Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖေ့စ်ဘုတ်မှာ ကြော်ငြာ ပိုစတာမူကွဲ ၂ ခု ဖြစ်ပေါ်နေတဲ့ “ဖားသည်မသား” ဗီဒီယိုဇာတ်ကား

$
0
0
“ဖားသည်မသား”, ဗီဒီယို

“ဖားသည်မသား” ဗီဒီယို ဇာတ်ကား ပိုစတာ မူကွဲ ၂ ခု

“ဖားသည်မသား” ဆိုတဲ့ ဗီဒီယို ဇာတ်ကားအမည်ကို ဆန်းချင်လို့ တမင်ပေးထားတာ ဖြစ်တယ်လို့ ဇာတ်ကားကို ကိုယ်တိုင် ဇာတ် ညွှန်း ရေးသားပြီး ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် နေမင်းခ က ပြောပါတယ်။

ဒီဇာတ်ကားရဲ့ ကြော်ငြာပိုစတာပါ ဖားကို ၀စ္စနှစ်လုံးပေါက် ဖြုတ်ထားတဲ့ “ဖာသည်မသား” ဆိုတဲ့ ပိုစတာ မူကွဲတခု လူမှုကွန်ရက် ဖေ့စ်ဘုတ်(Facebook) ပေါ်ကို အခုရက်ပိုင်းအတွင်း ရောက်လာခဲ့တဲ့အတွက် ဖေ့စ်ဘုတ် အသုံးပြုသူတွေအကြား ဝေဖန်ရှုတ်ချ ပြောဆိုမှုတွေ ရှိလာတဲ့ အပေါ် သရုပ်ဆောင် နေမင်းခ က ပြန်လည် ပြောဆိုခြင်း ဖြစ်ပါတယ်။

“ဒါက သိသာလွန်းပါတယ်။ တမင်လုပ်ထားမှန်းကို၊ ဒီအတိုင်းဆို ကျနော်တို့ကို ဆင်ဆာကလည်း ဘယ်ပေးမလဲ”လို့ သူက ပြောပါတယ်။

ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်က သူတပါးကို အရှင်လတ်လတ် သတ်ဖြတ်တဲ့သူတွေဟာ တချိန်ကျရင် ပြန်ပြီးဝဋ်လည်တတ်တယ် ဆိုတာနဲ့ နယ်ဘက်တွေမှာ ကလေးတွေကို ရွှေတွေဝတ်ဆင်ပေးတဲ့အခါ မလိုလားအပ်တဲ့ ဒုစရိုက်မှုတွေ ဖြစ်တတ်တာကို ပညာပေး ချင်လို့ ရိုက်ကူးထားတာ ဖြစ်တယ်လို့ နေမင်းခ က ဆိုပါတယ်။

အခုလို ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ဒီဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တဲ့ “၀င်းမေတ္တာ” ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး ပိုင်ရှင်ဖြစ်တဲ့ မပပ၀င်း က “ဖုန်းတွေ တိုက်ကို ဆက်ကြတယ်။ ဘာလို့ ဒီလိုကားကြီး ရိုက်ရတာလဲ ဆိုပြီး ၀စ္စနှစ်လုံးပေါက် မပါလို့ လာမေးကြ တာ။ နေမင်းခ က အစ်မရဲ့ မောင်လေးပါ။ ပေါက်ချင်လို့ ဒီနာမည်ပေးထားတာ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းက ဒီ Title ပေးမှ ဖြစ်မှာကို ဖြစ်တဲ့အတွက် ပေးလိုက်တာပါ”လို့ ပြောပါတယ်။

အခုလို ဖေ့စ်ဘုတ်မှာ ပို့စတာ အတု ထွက်ရှိလာပြီးမှ ဒီဇာတ်ကားကို လူစိတ်ဝင်စားမှု များလာပြီး အခွေဆိုင်တွေမှာ ငှားရမ်းကြည့်ရှုသူ များပြားလာတာကြောင့် ၃ ရက်လောက်ကြာ စောင့်ဆိုင်းပြီးမှ ငှားရမ်းကြည့်ရှုလို့ ရတယ်လို့ ကြားသိနေရပါတယ်။

ဒီဇာတ်ကားမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် နေထက်လင်း က“ဒါက တယောက်ယောက်က လက်ဆော့လိုက် တာလည်း ဖြစ်နိုင်သလို တယောက်ယောက်က လုပ်ကြံတာ၊ တယောက်ယောက်က ဖွချင်လို့လည်း ဖြစ်နိုင်ပါတယ်။ မျိုးစုံတွေးလို့ ရ ပါတယ်။ တကယ့်တကယ် ဖားရိုက်တဲ့ အခန်းတွေပါပါတယ်။ ဇာတ်လမ်းကို ယူကြည့်လိုက်ပါ။ အဲဒီတော့မှ သိပါလိမ့်မယ်”လို့ ပြော ဆိုပါတယ်။

“ဖားသည်မသား” ဇာတ်ကားကို ၀င်းမေတ္တာ ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဧပြီ ၂၂ ရက်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ရှိုင်းကို က ရိုက်ကူးပြီး ဇာတ်ညွှန်း နေမင်းခ၊ သရုပ်ဆောင် နေထက်လင်း၊ နေမင်းခ၊ ငြိမ်းချမ်း၊ နေခြည်ငြိမ်းချမ်း တို့က ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အခုလို လူစိတ်ဝင်စားမှု များခဲ့တာကြောင့် ဒီဇာတ်ကားရဲ့ ဒုတိယပိုင်းဖြစ်တဲ့ “ဖားသည်မသား လူဝင်စား” အမည်နဲ့ အခုပါဝင် သရုပ် ဆောင်ထားကြသူတွေ အတိုင်း လာမယ့်မေလ အတွင်းမှာ ဆက်လက်ရိုက်ကူး သွားမှာဖြစ်တယ်လို့ “၀င်းမေတ္တာ” ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး ပိုင်ရှင်ဖြစ်တဲ့ မပပ၀င်းက ဧရာဝတီကို ပြောပါတယ်။

The post ဖေ့စ်ဘုတ်မှာ ကြော်ငြာ ပိုစတာမူကွဲ ၂ ခု ဖြစ်ပေါ်နေတဲ့ “ဖားသည်မသား” ဗီဒီယိုဇာတ်ကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ