Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Fan Bingbing ကိစ္စကို စုံစမ်းစစ်ဆေးခဲ့တဲ့ အခွန်အရာရှိများကို ပြစ်ဒဏ်ပေး

$
0
0

မင်းသမီး Fan Bingbing ရဲ့ အခွန်ရှောင်ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးခဲ့တဲ့ အရာရှိများကို စီမံခန့်ခွဲမှု ညံ့ဖျင်းမှုအတွက် အပြစ်ပေးလိုက်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ အောက်တိုဘာလ ၈ ရက်နေ့က ဖော်ပြပါတယ်။

မင်းသမီး Fan ရဲ့ ကုမ္ပဏီတည်ရှိရာ ဝူရှီပြည်နယ်ရဲ့ အရှေ့ပိုင်းမြို့မှာရှိတဲ့ အခွန်ဗျူရိုအ ကြီးအကဲ အပါအဝင် အနည်းဆုံး လူ ၅ ဦးကို ပြစ်ဒဏ်ပေးခဲ့တယ်လု့ိ Xinhua သတင်းအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အခွန်စီမံခန့်ခွဲရေးဌာနက မင်းသမီး Fan ရဲ့ အမှုမှာ စီမံခန့်ခွဲမှုညံ့ဖျင်းစွာနဲ့ ပါဝင် ပတ်သက်ခဲ့တဲ့သူတွေကို တာဝန်ယူမှုရှိစေဖို့ ကျန်းရှုပြည်နယ်မှာရှိတဲ့ ပြည်နယ် အခွန်ဗျူရိုထံ ညွှန်ကြားခဲ့တယ်လို့ Xinhua က ပြောဆိုပါတယ်။

အဲဒီနောက်တော့ သူတို့ရဲ့ ချို့ယွင်းချက်တွေနဲ့ ပတ်သက်လို့ တရားဝင်နဲ့ နှုတ်ပြော သတိပေးချက်တွေကို ထုတ်ပြန်ခဲ့တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့ကို စာရင်းပြုစုထားဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့် အဲဒီကြေညာချက်မှာတော့ အပြစ်ပေးခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက် နည်းနည်းကိုပဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရုတ်အာဏာပိုင်တွေဟာ မင်းသမီး Fan အနေနဲ့ အခွန်၊ ဒဏ်ငွေ စုစုပေါင်း ယွမ် ၈၈၃ သန်းပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့ပြီး အချိန်မီပြန်ပေးမယ်ဆိုရင် ထောင်ဒဏ်ကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ထပ်လောင်း ပြောဆိုထားပါတယ်။

အသက် ၃၆ နှစ်အရွယ် မင်းသမီး၊ မော်ဒယ် နဲ့ ထုတ်လုပ်သူ Fan ဟာ တရုတ်နိုင်ငံမှာ အထူး နာမည်ကျော်ကြားတဲ့ မင်းသမီးတလက်ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “X-Men: Days of Future Past” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ရာကနေ ဟောလိဝုဒ်မှာလည်း အောင်မြင်ခဲ့ပါတယ်။

အရင်တုန်းက ပရိသတ်တွေမြင်တွေ့ခဲ့ရတဲ့ လူမှုမီဒီယာအကောင့်ကိုတောင် မသုံးတော့ဘဲ အခွန်ရှောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ မေလကစလို့ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

အခုလိုမျိုး ရုပ်သံဖန်သားပြင် နဲ့ ကြော်ငြာတွေကနေ ရုတ်တရက် ပျောက်ကွယ်သွားရတာဟာ တရုတ်အစိုးရရဲ့ စုံစမ်း စစ်ဆေးမှုကို ခံနေရလို့ဖြစ်တဲ့အကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

မကြာသေးခင်နှစ်တွေတုန်းကလည်း အခုလိုမျိုး လူမြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ် သွားခဲ့တဲ့ တရုတ်နာမည်ကျော် ပုဂ္ဂိုလ်တချို့ဟာလည်း အကျင့်ပျက်ခြစားမှုနဲ့ တရား ရင်ဆိုင်ခဲ့ကြရတာတွေလည်း ရှိခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းလင့်ခ်အခွန်နဲ့ ဒဏ်ငွေ ဒေါ်လာ သန်း ၁၃၀ ကို Fan Bingbing နှစ်ရက်အတွင်း ပေးသွင်းပြီးပြီဟုဆို

Ref: asiaone

The post Fan Bingbing ကိစ္စကို စုံစမ်းစစ်ဆေးခဲ့တဲ့ အခွန်အရာရှိများကို ပြစ်ဒဏ်ပေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ