Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရတနာမိုင်အကြောင်း ပြောပြလာတဲ့ တေးသံရှင် မိုင်နဲ့ တွေ့ဆုံခြင်း

$
0
0

တခေတ်တခါက “မလွမ်းပို” သီချင်းနဲ့ ပရိသတ်ရင်ထဲကို ရောက်ရှိခဲ့ပြီး ယနေ့တိုင် ပရိသတ် ချစ်ခင်နေသေးတဲ့ တေးသံရှင် မိုင်က သူ့ခေတ် သူ့အခါက လုပ်ကိုင်ခဲ့ရတဲ့ အနုပညာအလုပ်များနဲ့ ယခု သူမရဲ့တဦးတည်းသော သမီးလေးဖြစ်တဲ့ အဆိုတော် ရတနာမိုင်ရဲ့ အနုပညာလှုပ်ရှားမှုများ အကြောင်း မိုင်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းဖြစ်ခဲ့ပါတယ်။

မိခင်ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံခဲ့တဲ့ သမီးလေး အဆိုတော် ရတနာမိုင်ရဲ့အပေါ် မိခင် တယောက်ရဲ့ သဘောထားအမြင်တွေ၊ သားအမိ နှစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့ ဆက်ဆံရေးတွေ အကြောင်း ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က အခုလိုပဲ တေးသံရှင် မိုင်နဲ့ တွေ့ဆုံ မေးမြန်ထားပါတယ်။

မေး။ ။ သမီးဖြစ်သူ ရတနာမိုင်နောက်ကနေ အမြဲတမ်း လိုက်နေတာ သမီးလေးကို စိတ်မချလို့လား။

ဖြေ။ ။ စိတ်ချပါတယ်။ သူက တဦးတည်းသော သမီးဆိုတော့ အန်တီလည်း အသက် ၇၀ ရှိပြီ ဆိုတော့ အိမ်မှာ ဘုရား၊ တရား လုပ်မယ်။ အိပ်မယ်။ တီဗီကြည့်မယ်။ ဖုန်းကလိမယ်ပေါ့။ ကိုယ့်သမီးလေးနောက်က လိုက်တော့ သမီးလေးလည်း လုံခြုံမှုရှိတယ်။ အမေကလည်း အနုပညာသမား ဆိုတော့ သမီးနဲ့သွားနေတာက အမေ့အနေနဲ့ အားဆေးတခွက်ပေါ့။ တခြားသားသမီးလေးတွေ ရှိရင်တော့ တမျိုးပေါ့။ အခုက တဦးတည်းသော သမီးဆိုတော့
တိုင်ပင်ဖော်၊ တိုင်ပင်ဖက်အနေနဲ့ လိုက်ပေးတယ်။

မေး။ ။ ရတနာမိုင်ကရော ဘယ်လို သမီးမျိုးလဲ။

ဖြေ။ ။ သမီးကတော့ မိဘ ၂ ပါး ရှိနေတော့ ကလေးလိုပဲ နေတယ်။ သူ့အလုပ်ကိုတော့ ကြိုးကြိုးစားစား လုပ်ပါတယ်။ အခုချိန်ထိတော့ မိဘကို လုပ်ကျွေးတဲ့သမီးပေါ့။ လိမ်မာတဲ့ ကလေးလို့ ပြောရမှာပေါ့။ ဒီအချိန်ထိပေါ့။

မေး။ ။ အိမ်ထောင်ပြုဖို့တွေ ကျတော့ရော သမီးလေးအတွက် စဉ်းစားထားတာ ရှိလား။

ဖြေ။ ။ အဲဒါကတော့ မစဉ်းစားသေးဘူး။ သမီးရဲ့စိတ်ထဲမှာ ဘယ်လိုရှိလဲတော့မသိဘူး။ အဲဒါကိုတော့ မတိုင်ပင်ဖြစ်ဘူး။ အနုပညာနဲ့ ပတ်သက်ပြီးတော့ပဲ တိုင်ပင်ဖြစ်တယ်။

မေး။ ။ တဦးတည်းသော သမီးလေးလည်းဖြစ်တော့ သူ့ရဲ့နောင်ရေးအတွက် ဘယ်လိုလူမျိုးနဲ့ စိတ်ထဲမှာ သဘောတူတာမျိုး ရှိမလဲ။

ဖြေ။ ။ မိဘဆိုတာကတော့ သားသမီးတွေပေါ်မှာ အကုန်လုံးကို ကောင်းစေချင်ကြတယ်။ သူတို့ရဲ့ ကုသိုလ်ကံလည်း ပါတယ်။ သမီးအတွက် တကယ်လို့ အန်တီတို့ သဘောထားနဲ့ တိုက်ဆိုင်မယ့် သူမျိုးဆိုရင်တော့ ပိုက်ဆံက အဓိကမဟုတ်ပါဘူး။ အကျင့်စာရိတ္တ ကောင်းရမယ်။ စိတ်သဘောထား ဖြူစင်ရမယ်။ အရည်အချင်း ရှိရမယ်။ အဲဒါဆိုရင် လုံလောက်ပါပြီ။

မေး။ ။ သမီးလေးနဲ့ တွဲပြီးတော့ အနုပညာအလုပ် လုပ်ဖို့ ရှိလား။

ဖြေ။ ။ အန်တီ့ရဲ့ ဟိုတုန်းက လူကြိုက်များခဲ့တဲ့သီချင်းတွေကို ရွေးချယ်ပြီးတော့ အခွေတခွေ ထွက်ပေးမယ် ဆိုပြီး စီစဉ်နေတယ်။ Two Ladies Show ကတော့ အဲဒီအခွေ ထွက်ပြီးမှ လုပ်မယ်လို့ စဉ်းစားထားတယ်။ ပထမတုန်းက Show ပွဲကို ၂၀၁၉ ဖေဖော်ဝါရီလထဲမှာ လုပ်မယ်ပေါ့။ ဒါပေမယ့် အခုက သူသီချင်းနည်းသေးတယ်လို့ ထင်တယ်။ အမေ့ရဲ့ လူကြိုက်များတဲ့ သီချင်းလေးတွေ ထုတ်ပြီးမှ လုပ်မယ်ပေါ့။ အန်တီကတော့ အသက်ကတော့ ကြီးနေပြီပေါ့။ အရမ်းကြီးတော့ မဆိုနိုင်တော့ဘူး။ နည်းနည်းပါပါးတော့ ဆိုနိုင်သေးတယ်ပေါ့။ အဲဒီ အခွေထဲမှာလည်း ၂ ပုဒ်၊ ၃ ပုဒ်လောက် ဆိုမယ်လို့ စဉ်းစားထားတယ်။

မေး။ ။ အန်တီတုန်းကနဲ့ အခု သမီး ရတနာမိုင်ရဲ့ ခေတ်မှာ ကျတော့ အနုပညာအလုပ်လုပ်ရတာ ဘယ်လိုတွေ ကွာခြားသွားလဲ။

ဖြေ။ ။ ကွာခြားတာပေါ့။ အန်တီတို့ဆို ဟိုတုန်းက အရမ်းကြိုးစားခဲ့တယ်။ စက်ပိုင်းဆိုင်ရာ၊ အစစအရာရာ ပေါ့နော်။ သီချင်းတပုဒ် သွင်းမယ်ဆိုရင် အခုလို စနစ်တွေက မကောင်းဘူး။ သီချင်း တခွေသွင်းရင် တဂျူတီနဲ့ အပြီး သွင်းရတယ်။ အခုကျတော့ သီချင်းတပုဒ်ကို တရက်နဲ့လည်း မပြီး၊ ၂ ရက်နဲ့လည်း မပြီးဘူး။ မကောင်းမချင်း ပြန်သွင်းလို့ရတယ် ဆိုတော့ ပြန်ယှဉ်ကြည့်လိုက်ရင် အန်တီတို့ ခေတ်က အများကြီး ကြိုးစားခဲ့ရပြီး ခက်ခဲခဲ့တယ်။

မေး။ ။ နောက်ပြီးတော့ အန်တီတို့တုန်းကနဲ့ မတူဘဲနဲ့ အခုဆိုရင် အနုပညာလောကက ပိုပြီး ရှုပ်ထွေးလာတာတွေ ရှိတယ်။ ဒီလိုမျိုးတွေကျတော့ သမီးကို ဘယ်လိုမျိုးတွေ လမ်းညွှန် ဆုံးမ ဖြစ်လဲ။

ဖြေ။ ။ သမီးကတော့ အမေနဲ့ အမြဲသွားလာနေလို့လား မသိဘူး။ ပရိသတ်တွေ အမြင်ကတ်စရာ မလုပ်ဖြစ်ဘူးလို့ ထင်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းတဲ့သူတော့ မရှိပါဘူး။ နည်းတာနဲ့ များတာပဲ ကွာတယ်။ သမီးနဲ့က အနားမှာ အမြဲရှိတော့ အစစအရာရာ အနုပညာအနေနဲ့ရော လူမှုရေး အနေနဲ့ရော ဆုံးမဖြစ်တယ်။

မေး။ ။ အန်တီဆိုရင် အန်တီတို့ခေတ်တုန်းက နာမည်တလုံးကို ရယူနိုင်ခဲ့ပြီး ရပ်တည်ခဲ့တယ်။ သမီးရဲ့ခေတ်မှာ အောင်မြင်မှုတခု ရတယ်လို့ ပြောလို့ရတယ်။ အဲဒီအောင်မြင်မှုအတွက် အန်တီရဲ့ ဝမ်းသာပီတိက ဘယ်လိုဖြစ်မလဲ။

ဖြေ။ ။ အန်တီ မကျေနပ်သေးဘူး။ သမီးလေးက နည်းနည်းလိုသေးတယ်လို့ ထင်တယ်။ အန်တီခေတ်တုန်းက အန်တီက အတက်အကျမြန်တယ် ဆိုပေမယ့် အန်တီရဲ့ ‘မလွမ်းပို’ ဆိုတဲ့ သီချင်းနဲ့ နာမည်တလုံး ရခဲ့တယ်။ သမီးကျတော့ အဲဒီလို မဖြစ်သေးဘူး။ အဲဒီလိုဖြစ်အောင် ကြိုးစားစေချင်တယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။ အချိန်အခါ မကျသေးလို့ပါ။ အခု ၁၂နှစ် ၁၃ နှစ်လောက် ရှိနေပြီ။ ဒီအနုပညာ လုပ်လာတာ။ ဒီလောက်ထိ မရိုးနိုင်ဘဲ ပရိသတ်တွေ အားပေးနေတာ ကျေးဇူးတင်တယ်။

မေး။ ။ သမီးက အမေ့ကို မမှီသေးဘူးလို့ ပြောလို့ရလား။

ဖြေ။ ။ အမေကို မမှီသေးဘူး ဆိုပေမယ့် သူ့ပုံစံလေးက တမျိုးပေါ့။ အမေကျတော့ တည်တယ်။ သမီးကျတော့ သွက်သွက်လက်လက် ရှိတယ်။ တယောက် တမျိုးစီပေါ့။

မေး။ ။ အားပေးတဲ့ ပရိသတ်တွေအတွက်ရော ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ အန်တီ့ကို အားပေးတဲ့ ဟိုတုန်းက ပရိသတ်တွေရော သမီးလေးကို အားပေးတဲ့ ပရိသတ်တွေကိုရော အန်တီ အထူးကျေးဇူးတင်တယ်။ အမြဲတမ်းလည်း မေတ္တာပို့ပါတယ်။ အားလုံး ဘဝမှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။ ။

ဆက်စပ် သတင်းလင်ခ် – မိခင်ဖြစ်သူ မိုင်နဲ့အတူ “Two Ladies Show” လုပ်ဖို့ အစီအစဉ်ရှိတဲ့ ရတနာမိုင်

The post ရတနာမိုင်အကြောင်း ပြောပြလာတဲ့ တေးသံရှင် မိုင်နဲ့ တွေ့ဆုံခြင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)