Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဇာတ်ပို့ ဇာတ်ရန်တွေဆိုတာလည်း အရေးပါတဲ့အတွက် လျစ်လျူမရှုကြပါနဲ့”

$
0
0

ရုပ်ရှင်လောကထဲမှ သာရေးနာရေးကိစ္စများမှာ တက်ကြွစွာ ပါဝင်လုပ်ကိုင်သူလည်းဖြစ်၊ လူကြမ်းသရုပ်ဆောင်များစွာနဲ့ ဖွဲ့စည်းထားတဲ့ ကိုလူချောအဖွဲ့မှာလည်း ဦးဆောင်သူတဦးဖြစ်တဲ့ သရုပ်ဆောင်အောင်ခိုင်ကတော့ သူတို့ ဇာတ်ပို့ဇာတ်ရန်တွေနဲ့ လူကြမ်းသရုပ်ဆောင်တွေဟာ ဟင်းတခွက်လိုပါပဲ အရေးပါတဲ့အတွက် လျစ်လျူမရှုကြပါနဲ့ လို့ ပြောပါတယ်။

“ဇာတ်ပို့ဇာတ်ရန်တွေဆိုတာ ဟင်းတခွက်ချက်သလိုပါပဲ။ ဇာတ်ပို့ဇာတ်ရန်များသည် ဟင်းတခွက်ချက်တဲ့ထဲမှာ ငရုတ်သီးလေး ၊ ဆားလေး၊ အချိုမှုန့်လေး ၊ ဆီလေးနည်းနည်း အလျင်းသင့်အောင် အစပ်အဟပ်တည့်အောင် ထည့်မှ ဟင်းတခွက်ဖြစ်မှာပါ”

“ဒါကြောင့်မလို့ ဇာတ်ပို့ဇာတ်ရန်တွေဟာ ဟင်းတခွက်ချက်တဲ့နေရာမှာ အရေးကြီးတဲ့ ငရုတ် ၊ ကြက်သွန် ၊ဆား ၊ နနွင်း ၊ မဆလာလေးလိုအရေးပါတဲ့ သရုပ်ဆောင်တွေဖြစ်ပါတယ်။ ဒါကြောင့် လောကက လျစ်လျူမရှုကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ သရုပ်ဆောင်အောင်ခိုင်က ပြောပါတယ်။

ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်တဦးဖြစ်တဲ့ ဒေါ်စံပယ်ရဲ့ နာရေးမှာလည်း သရုပ်ဆောင်အောင်ခိုင်ဦးဆောင်တဲ့ ကိုလူချောအဖွဲ့က တက်ကြွစွာပါဝင်ကူညီခဲ့ကြပြီး ၎င်းတို့နဲ့အတူ မမများအဖွဲ့နဲ့ ရုပ်ရှင်အစည်းအရုံးမှ လာရောက်ပို့ဆောင်ကြပေမယ့် တခြားသော အနုပညာရှင်များကို မတွေ့ရတဲ့ အပေါ်မှာလည်း အခုလိုပြောပြထားပါတယ်။

“စိတ်ထဲမကောင်းတာတခုကတော့ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာလိုခြင်းမရှိပါဘူး။ မစံပယ်က တချိန်တုန်းက အမေများအဖွဲ့ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ဖူးတယ်။ သြင်္ကန်တိုင်းမှာ တက်တက်ကြွကြွကခဲ့ဖူးတဲ့ သူတယောက်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် မစံပယ်ဆုံးတဲ့အချိန်မှာ အမေများအဖွဲ့က တယောက်မှ မတွေ့ရဘူး”

“ဘာဖြစ်လို့လဲ ကားရိုက်သွားနေတာလား။ ဒါမှမဟုတ် ဘာဖြစ်လို့လဲဆိုတာ မသိရဘူး။ မမများအဖွဲ့ကလာကြတယ်။ ကိုလူချောအဖွဲ့က လာကြတယ်။ ရုပ်ရှင်အစည်းအရုံးက လာပို့တယ်။ တခြားသောသရုပ်ဆောင်တွေဆိုတာ ယောင်လို့တောင်မတွေ့ရဘူး။ တကယ်ကို ရင်ထဲမှာ မကောင်းဘူး” လို့ သရုပ်ဆောင်အောင်ခိုင်က ပြောပါတယ်။

သရုပ်ဆောင်ဖြစ်တာခြင်း အတူတူမှာ မတူညီတဲ့ အကြောင်းတရားတွေအများကြီးရှိတဲ့အတွက် ဇာတ်ပို့ဇာတ်ရန်တွေ သေဆုံးတဲ့အခါမှာ တိတ်တဆိတ်နဲ့ ပြီးဆုံးကြရတယ်လို့ ပြောပါတယ်။

“တကယ်တမ်းကျတော့ ဇာတ်ပို့ဇာတ်ရန်တွေ ဦးအောင်ခိုင်တို့လို လူကြမ်းတွေက သူတို့သေသွားကြရင်ပေါ့။ ပြောရမှာတော့ ရင်ထဲတမျိုးကြီးပေါ့နော်။ ဘယ်သူမှ ကူညီတာတို့ ဖေးမတာတို့ မတွေ့ကြဘူး။ ဇာတ်ပို့ဇာတ်ရံတွေ လူကြမ်းတွေကလည်း သရုပ်ဆောင်တွေပါ။ ဒါပေမယ့် သရုပ်ဆောင်ခြင်းတူပေမယ့် မတူတဲ့ အကြောင်းရင်းတွေ အများကြီး။ နောက်ဆုံးခရီးတိုင်းမှာ ကြုံတွေ့ရတယ်” လို့ ပြောပါတယ်။

တခြားသော သူများမှာ မသိကြလို့ ဒေါ်စံပယ်ရဲ့အသုဘကို မလာရောက်ကြတာများလားဆိုတာကိုတော့ အောင်ခိုင်က အခုလိုဆိုပါတယ်။

“အပြင်က ပရိသတ်တွေတောင်သိသေးတာပဲ။ ဘာဖြစ်လို့လဲဆိုရင် Facebook ဆိုတာက ဒီလိုနေရာမျိုးတွေမှာ သက်ရောက်မှုရှိပါတယ်။ ပွနေအောင်ရေးထားကြတာပါ။ တချို့ပရိသတ်တွေဆို မလေးရှားတို့ အမေရိကားတို့က အလှူရှင်တွေတောင် သိသေးတာပဲ။ ဒါကတော့ အပြစ်မပြောလိုပါဘူး။ မအားလပ်လို့ဖြစ်ချင်ဖြစ်မယ်” လို့ ပြောပါတယ်။

သရုပ်ဆောင် အောင်ခိုင်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တယောက်ဖြစ်ပြီး လူကြမ်းသရုပ်ဆောင်များဖြင့် ဖွဲ့စည်းထားတဲ့ ကိုလူချောအဖွဲ့နဲ့အတူလည်း ရုပ်ရှင်လောကသားများရဲ့ အရေးကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

The post “ဇာတ်ပို့ ဇာတ်ရန်တွေဆိုတာလည်း အရေးပါတဲ့အတွက် လျစ်လျူမရှုကြပါနဲ့” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ