0
0

မင်းသား Will Smith ရဲ့သား အဆိုတော်၊ မင်းသား Jaden Smith ဟာ သူ့ရဲ့ အနုပညာခံယူချက်နဲ့ ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်မှုကြောင့် နာမည်ကြီးသူတဦးဖြစ်ပါတယ်။

အသက် ၂၀ အရွယ် Jaden ဟာသူ့ရဲ့ ရွှေအဆင့်ရ Album ကို ကိုင်ပြီး ဒုတိယသမ္မတဟောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် Al Gore နဲ့အတူ ကော်ဇောနီ အစီအစဉ်ကိုလည်း တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညမှာတော့ မင်းသား Jaden ဟာ ပရိသတ်တွေကို အံ့သြမှုတွေကို ဖြစ်ပေါ်အောင် ဆွပေးခဲ့တဲ့ဖြစ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ အကြောင်းက Camp Flog Gnaw ဂီတပွဲတော်မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေမှု တခုမှာ သူက သူ့ရဲ့သူငယ်ချင်းနဲ့ ပွဲစီစဉ်သူဖြစ်တဲ့ Tyler ကို ချီးမွမ်း ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ပရိသတ်တဦး ရိုက်ကူးထားတဲ့ ဗီဒီယိုတခုမှာဆိုရင် သူဟာ အများကမထင်မှတ်ထားတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ကြေညာခဲ့ပါတော့တယ်။ သူက “Tyler က မပြောချင်ဘူး။ ဒါပေမယ့် Tyler က ကျနော့်ရဲ့ (Boyfriend) ချစ်သူပါ။ သူက ကျနော့်တဘဝလုံး ရဲ့ ချစ်သူပါ” ဆိုပြီး အော်ပြောခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တဦးရဲ့ Instagram အကောင့်မှာ တင်ထားတဲ့ ဗီဒီယိုတခုမှာဆိုရင် ကယ်လီဖိုးနီးယားတောမီးကြောင့် မီးခိုမြူတွေများနေလို့ ဆေးနှာခေါင်းစည်း တပ်ထားခဲ့တဲ့ Tyler ကို ပရိသတ်ထဲမှာ တွေ့မြင်ခဲ့ကြရပြီး Jaden က စင်ပေါ်ကနေ ပြောနေချိန်မှာသူက ခေါင်းတညိမ့်ညိမ့်လုပ်တောကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် Jaden ဟာ အဲဒီအကြောင်းကိုပဲ တရားဝင်ဖြစ်တဲ့အကြောင်း Twitter ကနေ တဆင့် ကြေညာခဲ့ပါသေးတယ်။ သူက “ငါ လူတိုင်းကို ပြောလိုက်ပြီ။ မင်းအခုတော့ ငြင်းလို့မရတော့ဘူး” လို့ ရေးသားခဲ့ပြီး Tyler က “မင်းက ရူးနေတဲ့ကောင်ပဲ” လို့ ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။

ဒီကိစ္စဟာ အမှန်တကယ်ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အွန်လိုင်းပေါ်က ပရိသတ်တွေ ကတော့ သူ့ရဲ့ ကြေညာချက်အပေါ် အမျိုးမျိုး သုံးသပ်နေကြပါတယ်။

ပရိသတ်တချို့ကတော့ Jadn ဟာ သူ့ရဲ့ အချစ်ရေးကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာဖြစ်တယ်လို့ ယုံကြည်ကြပြီး တချို့ကတော့ သူ့ရဲ့ ခံစားချက်တခုခုကို လဆော်ဖို့ ဥပမာပေးပြောဆိုခဲ့တာသာဖြစ်တယ်လို့ ဆိုနေကြပါတယ်။

Ref: billboard

The post လိင်တူချစ်သူပါလို့ အွန်လိုင်းမှာ ဂယက်ထနေတဲ့ Jaden Smith appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ