Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Priyanka Chopra အတွက် ဒေါ်လာ ၆ ဒဿမ ၅ သန်းတန် အိမ်ဝယ်ပေးလိုက်တဲ့ Nick Jonas

$
0
0

လာမယ့်လမှာ ဘောလိဝုဒ်မင်းသမီး Priyanka Chopra နဲ့ လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ အဆိုတော် Nick Jonas ကတော့သူ့ရဲ့ ဇနီးလောင်းအတွက် ဒေါ်လာ ၆ ဒဿ ၅ သန်းတန် အိမ်ကြီးတလုံးကို ဝယ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဖျော်ဖြေရေးဝက်ဘ်ဆိုက်ဖြစ်တဲ့ TMZ ရဲ့အဆိုအရ သူတို့စုံတွဲနှစ်ဦးရဲ့အိမ်ဟာ Beverly Hills စာတိုက်ဒေသမှာရှိပြီး Bev Hills နဲ့ စာတိုက်ကုဒ်နံပါတ် တူညီတယ်လို့ဆိုပါတယ်။ အကျယ် ၄၁၂၉ စတုရန်းပေ ရှိတဲ့ အဲဒီအိမ်ကြီးကနေ ချောက်ကမ်းပါးကို လှမ်းမျှော်ကြည့်ရှုနိုင်မှု၊ ဧည့်ဆောင်ထည့်သွင်းဆောက်လုပ်ထားမှုနဲ့ တိုးချဲ့ထားတဲ့ သစ်သား ဝရန်တာနဲ့ ရေကူးကန်လည်း ပါဝင်ပါတယ်။

အသက် ၂၆ နှစ်အရွယ် အဆိုတော် Nick Jonas နဲ့ အသက် ၃၆ နှစ်အရွယ် မင်းသမီး Priyanka Chopra တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပန်ဂျက်ရိုးရာ “Roka” ပွဲတခုနဲ့ လက်ထပ်ခဲ့ကြပြီး အခုဝယ်တဲ့ ဗီလာအိမ်မှာတော့ အိပ်ခန်း ၅ ခန်း ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီအိမ်ကို ကနဦးက ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၁ ဒဿမ ၈ သန်းနဲ့ နိုက်ကလပ် စီးပွားရေးလုပ်ငန်းရှင် Jason Lev က ဝယ်ယူခဲ့တာကိုသိရပါတယ်။ အဲဒီအိမ်ရဲ့ နံရံတွေကို Machiche သစ်သားနဲ့ အလှဆင်ထားပြီး ကြမ်းခင်းတွေကိုတော့ ဝက်သစ်ချသားနဲ့ ဖန်တီးဆောက်လုပ်ထားပါတယ်။

မင်းသမီး Chopra ဟာ နယူးယောက်ရဲ့ မွမ်ဘိုင်းမှာရှိတဲ့ အိမ်နှစ်လုံးကိုလူးလာခေါက်ပြန်လုပ်နေပီး Jonas ကတော့ သူ့အကို Joe နဲ့ နေထိုင်တဲ့ လော့စ်အင်ဂျလိစ်မှာ ရှိတဲ့အိမ်ကနေ ထွက်ခွာလာခဲ့ပြီးတဲ့နောက် နယူးယောက်မှာ တိုက်ခန်းငှားနေပါတယ်။

သူတို့နှစ်ဦးဟာ လာမယ့်ဒီဇင်ဘာလ၊ အိန္ဒိယနိုင်ငံက Jodhpur မြို့မှာ လက်ထပ်မယ်လို့ မျှော်လင့်ရပါတယ်။ မင်းသမီးကတော့ အခုလထဲ နယူးယောက်မြို့မှာ ဧည့်ပရိသတ် ၂၀၀ နဲ့အတူ မင်္ဂလာပွဲကြိုပါတီတခုကိုလည်း ကျင်းပဖို့ စီစဉ်ထားပါတယ်။

Ref: economictimes

The post Priyanka Chopra အတွက် ဒေါ်လာ ၆ ဒဿမ ၅ သန်းတန် အိမ်ဝယ်ပေးလိုက်တဲ့ Nick Jonas appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ