Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အခွန်နဲ့ ဒဏ်ငွေ ဒေါ်လာ သန်း ၁၃၀ ကို Fan Bingbing နှစ်ရက်အတွင်း ပေးသွင်းပြီးပြီဟုဆို

$
0
0

တရုတ်မီဒီယာတခုရဲ့အဆိုအရ မင်းသမီး Fan Bingbing ဟာ သတိပေးစာ လက်ခံ ရရှိခဲ့ပြီးတဲ့နောက် ၂ ရက်အတွင်း အခွန်နဲ့ ဒဏ်ငွေ ယွမ် သန်း ၈၈၀ (ဒေါ်လာ သန်း ၁၃၀ နီးပါး) ကို ပေးဆောင်ခဲ့ပြီး ဖြစ်တဲ့အကြောင်း သိရပါတယ်။

ယွမ်ငွေ ၂၄၈ သန်းဝင်ငွေအပေါ် ကောက်ခံရမယ့် အခွန်ငွေကို အသိပေး အကြောင်းကြား ပေးဆောင်ခဲ့ခြင်း မရှိတဲ့အတွက် အထက်ဖော်ပြပါ ပမာဏကို ပေးဆောင်ဖို့ အမိန့်ချမှတ်ခံရပြီး မကြာမီမှာပဲ ပေကျင်းမြို့မှာ ရှိတဲ့သူ ပိုင်ဆိုင်တဲ့ တိုက်ခန်း ၄၂ သန်းကို ရောင်းချကို စာရင်း သွင်းခဲ့တာကိုလည်း တွေ့ရပါတယ်။

အခုလိုမျိုး အခွန်နဲ့ ဒဏ်ငွေပေးဆောင်ဖို့ ငွေကြေးပေးသွင်းခဲ့ပြီး ဖြစ်ပေမယ့် သူရောင်းချဖို့ စာရင်းသွင်းထားတဲ့ တိုက်ခန်းတွေ ရောင်းချလိုက်ခြင်း ရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

ဒါ့အပြင် မင်းသမီး Fan ဟာ အခွန်ရုံးလို့ ယူဆရတဲ့ အဆောက်အဦ တခုကနေ ကိုယ်ရံတော်တွေနဲ့ အတူ ထွက်ခွာ သွားတာကို မြင်တွေ့ခဲ့ရတာဟာ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အနေနဲ့ သူ့ကို ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ ပြန်လည်မြင်တွေ့ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို အွန်လိုင်းကနေ ဖျက်လိုက်ပြီးဖြစ်ပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမျိုးသားနေ့ ပိတ်ရက်တွေ ကြောင့် တရားဝင်သတင်းထုတ်ပြန်ချက်တော့ မထွက်လာသေးပါဘူး။

အခုလိုမျိုး မင်းသမီး Fan က အသိပေးစာရရှိခဲ့ပြီး နှစ်ရက်အတွင်း အခွန်ငွေအားလုံးကို ပေးဆောင်နိုင်ခဲ့တာဟာ သူ အတိတ်ကာလတုန်းက ပြောခဲ့တဲ့ စကားတခွန်းကို သက်သေ ပြရာလည်း ရောက်နေပါတယ်။ သူက “ကျမ ချမ်းသာတဲ့ အမျိုးသားတဦးနဲ့ လက်မထပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမကိုယ်တိုင် ချမ်းသာနေလို့ပါ” လို့ ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။

မူလက တရုတ်သတင်းစာတခုဖြစ်တဲ့ “The Economic Observer” ရဲ့ အဆိုအရ ၁၅ ရက်အတွင်း အခွန်နဲ့ ဒဏ်ငွေအားလုံးကို ပေးဆောင်ခွင့်ပြုထားတယ်လို့ဆိုပေမယ့် အခွန်အာဏာပိုင်တွေက အခုနှစ်ကုန် မတိုင်မီ အထိ ငွေအားလုံး ပြန်ပေးရမယ့်ကာလကို တိုးပေးထားတယ်လို့ ဆိုပါတယ်။

မင်းသမီး Fan ရဲ့ လက်ရှိပိုင်ဆိုင်မှုဟာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ မင်းသမီးကို ကူညီဖို့အတွက် သူ့ရဲ့ချစ်သူ မင်းသား Li Chen က ပေကျင်းမှာရှိတဲ့ ဇိမ်ခံအိမ်ခြံမြေတခုကိုလည်း ရောင်းချဖို့ စာရင်းသွင်းထားတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ် သတင်းလင့်ခ်အခွန်ရှောင်မှုကြောင့် တရုတ်မင်းသမီး Fan Bingbing ယွမ်ငွေ သန်းနဲ့ချီပြီး ဒဏ်တပ်ခံရ

Ref:koreaboo

The post အခွန်နဲ့ ဒဏ်ငွေ ဒေါ်လာ သန်း ၁၃၀ ကို Fan Bingbing နှစ်ရက်အတွင်း ပေးသွင်းပြီးပြီဟုဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ