Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖခင်ဖြစ်သူ ချစ်စမ်းမောင်နဲ့ Tik Tok တင်လိုက်လို့ စိတ်ဆိုးခံခဲ့ရတဲ့ ငဲငယ်လေး

$
0
0

Iron Cross Band ရဲ့ ဂစ်တာသမားဖြစ်တဲ့ ဆရာချစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ချစ်စမ်းမောင်ဟာ မကြာသေးမီက သမီးဖြစ်သူ အဆိုတော် ငဲငယ်လေးနဲ့အတူ လတ်တလော ခေတ်စားနေတဲ့ Tik Tok ဗီဒီယို ရိုက်ခဲ့ပါတယ်။ အဲဒီ ဗီဒိယိုလေးကိုတော့ ငဲငယ်လေးက သူ့ရဲ့လူမှုကွန်ရက်ဗီဒီယိုမှာ တင်ခဲ့ရာ ပရိသတ်များက နှစ်သက်သဘောကျခဲ့ ကြပါတယ်။

“Tik Tok ဆော့တာက အဲဒီတုန်းက မနက်အစောကြီးထပြီးတော့ ငယ်လေးအမေရိုက်ပေးတာပါ။ မနက်စာ စားနေတဲ့ အချိန်မှာပေါ့။ အဲဒီအချိန်တုန်းက Tik Tok ပိုးထနေတော့ ပါပါးနဲ့ ရိုက်လိုက်တာ။ ပါပါးကပြောတယ်။ မတင်နဲ့ နော်တဲ့။ သိပါတယ်လို့ ငယ်လေး မတင်ပါဘူး။ စုတ်ပြတ်နေတာပဲ။ အိမ်နေရင်းဝတ်နဲ့လို့ မတင်ဘူးဆိုပြီး ပြောလိုက်တာ”

“ဖြစ်ချင်တော့ သူက ပုဂံရှိုးသွားတာ ပြန်မလာသေးဘူး။ ပြန်မလာသေးတော့ ငယ်လေး ဒီဘက်မှာလည်း ရှိုးမသွားခင်ဆို သူကဂစ်တာတီးတာတွေကို လုပ်ပေးတယ်။ အဲဒီတုန်းက ပြန်မလာသေးတာနဲ့ သူ့ကို သတိရတယ်ဆိုပြီးတော့ တင်ချလိုက်တယ်။ အဲဒီ Tik Tok ကိုလေ” လို့ ငဲငယ်လေးက ဧရာဝတီကိုပြောပါတယ်။

ဖခင်ဖြစ်သူကတော့ အဆိုပါ Tik Tok ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာတင်ခဲ့တာကြောင့် စိတ်ဆိုးပြီး ၄ရက်လောက် စကားမပြောဘဲ နေခဲ့တယ်လို့ ပြောပါတယ်။

“အဲဒီလိုတင်ချလိုက်တော့ ငယ်လေးကို စိတ်ဆိုးပြီးစကားမပြောဘူး။ ၄ ရက်လောက်။ ဒါပေမယ့် ပရိသတ်တွေက အရမ်းချစ်ကြတယ်။ သူကတော့ ရှက်တာပေါ့။ သူဗိုက်ပေါ်နေတာကို။ နင်က ငါ့ကိုအရှက်ခွဲတယ်တဲ့။ ကောမန့်တွေ ဖတ်ပြတယ်။ အဆိုးပြောတဲ့သူက လက် ၅ချောင်းတောင် မပြည့်ဘူးလို့။ အဲဒီလိုတွေ ပြောပြမှ သူလက်ခံတယ်။ အခုအဆင်ပြေသွားပါပြီ” လို့ ငဲငယ်လေးက ပြောပါတယ်။

နောက်ထပ်ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေရှိပေမယ့် တင်လို့မဖြစ်ဘဲ အခုဆိုရင် ဖုန်းကိုင်တာနဲ့ အဖေက ထွက်ပြေးနေပြီလို့ ပြောပါတယ်။

“နောက်ထပ်ရိုက်ဖို့က မရတော့ဘူး။ ဖုန်းကိုင်တာနဲ့ ထွက်ပြေးပြီ။ အဲဒီတုန်းက မစည်းရုံးလိုက်ရဘူး။ ပျော်ပျော်ပါးပါး လိုက်ကတာ။ လိုက်လိုက်လျောလျောကတာ။ သူလည်းစိတ်ဝင်စားတယ်။ ငယ်လေးတို့ Tik Tok လုပ်ရင်။ ဘာလဲပေါ့။ သူလည်းခေတ်ရေစီးကြောင်းပေါ် လိုက်ချင်တယ်။ မတင်ရသေးတာ ၂ ခု ၃ခုလောက်ကျန်သေးတယ်။ သူလည်းအရမ်း ပျော်ပါတယ်” ငဲငယ်လေးက ပြောပါတယ်။

ငဲငယ်လေးကတော့ ချစ်စမ်းမောင်ရဲ့ သားသမီး ၃ ယောက်ရှိတဲ့အနက် အငယ်ဆုံးသမီးဖြစ်ပြီး အခုဆိုရင် ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို ဆက်ခံပြီး ဂစ်တာတီးတဲ့အပြင် သီချင်းများကို ကိုယ်တိုင်ရေးသားသီဆိုလျက် ရှိပါတယ်။

“ငယ်လေးတို့က မိသားစု ၅ ယောက် ရှိတယ်။ အဖေ၊ အမေ၊ အစ်ကိုကြီးရယ်၊ အစ်မရယ်၊ ငယ်လေးရယ်ပေါ့။ အစ်ကိုနဲ့အစ်မက ဂီတနဲ့ ပတ်သက်ပြီး ဝါသနာပါတယ်ဆိုပေမယ့်လည်း အစ်ကို အကြီးဆုံးဆိုရင် စီးပွားရေးလုပ်တယ်။ အစ်မကကျတော့ နိုင်ငံခြားမှာ ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်။ အစ်မကတော့ ပညာရေးကိုပြီးအောင် လုပ်မယ်ပေါ့။ ပြီးရင်တော့ ငယ်လေးက အနုပညာဘက်ကို ဆွဲခေါ်ချင်ပါတယ်”

“အစ်မက ပညာရေးမှာ ပိုအားရပါတယ်။ တခါတလေကျရင် သူဆိုထားတဲ့သီချင်းတွေ ပို့ပို့ပေးတယ်။ အနုပညာလည်း ဝါသနာပါပါတယ်” လို့ မိသားစုနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ငဲငယ်လေးကတော့ “အိပ်မက်နဲ့ စိတ်ဓာတ်” ဆိုတဲ့ တကိုယ်တော်အခွေထွက်ထားပြီး မကြာခင် ၂၀၁၉ခုနှစ်အပိုင်းမှာတော့ သူ့ရဲ့ကိုယ်ပိုင်သီချင်း ၁၀ ပုဒ်ပါဝင်တဲ့ ဒုတိယအခွေကို ထွက်ရှိတော့မှာဖြစ်ပါတယ်။

The post ဖခင်ဖြစ်သူ ချစ်စမ်းမောင်နဲ့ Tik Tok တင်လိုက်လို့ စိတ်ဆိုးခံခဲ့ရတဲ့ ငဲငယ်လေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ