Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ဘဝကို ပုံဖော်ထားတဲ့ “Sanju”ရုပ်ရှင်

$
0
0

ဒီတပတ်မှာတော့ IMDB Rating (8.0) အထိ ရရှိထားတဲ့ ၂၀၁၈ ခုနှစ် ရဲ့ဝင်ငွေ အကောင်းဆုံး ဘောလိဝုဒ် ရုပ်ရှင်ကား “Sanju” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကို အိန္ဒိယရဲ့နာမည်ကြီး ဒါရိုက်တာ Rajkumar Hirani က ရိုက်ကူးပြီး ဒီကားက Biography, Drama ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ မင်းသားကြီး ဆန်ဂျေးဒတ် အဖြစ် မင်းသား Ranbir Kapoor က ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Vicky Kaushal၊ မင်းသမီး Anushka Sharma, Sonam Kapoor နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

“One man, Many lives” လို့ တင်စားကြရတဲ့ မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ လူငယ်ဘဝ၊ အောင်မြင်တဲ့ ရုပ်ရှင်မင်းသား ဘဝနဲ့ အချိုးအကွေ့ အနိမ့်အမြင့်များလှတဲ့ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ အဓိက ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ချမ်းသာကြွယ်ဝပြီး အနုပညာမျိုးရိုးရှိတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာတဲ့ Sanju ဟာ လူငယ်ဘဝမှာတော့ ဟော့ဟော့ရမ်းရမ်း ဖြစ်ခဲ့သူတဦးပါ။ ဖခင်ဖြစ်သူဟာ နာမည်ကြီး ဒါရိုက်တာတဦးဖြစ်တာကြောင့် သားဖြစ်သူကို အနုပညာလောကထဲ ဆွဲသွင်းခဲ့ပြီး အောင်မြင်တဲ့ အနုပညာရှင်တဦး ဖြစ်စေခဲ့ပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တဦးဖြစ်လာပြီးနောက်မှာ AK 56 ရိုင်ဖယ်လက်ဝယ်တွေ့ရှိမှုနဲ့ အကြမ်းဖက်သမားအဖြစ် မီဒီယာတွေရဲ့ သို့လောသို့လော ရေးသားမှုကြောင့် အထင်ခံခဲ့ရပြီး သိပ်မကြာခင် ထောင်နန်းစံရတော့မယ့်အချိန်မှာ သူ့ပရိသတ်တွေနဲ့ ပြည်သူတွေ အမှန်အတိုင်းသိစေဖို့ အတ္တုပ္ပတ္တိရေးဆရာမ ဝင်နီဒိုက်စ်ကို အကူအညီတောင်းကာ သူ့ဘဝဇာတ်ကြောင်းကို ရေးသားစေခဲ့ပါတယ်။

ပြည်သူတွေ ထင်မှတ်ထားသလို သူဟာ အကြမ်းဖက်သမား၊ တရားမဝင်လက်နက်ကိုင်ဆောင်သူ၊ မြှာပွေလွန်းသူတဦး ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းမှာ မင်းသားကြီး ဆန်ဂျေးဒတ်နေရာကနေ သရုပ်ဆောင်ဖို့အတွက် မင်းသား Ranbir Kapoor ဟာ Body Transformation ကို ၃ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရပြီး Ranbir Kapoor ရဲ့ အနုပညာသက်တမ်းမှာ အအောင်မြင်ဆုံး ရုပ်ရှင်ကားတကားလည်း ဖြစ်ပါတယ်။

ရုပ်ရှင်ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေရဲ့ တခနက် အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး ပညာပေးဇာတ်ကားတွေ ရိုက်ရာမှာ ဆရာကျတဲ့ ဒါရိုက်တာ Rajkumar Hirani ရဲ့ မီဒီယာတွေနဲ့ ပက်သက်ပြီး ပါးပါးလှပ်လှပ် ပြသထားတဲ့ ရိုက်ကူး ပြသမှုတွေကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

The post မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ဘဝကို ပုံဖော်ထားတဲ့ “Sanju” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ