Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Avengers 4”ရုပ်ရှင်မှာ ပါဝင်မယ့် မင်းသမီး Katherine Langford

$
0
0

မင်းသမီး Katherine Langford ဟာ “Avengers 4” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ “13 Reasons Why” စီးရီးမင်းသမီး Katherine ဟာ လာမယ့်နှစ်မှာ ရုံတင်ပြသမှာဖြစ်ပြီး နာမည်မပေးရသေးတဲ့ “Avengers” မှာ ပါဝင်လာမှာဖြစ်တယ်လို့ The Wrap မီဒီယာက ဆိုပါတယ်။

သူရဲ့ဇာတ်ကောင် အသေးစိတ် အချက်အလက်နဲ့ ဇာတ်ကြောင်းကိုတော့ မသိရသေးပေမယ့် သူဟာ သူပါဝင်ရမယ့် ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။

သြစတေးလျမင်းသမီး Katherine ရဲ့ ကိုယ်စားလှယ်ကတော့ အဲဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက် မပေးသေးပါဘူး။ မင်းသမီးဟာ Netflix ကနေပြသခဲ့တဲ့ “13 Reasons Why” စီးရီးမှာ ပါဝင်ခဲ့တဲ့ Hannah Baker ဇာတ်ကောင် အနေနဲ့ ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီစီးရီးထဲမှာ သူဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးတဲ့နောက် ပြဿနာတွေ တသီတတန်းကြီး ချန်ထားခဲ့တဲ့ အထက်တန်း ကျောင်းသူတဦးအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဆိုတော် Selena Gomez က ထုတ်လုပ်ခဲ့တဲ့ အဲဒီစီးရီးမှာ အသက် ၂၂ နှစ်အရွယ် မင်းသမီးဟာ ပထမရာသီနှစ်ခုမှာ ပါဝင်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ ပြသမယ့် တတိယမြောက် ရာသီမှာတော့ ပြန်လည်ပါဝင်လာတော့မှာ မဟုတ်ပါဘူး။ အဲဒီစီးရီးရဲ့ ထုတ်လုပ်သူ Selena ရဲ့ မိခင် Mandy Teefey က မင်းသမီးကို Instagram ကနေတဆင့် ချီးကျူးခဲ့ပါတယ်။

မင်းသမီး Katherine ဟာ “Love, Simon” နဲ့ “The Misguided” ရုပ်ရှင်တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး Netflix ကနေပဲ ပြသမယ့် “Cursed” စီးရီးမှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

ကမ္ဘာကျော်မင်းသားတွေ ဖြစ်ကြတဲ့ Chris Evans, Robert Downey Jr., Chris Hemsworth နဲ့ မင်းသမီး Scarlett Johansson တို့ ပါဝင်ထားကြတဲ့ “Avengers: Infinity War” ရုပ်ရှင်ကို ပြီးခဲ့တဲ့ ဧပြီလမှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ဟာ အမေရိကန် ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၆၇၅ သန်း ရရှိခဲ့ပြီး ကမ္ဘာတဝန်းမှာ ဒေါ်လာ ၂ ဘီလီယံ ရရှိခဲ့ပါတယ်။ စတုတ္ထမြောက် “Avengers” ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ မေလမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Ref: aceshowbiz

The post “Avengers 4” ရုပ်ရှင်မှာ ပါဝင်မယ့် မင်းသမီး Katherine Langford appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ