Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်းသား Tom Cruise ပရိသတ်တွေ ပြန်လည်ကြည့်ရှုသင့်တဲ့ The Firm (1993)

$
0
0

ဒီတခါမိတ်ဆက်ပေးမယ့်ရုပ်ရှင်ကတော့ ဒါရိုက်တာ Sydney Pollack ရိုက်ကူးထားတဲ့ Drama , Mystery , Thriller အမျိုးအစားရုပ်ရှင်တကားဖြစ်တဲ့ The Firm ပဲဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ကတော့ Tom Cruise , Jeanne Tripplehorn နဲ့ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ စာရေးဆရာ John Grisham ရဲ့ ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ The Firm ကို ပြန်လည် အခြေခံရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

Mitch ဟာ ရှေ့နေအလုပ်အတွက် အင်တာဗျူးပေါင်းများစွာကို အပြေးအလွှား ဖြေဆိုနေရသူတဦးဖြစ်ပြီး သူ့ကို အင်တာဗျူးခဲ့တဲ့ လုပ်ငန်းတိုင်းကလည်း သူ့ကို မက်လောက်စရာလစာငွေတွေနဲ့ ညှိနှိုင်းခြင်းကို ခံရသူတဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Mitch အနေနဲ့ အဲဒီလုပ်ငန်းတွေရဲ့ မက်လုံးတွေဟာ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံး အင်တာဗျူး တခုဖြစ်တဲ့ ပုဂ္ဂလိကရှေ့ နေရုံး Memphis မှာတော့ သူ့အတွက် ညှိနှိုင်းမှုနဲ့ လစာဟာ Mitch ကို ဆွဲဆောင်နိုင် ခဲ့တာလည်းဖြစ်ပါတယ်။ လစာငွေနဲ့ Bonus အပြင်အိမ်တလုံး ၊ မာစီဒီးကားတစီး၊ အတိုးနှုန်းအနိမ့်ဆုံးနဲ့ ဘဏ်အပေါင်စာချုပ်တခုပဲဖြစ်ပါတယ်။

Memphis မှာ လုပ်ကိုင်ဖို့ Mitch ရော သူ့ဇနီး Abby ပါ ပြောင်းရွှေ့လာခဲ့ကြပြီး ကုမ္ပဏီက ကမ်းလှမ်းထားတဲ့အတိုင်း ချစ်စရာကောင်းတဲ့ အိမ်လေးတလုံးမှာ နေထိုင်ကြရဖို့အရေးဟာ သူတို့အတွက် ပျော်ရွှင်စရာနေ့တွေပဲဖြစ်ပါတယ်။

ပထမဆုံးရုံးစစတက်တဲ့နေ့မှာပဲ Mitch ဟာ တက်တက်ကြွကြွနဲ့ ရုံးကိုရောက်လာခဲ့ပေမယ့် ရုံးမှာ ဘယ်သူမှရှိမနေဘဲ အခန်းတခန်းထဲမှာတော့ တီးတိုးပြောဆိုနေတဲ့ သူ့ရဲ့ အထက်လူကြီးတွေကို တွေ့ရှိလိုက်ရပါတယ်။ သူတို့ဟာ Mitch ကို မြင်မြင်ချင်းမှာပဲ အခန်းတံခါးကို ပိတ်လိုက်ကြပြီး Mitch အတွက် အထူးတဆန်းဖြစ်ခဲ့ရပါတော့တယ်။

Mitch အလုပ်ကို စဝင်ပြီး ရက်သတ္တပတ်သိပ်မကြာခင်မှာပဲ ကုမ္ပဏီရဲ့ ရှေ့နေတွေလည်းဖြစ် Mitch ရဲ့ စီနီယာနှစ်ယောက်ဟာ ပိတ်ရက်မှာ လှေစီးဖို့ထွက်သွားရင်း အဲဒီလှေဟာ ပေါက်ကွဲသွားခဲ့တာပဲ ဖြစ်ပါတယ်။

Mitch အလုပ်လုပ်နေတဲ့ ရှေ့နေရုံးဟာ သူ ထင်ထားမြင်ထားသလောက် မရိုးရှင်းဘဲ နောက်ကွယ်မှာ ဘယ်လိုအရာတွေ ရှိနေမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

IMDb rating 6.8 ရရှိထားပြီး မင်းသား Tom Cruise ရဲ့ ငယ်ရွယ်ဖျတ်လတ်တဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုရမှာမလို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

The post မင်းသား Tom Cruise ပရိသတ်တွေ ပြန်လည်ကြည့်ရှုသင့်တဲ့ The Firm (1993) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ