Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခင်ပွန်းလောင်းကို ပွဲထုတ်ပြသလိုက်တဲ့ အဆိုတော် လေဒီဂါဂါ

$
0
0

ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါဟာ Talent အေးဂျင့်တဦးဖြစ်တဲ့ ချစ်သူ Christian Carino နဲ့ စေ့စပ်ထားပြီလို့ ဆိုလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ်အဆိုတော်ဟာ လော့စ်အင်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ Elle Women ပွဲမှာ အမှာစကား ပြောကြားနေတုန်း Carino ဟာ သူ့ရဲ့ခင်ပွန်းလောင်းလို့ ခေါ်ဆိုလိုက်တာလည်း ဖြစ်ပါတယ်။

လေဒီဂါဂါက “ကျမဘဝမှာ ချစ်ခင်ရတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မန်နေဂျာ ဘော်လီ၊ ရှင့်ကိုလည်း ချစ်ပါတယ်။ စားပွဲနံပါတ် ၅ မှာထိုင်နေတဲ့လူတိုင်းကိုလည်း ချစ်ပါတယ်။ ကျမရဲ့ ခင်ပွန်းလောင်း Christian ရောပေါ့။ ကျမကို နေ့တိုင်း စောင့်ရှောက်ပေးတဲ့ ကျမဘဝထဲက လူတိုင်းကို ချစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လေဒီဂါဂါဟာ မင်းသား Taylor Kinney နဲ့ စေ့စပ်မှုအဆုံးသတ်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Carino နဲ့ ပထမဆုံး တွဲမိခဲ့တာလည်း ဖြစ်ပါတယ်။ US Weekly က လေဒီဂါဂါဟာ ပြီးခဲ့တဲ့ နှစ်နွေရာသီကာလမှာ Carino နဲ့ တိတ်တဆိတ်စေ့စပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သတင်းထုတ်ပြန်ထားပါတယ်။

“Joanne” သီချင်းအဆိုတော် လေဒီဂါဂါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာတော့ ညာဖက်လက်မှာ စိန်လက်စွပ်ကို ဝတ်ဆင်ပြီး စေ့စပ်လိုက်ပြီဆိုတဲ့ ကောလာဟလတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။

သတင်းရင်းမြစ်တခုက “သူတို့နှစ်ယောက်လုံးဟာ တကယ့်ကိုပဲ ပျော်ရွှင်နေကြပါတယ်။ အလုပ် ဖြစ်ပါတယ်။” လို့ Us Weekly ကို ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ Elle ပွဲမှာတော့ လေဒီဂါဂါဟာ Charlize Theron, Keira Knightley, Shonda Rhimes နဲ့ အခြား လူထုအပေါ် လွှမ်းမိုးနိုင်တဲ့အမျိုးသမီးတွေနဲ့အတူ ဂုဏ်ပြုခံခဲ့ရပါတယ်။ လာမယ့် နိုဝင်ဘာလမှ ဖြန့်ချိမယ့် မဂ္ဂဇင်းထဲမှာတော့ သူက ဂီတသရုပ်ဆောင်အလုပ်တွေကနေ အတိတ်ကာလအတွေ့အကြုံတွေကို ဆွဲထုတ်နိုင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

အဆိုတော် လေဒီဂါဂါက “အောင်မြင်မှုက အချစ်ရေးကို စမ်းသပ်ပါတယ်။ မိသားစုတွေကို စမ်းသပ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကို စမ်းသပ်ပါတယ်။ နာမည်ကျော်ကြားဖို့ အဖိုးအခတော့ ရှိပါတယ်။ ကျမ နှလုံးသားထဲမှာရှိတဲ့ နာကျင်မှုကို ချိတ်ဆက် အသုံးမပြုဘဲ ကျမဂီတ ဖန်တီးတာ၊ သရုပ်ဆောင်တာ လုပ်လို့ မရပါဘူး” လို့ ပြောကြားထားပါတယ်။

Ref: upi

The post ခင်ပွန်းလောင်းကို ပွဲထုတ်ပြသလိုက်တဲ့ အဆိုတော် လေဒီဂါဂါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ