Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တယောက်နဲ့ တယောက်လမ်းခွဲလိုက်တာ ကောင်းတဲ့ကိစ္စ မဟုတ်လို့ မပြောပြချင်ဘူး”

$
0
0

မကြာသေးမီက Relationship တခုပြတ်တောက်ခဲ့ပြီး တဖက်မိန်းကလေးဘက်မှ ပရိသတ်များကို ရှင်းပြခဲ့သော်လည်း အောင်ရဲထိုက်အနေနဲ့ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ခြင်း မရှိတဲ့အတွက် ဘယ်လို အကြောင်းအရာတွေကြောင့် မပြောဖြစ်ခဲ့တာလဲဆိုတာ အခုလိုပဲ ဆိုပါတယ်။

“Relationship ကိစ္စတခုမှာ သူ့ဘက်ကရှင်း ကိုယ့်ဘက်ရှင်းနဲ့ အဲဒီလိုကြီး သံသရာလည်နေမှာကို ကျနော် မလိုချင်ဘူး။ ကျနေ်ာ့ဘက်က ပြောစရာစကား မရှိဘူးလား ဆိုတော့လည်း ရှိတယ်။ ဒါပေမယ့် ပြောဖို့သင့်တော်တဲ့ အခြေအနေ မဟုတ်ဘူး” လို့ အောင်ရဲထိုက်က ပြောပါတယ်။

သမီးရည်စားကိစ္စဆိုတာ အနုပညာသမားတွေအတွက် အဓိကကျတဲ့ ကိစ္စ မဟုတ်ဘဲ အနုပညာအလုပ် ဘာတွေလုပ်နေလဲဆိုတာကိုသာ ပရိသတ်ကိုသိစေချင်တယ်လို့ အောင်ရဲထိုက်က ပြောပါတယ်။

“သမီးရည်းစားကိစ္စဆိုတာ ကျနော်တို့လို အနုပညာရှင်တွေအတွက်က အရမ်းကြီး Hightlight လုပ်စရာ မလိုဘူးလို့ မြင်တယ်။ ကျနော် အနုပညာအလုပ် လုပ်တယ်။ ဘာကားတွေရိုက်လဲ။ ဘာကြော်ငြာတွေရိုက်လဲဆိုတာကို ပရိသတ် ကိုသိစေချင်တယ်။ ကောင်းတာလည်းမဟုတ်ဘူး။ တယောက်နဲ့တယောက် လမ်းခွဲလိုက်တယ်ဆိုတာက။ အဲဒါကြီးကို ပြောမပြချင်ဘူး” လို့ အောင်ရဲထိုက်က ပြောပါတယ်။

အချိန်အတိုင်းအတာတခုကို ရောက်ရှိသွားရင် အကြောင်းအရင်းမှန်ကို သိသွားမှာဖြစ်ပြီး အောင်ရဲထိုက်အနေနဲ့ သူရဲ့အနုပညာနဲ့ ပတ်သက်ပြီးဝေဖန်မှာကိုသာ စိတ်ပူပြီးတော့ ကျန်တဲ့အကြောင်းအရာများကို စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။

“တကူးတကကြီး လိုက်ရှင်းပြစရာ မလိုဘူးလေ။ အချိန် အတိုင်းအတာတခုကျလို့ရှိရင် ဘာကဘာလဲဆိုတာ မြင်လာကြတာပဲလေ။ ကျနော်အနုပညာနဲ့ ပတ်သက်ပြီး ဝေဖန်ရင် စိတ်ပူတယ်။ ကျန်တဲ့ကိစ္စကို စိတ်မဝင်စားဘူး” လို့ အောင်ရဲထိုက်ကပြောပါတယ်။

အောင်ရဲထိုက်ကတော့ “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ နောက်မှာတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “မီ” ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ အောင်ရဲထိုက်က Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာနဲ့ ချစ်ကြိုက်ခဲ့တဲ့သူတဦး ဖြစ်ပါတယ်။

The post “တယောက်နဲ့ တယောက်လမ်းခွဲလိုက်တာ ကောင်းတဲ့ကိစ္စ မဟုတ်လို့ မပြောပြချင်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ