Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖိလစ်ပိုင်မင်းသမီး Kathryn Bernardo ကို လူချစ်လူခင် ပေါများစေတဲ့ အချက် ၁၀ ချက်

$
0
0

Kathryn လို့ ဆိုလိုက်တာနဲ့ မျက်နှာပါးပါးလေးနဲ့ လှပတဲ့ ဖိလစ်ပိုင်မင်းသမီးလို့ တန်းသိကြမှာပါ။ သူမဟာ နာမည်ကြီး မင်းသမီးဖြစ်ရုံမက လှပချောမောတဲ့ စာရင်းထဲမှာလည်း အမြဲပါနေကျပါ။ သူမရဲ့ချစ်သူ Daniel Padilla ကလည်း သူမကို အရမ်းချစ်တာကြောင့် လူတိုင်းက အားကျရတဲ့ အတွဲလည်း ဖြစ်ပါတယ်။

Kathryn ကိုလူတွေဘာကြောင့် ချစ်ရသလဲဆိုတဲ့ အကြောင်းအရင်းကိုလည်း ဖော်ပြပေးချင်ပါတယ်။

(၁) သူမဟာနာမည်ကြီးဖို့၊ ပရိသတ်များဖို့အတွက် အခြားသူတွေလို အထူးတလည် အားစိုက်စရာ မလိုပါဘူး။ သူမရဲ့သရုပ်ဆောင်စွမ်းရည်၊ အလှနဲ့ ချစ်စရာကောင်းတဲ့ အကျင့်လေးတွေကြောင့် ချစ်ခင်သူ ပရိသတ် အများကြီးပါပဲ။

(၂) သူမကိုချစ်စနိုးနဲ့ Teen Queen လို့လည်း ခေါ်ကြပြီး ထူးခြားချက်ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေလေ့ ရှိပါတယ်။ သူမအနားကို ရောက်လာသူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးလေ့ ရှိပါတယ်။

(၃) အသက် ၁၉ နှစ်အရွယ်လောက်တည်းက FHM World’s Hottest Nations of United Kingdom မှာ နံပါတ် ၅ နေရာကို ရပ်တည်နိုင်ခဲ့တာကြောင့် နာမည်ကြီးကုမ္ပဏီတွေက အပြိုင်လိုချင်နေခဲ့တဲ့ မင်းသမီးတဦးလည်း ဖြစ်ပါတယ်။

(၄) သူမဟာ အမေချစ်သမီးလည်းဖြစ်ပြီး အမေ့စကားကို အမြဲနားထောင်ပါတယ်တဲ့။

(၅) ကိုယ်လုံးလေးက သေးသွယ်ပေမယ့် အကြိုက်ဆုံးအစားအစာက ပီဇာနဲ့ ကြက်ကြော်ဖြစ်ပါတယ်။

(၆) အသက် ငယ်ရွယ်စဉ်တည်းက အနုပညာလုပ်ငန်းကို စခဲ့တာကြောင့် ကျောင်းတက်ချိန်မှာ အခက်အခဲဖြစ်ပြီး ကောလိပ်တက်ဖို့တောင် နှောင့်နှေးခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူမဟာ အရမ်းကို အောင်မြင်နေတာကြောင့် အခက်အခဲ အတားအဆီးတွေက သူမကို အောက်ပြုတ်ကျသွားအောင် မလုပ်နိုင်ပါဘူး။

(၇) သရဲကားတွေ ထိတ်လန့်စရာကားတွေကိုတော့ သူမ မကြိုက်ပါဘူးတဲ့။ Kathryn တယောက်အသည်းငယ်တတ်ပုံပါပဲ။

(၈) အနုပညာရှင်ဖြစ်တာကြောင့် မိတ်ကပ် အမြဲလိမ်းရပေမယ့် ဒါတွေက ကြာရှည်မခံဘူးဆိုတာ သူမသိပါတယ်တဲ့။ လူတွေရဲ့ အချစ်ကိုရဖို့ ရုပ်ရည်ထက် နွေးထွေးတဲ့နှလုံးသားက ပိုအရေးကြီးတယ်လို့ သူမလက်ခံထားပါတယ်။

(၉) သူမ ပါဝင်သရုပ်ဆောင်တဲ့ တီဗီပရိုဂရမ်တွေကိုလည်း ကြည့်နှုန်းတိုးလာအောင် ကြိုးစားအားထုတ်နိုင်သူလေးပါ။

(၁၀) Kath ဟာ ပရိသတ်တွေအပေါ် အရမ်းချစ်ခင်ပြီး အားကိုးသူလေးပါ။ Kathniel လို့ ခေါ်တဲ့ သူမနဲ့ Daniel နာမည်ကို ပေါင်းပြီးပေးထားတဲ့ fan အဖွဲ့ကြောင့်သာ သူမအခုထက်ထိ ရပ်တည်နေနိုင်တာလို့ ဆိုပါတယ်။

ဒါကတော့ ချောမောလှပတဲ့ Kathryn Bernardo ရဲ့ လူချစ်လူခင်ပေါများစေတဲ့ အကြောင်းအရင်း တွေပဲဖြစ်ပါတယ်။

Ref ; www.lionheartv.net

The post ဖိလစ်ပိုင်မင်းသမီး Kathryn Bernardo ကို လူချစ်လူခင် ပေါများစေတဲ့ အချက် ၁၀ ချက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ