Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခိုင်သင်းကြည်နဲ့ အတူတွဲပြီး အချိုမှုန့် ကြော်ငြာရိုက်ကူးခဲ့တဲ့ ဖြိုးမြတ်အောင်

$
0
0

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်က လက်ရှိမှာ ဝါရင့်သရုပ်ဆောင် ခိုင်သင်းကြည်နဲ့အတူ “Crown အချိုမှုန့်” ကြော်ငြာ ရိုက်ခဲ့တယ်လို့ သိရပါတယ်။ သရုပ်ဆောင်တာက မကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်တာကြောင့် ခက်ခဲတယ်လို့ ဖြိုးမြတ်အောင်က ဧရာဝတီကို ပြောပါတယ်။

“မခိုင်လေးနဲ့ အချိုမှုန့်ကြော်ငြာလေး ရိုက်ဖြစ်တာပါ။ ဒါရိုက်တာက ကိုနိုင်ပါ။ ပထမရိုက်တဲ့ ကြော်ငြာတွေတုန်းက သီချင်းဆိုပြီး သရုပ်ဆောင်ရတာ၊ တဦးချင်း Mood ထည့်လိုက်ရင်တော့ အဆင်ပြေတယ်။ စကားပြောပြီး သရုပ်ဆောင်ရတာကြတော့ အခက်အခဲလေးတွေ ရှိတယ်။ မခိုင်လေးက သင်ပြပေးတော့ အဆင်ပြေသွားပါတယ်။ ဇာတ်ကားကတော့ ရိုက်ဖို့ မရှိဘူး”

“သရုပ်ဆောင်တဲ့ အလုပ်တခုက တော်တော် မလွယ်တာ။ ခက်ခဲတဲ့ အလုပ်ပါ။ သရုပ်ဆောင်တာက မကျွမ်းကျင်တဲ့ နယ်ပယ်၊ ဂီတပိုင်းကတော့ ကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်နေတော့ ဂီတကိုပဲ ပိုလုပ်ဖို့ များပါတယ်။ ကြော်ငြာလေးတွေသာ အနည်းအကျဉ်း ရိုက်ဖြစ်မှာပါ။ ကြော်ငြာရိုက်တာတောင် မလွယ်ပါဘူး။ ချွေးသီးချွေးပေါက်ကို ပြန်ပါတယ်။ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ပညာတွေတော့ ရပါတယ်”လို့ ဖြိုးမြတ်အောင်က ဧရာဝတီကို ပြောပါတယ်။

ဂီတလောကမှာ အသားမကျသေးတာကြောင့် ကြော်ငြာလောက်သာ ရိုက်ကူးဖြစ်နေပြိး ဇာတ်ကားတွေတော့ ရိုက်ကူးဖြစ်ဦးမှာ မဟုတ်သေးကြောင်း ဖြိုးမြတ်အောင်က ပြောပါတယ်။

“ဇာတ်ကားတွေရိုက်ဖို့က ဂီတလောကမှာ အခြေချပြီးမှပဲ စဉ်းစားမယ်။ အခုက ဂီတဘက်မှာလည်း အခြေ မကျသေးဘူး။ တော်ကြာ ရုပ်ရှင်လိုလို အဆိုတော်လိုလိုနဲ့ မျောက်သစ်ကိုင်းလွတ် ဖြစ်မှာ စိုးတဲ့အတွက် ကျနော် ဝါသနာပါတဲ့ ဂီတကိုပဲ ဇောက်ချလုပ်မယ်” လို့ သူက ဆိုပါတယ်။

“ဂီတနဲ့ ပတ်သတ်ပြီး အခု လတ်တလောမှာတော့ ကျနော် အယ်လ်ဘမ်အတွက် သီချင်းလေးတွေ စတည်နေပြီပေါ့။ Shwe FM ၉ နှစ်ပြည့်အတွက် Top 11 မောင်နှမတွေနဲ့ သီချင်းတွေ ဆိုဖို့ရှိတယ်။ Rock သီချင်ဟောင်း ဆိုမှာပါ။ အားအကျဆုံး အဆိုတော်ကတော့ ကိုလေးဖြူပါ”လို့ ဖြိုးမြတ်အောင်က ဆိုပါတယ်။

သရုပ်ဆောင်မှုအပိုင်းမှာ ဘယ်သူဘယ်ဝါနဲ့မှ သရုပ်ဆောင်ချင်တယ်လို့ မရှိဘဲ သရုပ်ဆောင်ရတဲ့ သူနဲ့ အဆင်ပြေအောင် သရုပ်ဆောင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဖြိုးမြတ်အောင်ဟာ Myanmar Idol သီချင်းဆိုပြိုင်ပွဲ ပြီးသွားပြီးနောက်ပိုင်းကတည်းက ဖျော်ဖြေပွဲတွေသာမက ကြော်ငြာ ရိုက်ကူးမှုတွေပါ လုပ်လာရတာ တွေ့ရပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဖြိုးမြတ်အောင်ဟာ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားတဲ့ ဓာတ်မြေသြဇာ ကြော်ငြာတခုမှာလည်း သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ အတူ ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းလင့်ခ်များ

“ဖြိုးမြတ်အောင်က သရုပ်ဆောင် ကောင်းပါတယ်” လို့ ဆိုလိုက်တဲ့ ပိုင်ဖြိုးသု

“ကောင်းတာဝေဖန်ရင်ခေါင်းထဲထည့်တယ် မကောင်းတာပြောရင် ခေါင်းထဲမထည့်ဘူး”

ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်လမ်းမှာ ပရိသတ်များ သောင်းသောင်းဖြဖြ ကြိုဆိုကြ

The post ခိုင်သင်းကြည်နဲ့ အတူတွဲပြီး အချိုမှုန့် ကြော်ငြာရိုက်ကူးခဲ့တဲ့ ဖြိုးမြတ်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ