Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒေါင်းနဲ့အတူ ရိုက်ကူးထားတဲ့ Music Video အကြောင်းပြောပြတဲ့ ပန်းရောင်ခြယ်

$
0
0

အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ ဒီနှစ်ထဲမှာ ထွက်ရှိမယ့် သူမရဲ့တကိုယ်တော်အခွေထဲမှာ ပါဝင်မယ့် သီချင်းတပုဒ်ဖြစ်တဲ့ “Let It Go” ဆိုတဲ့သီချင်းရဲ့ Music Video ကို အက်ရှင်ပုံစံ ရိုက်ကူးထားပြီး သရုပ်ဆောင် ဒေါင်းနဲ့အတူ သရုပ်ဆောင်ထားပါတယ်။

“ဒီသီချင်းကို ပြီးပြီးချင်းမှာပဲ Music Video ရိုက်မယ် ဆိုရင် အက်ရှင်ရိုက်ချင်တယ်။ အဲဒီလို စဉ်းစားလိုက်တဲ့အခါမှာ ဒါရိုက်တာကိုဉာဏ်ကလည်း Dimensions ရိုက်ထားတာ အရမ်းမိုက်တယ်။ သူက အက်ရှင်လည်း ကျွမ်းပြီးသား။ အပြင်မှာလည်း အရမ်းခင်တော့ ဒီသီချင်းလေးကို အက်ရှင်ပုံစံလေး ရိုက်ချင်တယ်လို့ သူ့ကိုပြောတော့ သူကဇာတ်ညွှန်း ရေးလာပေးတယ်။ အဲဒီလိုနဲ့ ရိုက်ဖြစ်သွားတာပါ” လို့ ပန်းရောင်ခြယ်က ဧရာဝတီကိုပြောပါတယ်။

Music Video ရဲ့ Trailer ကိုတော့ အောက်တိုဘာလ ၁၂ရက်နေ့က တင်ပေးထားခဲ့ပြီး ပန်းရောင်ခြယ်ရဲ့ သရုပ်ဆောင် ထားမှုကို ပရိသတ်များက သဘောကျလျက်ရှိပြီး Trailer မှာကိုပင် ကြည့်ရှုသူ ၅သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

“သရုပ်ဆောင်တဲ့အပိုင်းမှာတော့ ဒီသီချင်းမှာ ဇာတ်ညွှန်းကို ကြိုရထားတော့ အိမ်မှာကြိုပြီးတော့ စဉ်းစားထားတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာကို။ အခက်အခဲကတော့ ပျော်နေလို့လားမသိဘူး။ အများကြီး လိုသေးတယ်လို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အားမရသေးပါဘူး”လို့ ပန်းရောင်ခြယ်ကပြောပါတယ်။

Music Video အပြည့်အစုံကိုတော့ အောက်တိုဘာလ ၁၇ရက်နေ့မှာ အွန်လိုင်းကနေ တင်ပေးသွားမယ်လို့ သိရပါတယ်။

“ကိုဒေါင်းနဲ့ ရိုက်ဖြစ်တာကတော့ ဒီသီချင်းကို အက်ရှင်ရိုက်မယ်ဆိုပြီး ဇာတ်ညွှန်းလေးထွက်လာတဲ့အခါကျတော့ ဒီကာရိုက်တာနဲ့ လိုက်တဲ့ သရုပ်ဆောင်၊ ဒီလိုမျိုး သရုပ်ဆောင်နိုင်တဲ့ မင်းသားကို စဉ်းစားလိုက်တဲ့အခါမှာ ကိုဒေါင်း ကိုစဉ်းစားမိလိုက်တာနဲ့ ရိုက်ဖြစ်သွားတာပါ”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

အမှတ်တရအနေနဲ့လည်း “ရိုက်တာက ၃ရက်အချိန်ယူပြီး အေးအေးဆေးဆေး ရိုက်တယ်။ ပထမရက်က ကိုဒေါင်းနဲ့ ရိုက်ရမယ့် အခန်းတွေရိုက်တယ်။ နောက်ဆုံးရက်က ပန်းရောင် သေနတ်ပစ်တဲ့ အခန်းတွေရိုက်တယ်။ သေချာလည်း ပြင်ဆင်ပြီး ရိုက်ဖြစ်တယ်”

“အမှတ်တရကတော့ ၃ရက်လုံးပျော်နေတာ။ မောလို့မောမှန်းမသိဘူး။ စိတ်တက်ကြွပြီး တော့လေ။ ကိုယ်က အက်ရှင်ကလည်း တခါမှ မရိုက်ဖူးဘူး။ အကုန်လုံးက ဝိုင်းပြီး ပံ့ပိုးပေးကြလို့ အကောင်းဆုံး ဖြစ်သွားတယ်။ မျှော်လင့်ထားသလိုလည်း ဖြစ်လာတယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

ပန်းရောင်ခြယ်ကတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့အတူ “Wake Up Daddy” ဆိုတဲ့အခွေလေးထွက်ရှိခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ဆယ်ကျော်သက်ပရိသတ်များရဲ့ အားပေးမှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။

The post ဒေါင်းနဲ့အတူ ရိုက်ကူးထားတဲ့ Music Video အကြောင်းပြောပြတဲ့ ပန်းရောင်ခြယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)