Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၅ လကြာတွဲခဲ့တဲ့ ချစ်သူနဲ့လမ်းခွဲလိုက်တဲ့ အဆိုတော် Ariana Grande

$
0
0

အချိန် ၅ လကြာတွဲခဲ့ပြီးတဲ့နောက်မှာ Pete Davidson နဲ့အဆိုတော် Ariana Grande တို့ဟာ လမ်းခွဲလိုက်ကြပြီ ဖြစ်ပြီး သူတို့ရဲ့ စေ့စပ်မှုကိုလည်း အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

သူတို့ရဲ့ ပရိသတ်တွေအတွက်တော့ ဝမ်းနည်းဖွယ် နေ့တခုဖြစ်ပါတယ်။ TMZ မီဒီယာရဲ့အဆိုအရ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ လမ်းခွဲလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုတော် Ariana ဖက်ကရော၊ Pete ဖက်ကရော လမ်းခွဲမှုနဲ့ ပတ်သက်လို့ မှတ်ချက်တစုံတရာ မပေးသေးတဲ့အတွက် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။

ဒါပေမယ့် သတင်းရင်းမြစ်တွေရဲ့အဆိုအရ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ အခုအချိန်ဟာ အချိန်ကောင်းမဟုတ်ဘူးဆိုတာကို နှစ်ယောက်သား ရှင်းရှင်းလင်းလင်း လက်ခံထားကြတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တခုက “အရမ်းကိုစောလွန်းတဲ့ လမ်းတခုဖြစ်ပါတယ်။ လူတိုင်းကိုတော့ အံ့သြသင့်စေခဲ့တာတော့ မဟုတ်ပါဘူး” လို့ People ကိုပြောကြားခဲ့ပါတယ်။ ချစ်သူဖြစ်ပြီး ၂၄ ရက်လောက် အတွင်းမှာ စေ့စပ်လိုက်ပြီး ဒေါ်လာသန်းနဲ့ချီတဲ့ အိမ်တလုံးဆီ ပြောင်းသွားတယ်ဆိုတာ နားလည်လက်ခံပေးနိုင်ပြီး စုံတွဲတက်တူး ထိုးကြတာမျိုး ငါးလအတွင်းမှာ စုံတွဲတိရိစ္ဆာန်တွေ မွေးကြတာမျိုးတွေအထိ ရှိတာကိုလည်း ပရိသတ်က သိရှိထားတယ်လို့ ဆိုပါတယ်။

People နဲ့ E! News ရဲ့အဆိုအရ အဆိုတော် Ariana ရဲ့ ချစ်သူဟောင်း Mac Miller ရုတ်တရက်ကွယ်လွန်ခဲ့မှုဟာလည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ် ထိခိုက်မှုရှိစေနိုင်တာဖြစ်တယ်လို့ ထင်မြင်ထားပါတယ်။ အခုအချိန်မှာတော့ ချစ်သူဟောင်း ကွယ်လွန်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အဆိုတော် Ariana ကတော့ ဝမ်းနည်းမှုတွေကို ကုသနေဆဲ အခြေအနေမှာပဲ ရှိနေပါတယ်။

အသက် ၂၅ နှစ်အရွယ် Ariana နဲ့ အသက် ၂၄ နှစ်အရွယ် Pete တို့ဟာ ပြီးခဲ့တဲ့ မေလတုန်းက ချစ်သူတွေ ဖြစ်နေပြီလို့ အတည်ပြုခဲ့ပြီးနောက် မကြာမီမှာပဲ စေ့စပ်လိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာလည်း Ariana အတွက် ခံစားချက်တွေ ပြင်းထန်လွန်းတဲ့ အချိန်ကာလတခုဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မေလတုန်းကလည်း မန်ချက်စတာမြို့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ လူ ၂၂ ဦးသေဆုံးခဲ့ရတဲ့ အထိ ဖြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၃ ရက်နေ့၊ လော့စ်အင်ဂျလိစ်မှာရှိတဲ့ Warner Bros. Studios က F–ck Cancer Gala မှာ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမယ့် နောက်ဆုံးအချိန်ကျမှ ကပ်ပြီး နုတ်ထွက်သွားခဲ့ပါတယ်။

Ariana ရဲ့ မန်နေဂျာ Scooter Braun က “ကျနော်နဲ့ နီးစပ်တဲ့လူတယောက်က သူလာမဆိုနိုင်တော့ဘူးလို့ ပြောလာပါတယ်။ သူလက်ရှိမှာ ကြုံနေရတဲ့ ကိစ္စတချို့ကြောင့် သူဒီနေ့ ဒီနေရာကို လာနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ မန်နေဂျာတယောက်အနေနဲ့ ပြောလိုတာက သူဟာ အချိန်လိုနေသေးတယ်ဆိုတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Ref: asiaone, etcanada

The post ၅ လကြာတွဲခဲ့တဲ့ ချစ်သူနဲ့လမ်းခွဲလိုက်တဲ့ အဆိုတော် Ariana Grande appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ