Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မီ” ရုပ်ရှင်မှာ လိမ်းခြယ် ပြင်ဆင်ခွင့်ရတာဟာ မှတ်တိုင်တခုလိုပါပဲ

$
0
0

ပရိသတ်များ အထူး စိတ်ဝင်စားလျှက်ရှိတဲ့ စာရေးဆရာမကြီး ကြည်အေးရဲ့ “မီ” ဝတ္ထုကို ပြန်လည် အသက်သွင်း ပုံဖော်ထားတဲ့ “မီ” ရုပ်ရှင်မှာ အဓိကဇာတ်ရုပ် မီအပါအဝင် တကားလုံးစာနီးပါး မိတ်ကပ် ပြင်ဆင်ပေးခွင့်ရတာဟာ ၁၂ နှစ်တာ ကာလအတွင်း မှတ်တိုင်တခုပါပဲလို့ မိတ်ကပ်ပညာရှင် မေဦးက ဧရာဝတီကို ပြောပါတယ်။

“မီ မှာပြင်ဆင်ခွင့်ရတဲ့ ခံစားချက်ကတော့ အတိုင်းမသိပေါ့။ မေဦးရဲ့ ၁၂နှစ်တာကာလမှာ မှတ်တိုင်ထူတဲ့ ကားလေးပေါ့။ ဘာလို့လဲဆိုတော့ ၁၂ နှစ်ထိကို မေဦးတယောက်တည်း မေဦးရဲ့ Team နဲ့ တကားလုံးစာ တာဝန်ယူပေးရတဲ့ ကားပေါ့နော်။ ဒီကားထဲမှာဆိုရင် ကိုနေတိုးကလွဲလို့ တကားလုံးစာ ပြင်ပေးထားတာပါ”လို့ မေဦးက ဧရာဝတီကို ပြောပါတယ်။

“ကြိုးစားမှုအပိုင်းကတော့ ၁၀၀ ရာခိုင်နှုန်း ကြိုးစားထားတယ်။ အကောင်းဆုံး ကြိုးစားထားတယ်။ ပြန်ရလာမယ့် ရလဒ်ကတော့ ပရိသတ်တွေရဲ့ ဝေဖန်သံကို မေဦးတို့ စောင့်နေပါတယ်”လို့ မေဦးက ဆိုပါတယ်။

“မီ” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ၁၉၅၀ ခုနှစ်က အဝတ်အစား ဒီဇိုင်းများနဲ့ လိုက်ဖက်ညီတဲ့ မိတ်ကပ် အပြင်အဆင်များကို မိတ်ကပ်ပညာရှင် မေဦးက ရုပ်ရှင်တကားလုံးမှာ ပါဝင်တဲ့ သရုပ်ဆောင်များကို ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။

“အဓိကကတော့ အရင်ခေတ်က ရုပ်ရှင်ကားတွေကို မေဦး ပြန်ကြည့်တယ်။ ပြီးတော့ အဲဒီခုနှစ်က ဓာတ်ပုံတွေကို ပြန်ကြည့်တယ်။ Google မှာ ရှာတယ်။ အဲဒီခေတ်က သုံးတဲ့အသုံးအဆောင်ပစ္စည်း၊ အသုံးအနှုန်းတွေကို မေဦး လေ့လာတယ်။ အဲဒီလို လေ့လာပြီးတော့မှ သေချာ ပြင်ဆင်ပေးထားတာပါ”လို့ မေဦးက ပြောပါတယ်။

လူအများရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဇာတ်ကောင်ကို ပြင်ဆင်ပေးခွင့်ရတဲ့အပေါ်မှာ ကျေနပ်အားရမှုရှိလားဆိုတာနဲ့ ပတ်သက်ပြီး မိတ်ကပ်မေဦးက အခုလို ဆိုပါတယ်။

“မေဦးကတော့ ကိုယ့်အလုပ်ကို ကိုယ်ကျေနပ်အားရမှုကတော့ ဘယ်တော့မှ မရှိဘူး။ ဘာလို့လဲ ဆိုတောာ့ တခုပြီးတိုင်း တခုပြီးတိုင်း ဘာထပ်လုပ်ရမလဲဆိုတာတော့ အမြဲတမ်းမြင်တာပေါ့။ ဒါပေမဲ့ ဒီကားအတွက်ကတော့ အကောင်းဆုံး တတ်နိုင်သလောက်ကြိုးစားထားတယ်။ အဓိကကတော့ အားလုံးရဲ့ဝေဖန်တာကိုပဲ စောင့်နေတာပါ”လို့ မေဦးက ပြောပါတယ်။

ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုဝေဖန်မှုတွေကြားရလဲဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ “အခုထိတော့ မေဦးရဲ့ပြင်ဆင်မှုအပိုင်းမှ ဘာဝေဖန်မှုမှတော့ မကြားရသေးဘူး။ အခုထိတော့ ကောင်းတာတွေပဲ ကြားရသေးတယ်။ ဘာလိုအပ်သေးလဲဆိုတာကို မကြားရသေးဘူး။ လိုအပ်တာကို ကြားရင်တော့ ပြန်ကြည့်ရမှာပေါ့။ ကိုယ်ဘာတွေလိုအပ်လဲ ဆိုတာကို”လို့ ဆိုပါတယ်။

မေဦးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ကပ်ပညာရှင်များထဲမှ နာမည်ကြီး မိတ်ကပ်ပညာရှင်တဦးဖြစ်ပြီး မိတ်ကပ်ပညာနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းလည်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

“အခုဆိုရင် Beauty School ဖွင့်ထားတယ်။ အဲဒီက ကျောင်းသားတွေနဲ့ အလုပ်တွေအများကြီးလုပ်ဖို့ ရှိတယ်။ ပြီးတော့ မေဦးအင်းယားလမ်းမှာ ဆိုရင်လည်း Wedding Dress နဲ့ One Stop Service လုပ်တဲ့ Event ပွဲတွေ လုပ်မယ့် ဆိုင်လည်း ဖွင့်တော့မှာ။ နောက်ပိုင်း မိတ်ကပ်နဲ့ ပတ်သက်လို့ အများကြီးလုပ်သွားဖို့ ရှိပါတယ်” လို့ မေဦးက ဧရာဝတီကို ပြောပါတယ်။

The post “မီ” ရုပ်ရှင်မှာ လိမ်းခြယ် ပြင်ဆင်ခွင့်ရတာဟာ မှတ်တိုင်တခုလိုပါပဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)