Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူသက်တမ်း ၅ နှစ်အကြာမှာ လက်ထပ်လိုက်ကြတဲ့ အဆိုတော် Gummy နဲ့ Jo Jung Suk

$
0
0

ကိုရီးယားမင်းသား Jo Jung Suk နဲ့ တကိုယ်တော်အဆိုတော် Gummy တို့ဟာ တရားဝင်လက်ထပ်လိုက်ကြပြီ ဖြစ်ပါတယ်။ သူတို့စုံတွဲနှစ်ဦးဟာ ချစ်သူ သက်တမ်း ၅ နှစ်ကြာခဲ့ပြီးတဲ့နောက် သီးသန့်အခမ်းအနားတခုမှာ လက်ထပ်ခဲ့ကြတယ်လို့ သူတို့နှစ်ဦးရဲ့ အေဂျင်စီတွေက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာ မင်းသား Jo ရဲ့ အေဂျင်စီ JS Company က “Jo Jung Suk နဲ့ Gummy တို့ဟာ သူတို့မိသားစုဝင်တွေ တက်ရောက်တဲ့ လက်ထပ်ပွဲ အခမ်းအနားတခုကို မကြာသေးခင်က ကျင်းပခဲ့ပါတယ်။ အခုတော့ တရားဝင် လက်ထပ်ခဲ့ပါပြီ” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုတော် Gummy ရဲ့ ကုမ္ပဏီဖြစ်တဲ့ C-JeS Entertainment က “သူတို့နှစ်ဦးဟာ ဘဝတလျှောက်လုံးမှာ တဦးအပေါ်တဦး လေးစား၊ ဂရုစိုက်ပါ့မယ်၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေမှ ာအတူတကွ ရှိပါ့မယ်လို့ သစ္စာပြုခဲ့ကြပါတယ်။ ချီးကျူး ဂုဏ်ပြုပေးခဲ့ကြသူတွေကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။ ပြီးတော့ သူတို့ဟာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ ကောင်းမွန်တဲ့ ထုတ်လုပ်ရေးနဲ့ ဂီတတို့ရဲ့ ပရိသတ်တွေကို နှုတ်ဆက်မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အတူ ပျော်ရွှင်မှုကို မျှဝေဖို့အတွက် သူတို့စုံတွဲနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဂျယ်ဂျူးကျွန်းမှာ ရိုက်ကူးခဲ့တဲ့ လက်ထပ်ပွဲကြို ဓာတ်ပုံတွေကိုလည်း ဝေမျှခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် မင်သားနဲ့ အဆိုတော်တို့ဟာ အဲဒီဓာတ်ပုံတွေထဲမှာ ပျော်ရွှင်စွာရှိနေကြတာကိုလည်း မြင်တွေ့ရပါတယ်။ မင်းသား Jo က အနက်ရောင်ဝမ်းဆက် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အဆိုတော် Gummy ကတော့ ဂါဝန်အမျိုးမျိုးကို ဝတ်ဆင်ထားခဲ့တာ တွေ့ရပါတယ်။

မင်းသား Jo နဲ့ အဆိုတော် Gummy တို့ဟာ နှစ်ဖက်အသိမိတ်တွေကနေတဆင့် သိကျွမ်းခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနှစ်ဇွန်လမှာတော့ သူတို့နှစ်ဦးဟာ အခုဆောင်းဦးရာသီမှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့အကြောင်း ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ မင်းသား Jo ကို “My Annoying Brother” ရုပ်ရှင်နဲ့ လူသိများပြီး အဆိုတော် Gummy ရဲ့”You Are My Everything” သီချင်းက ပရိသတ်တွေကြား အထူးရေပန်းစားပါတယ်။

Ref: aceshowbiz

The post ချစ်သူသက်တမ်း ၅ နှစ်အကြာမှာ လက်ထပ်လိုက်ကြတဲ့ အဆိုတော် Gummy နဲ့ Jo Jung Suk appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ