Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Netflix မှပြသမည့် “Kingdom”သည်းထိတ်ရင်ဖို ကိုရီးယားစီးရီး

$
0
0

Netflix ကနေ မကြာခင်ပြတော့မယ့် “Kingdom” ရုပ်ရှင်ရဲ့ ပထမဆုံး Teaser ဗီဒီယို ထွက်ရှိလာပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ Netflix က See What’s Next (SWN) Asia ဆိုတဲ့ မိတ်ဆက်အခမ်းအနားတခုကို စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲကို Netflix ပူးတွဲတည်ထောင်သူနဲ့ စီအီးအို Reed Hastings အပါအဝင် လူတော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ ၂၀၁၉ အတွင်း Netflix ကနေ ပြသမယ့် စီးရီးအချို့ကို မိတ်ဆက်ခဲ့ပါတယ်။

အဲဒီပွဲမှာ ကိုရီးယားနိုင်ငံဆိုင်ရာ အချက်အလက်ဒါရိုက်တာ ကင်မင်ယောင်းက Netflix ကနေ ထုတ်လွှင့်မယ့် “Kingdom” အမည်ရှိတဲ့ စီးရီးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီစီးရီးဟာ သည်းထိတ်ရင်ဖို စီးရီးတွဲဖြစ်ပြီး ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ပလိပ်ရောဂါတခုကနေ ပြည်သူတွေကို ကယ်တင်ပေးမယ့် မင်းသားတဦးအကြောင်း ဖြစ်ပါတယ်။ ကိုရီးယား ဒရာမာသမိုင်းမှာလည်း မှတ်တိုင် စိုက်ထူနိုင်မယ့် စီးရီးတခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ကင်ဆောင်ဟွန်းက ၁၅ ရာစုကနေ ၂၆ ရာစုအထိရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က နိုင်ငံသားတွေရဲ့ နာကျင်မှုနဲ့ အာဏာမက်သူတွေရဲ့ တိုက်ပွဲတွေအကြောင်း အခြေခံထားတယ်လို့ဆိုပါတယ်။ အဲဒီစီးရီးမှာ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Joo Ji Hoon, Ryu Seung Ryong နဲ့ Bae Doona တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“Kingdom” စီးရီးအတွက် ၂၀၁၁ ခုနှစ်ကတည်းက ရိုက်ကူးဖို့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ စာရေးဆရာမ ကင်အွန်ဟီးက ဆိုပါတယ်။ အဲဒီစီးရီးကို Netflix ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။

Ref : soompi

The post Netflix မှပြသမည့် “Kingdom” သည်းထိတ်ရင်ဖို ကိုရီးယားစီးရီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ