Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိခင်ဖြစ်သူ မိုင်နဲ့အတူ “Two Ladies Show”လုပ်ဖို့ အစီအစဉ်ရှိတဲ့ ရတနာမိုင်

$
0
0

တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင် မိုင်ရဲ့ တဦးတည်းသော သမီးဖြစ်သူ အဆိုတော် ရတနာမိုင်ကတော့ မိခင်ရဲ့အမွေကိုဆက်ခံပြီး ဂီတလောကမှာ နေရာ တနေရာနဲ့ ဆယ်စုနှစ် တခုကျော်ကြာ ရပ်တည်လာခဲ့ရာ မကြာခင်မှာတော့ မိခင်ဖြစ်သူနဲ့အတူ Two Ladies Show ပြုလုပ်သွားဖို့ ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မေမေ့ သီချင်းတွေပဲပါတဲ့ ‘ရွက်လှေမ’ ဆိုတဲ့ Mini Album ကို အရင်ဆုံးထွက်ဖို့ ကြိုးစားနေတယ်။ နောက်ပြီးရင် မေမေနဲ့ Two Ladies Show ကို လုပ်ဖြစ်မယ်။ ကိုယ့်ရဲ့ဘဝမှာ တသက်မှာတခါပဲ ကိုယ့်အမေရဲ့ သီချင်းလေးတွေကို အမှတ်ရစရာ ကျေးဇူးဆပ်တဲ့အနေနဲ့ ထုတ်ဖို့အတွက် ကြိုးစားနေပါတယ်”လို့ ရတနာမိုင် ကပြောပါတယ်။

သူမရဲ့ မိခင်သီဆိုခဲ့တဲ့ သီချင်းများကို စုစည်းပြီး ပြန်လည်သီဆိုကာ “ရွက်လှေမ” ဆိုတဲ့ နာမည်နဲ့ သီချင်း ၈ ပုဒ် ခန့်ဖြင့် Mini Album ကိုအရင်ဆုံးထုတ်သွားမယ်လို့ သိရပါတယ်။

“သီချင်းတွေ စစုနေပါပြီ။ မေမေ့ခေတ်တုန်းက ပုံစံအတိုင်းကို ဆိုဖို့အတွက်က နည်းနည်း လိုသေးတယ်။ ကြိုးစားရဦးမယ်။ အခုခေတ်ပုံစံလည်း ပျောက်ပျက် မသွားအောင် ဟိုခေတ်တုန်းက ပုံစံလို မေမေ့ကို မှီအောင်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆိုဖို့ ရှိပါတယ်” လို့
ရတနာမိုင်က ဆိုပါတယ်။

ရတနာမိုင်ကတော့ City FM 6 နှစ်ပြည့်ပွဲမှာ မိခင်ဖြစ်သူ မိုင်နှင့်အတူ “ဖုန်းမဆက်ပါနဲ့” ဆိုတဲ့ သီချင်းနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ယခုဆိုရင်တော့ အနုပညာသက်တမ်း ၁၃ နှစ်တာ ကာလရှိလို့ နေပါပြီ။

တေးသံရှင် မိုင်နဲ့ သမီးဖြစ်သူ ရတနာမိုင် (ဓာတ်ပုံ – Yadanar My’s Facebook)

“အနုပညာသက်တမ်း ၁၃ နှစ် ရှိပြီ။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှု ဆိုရင်တော့ အဲဒါထက်ကို အမြဲတမ်းတော့ ပုံမှန်လေး ကြိုးစားနေတယ်။ ကျေနပ်အားရတယ်၊ မရဘူးဆိုတာကိုတော့ စိတ်ထဲမှာ မထားထားဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အလုပ်လေးတွေကိုတော့ စိတ်ကျေနပ်မှု ရှိအောင်တော့ ပုံမှန်လေး လှုပ်ရှားနေပါတယ်။ ဘယ်သူမဆို လူဆိုတာတော့ ပုထုဇဉ် လူသားဖြစ်တဲ့ အတွက် ကျေနပ်အားရမှုတော့ မရှိသေးပါဘူး”လို့ ရတနာမိုင်က ပြောပါတယ်။

ရတနာမိုင်ကတော့ ပရိသတ်များနဲ့ အဆင်မပြတ်ရအောင် သီချင်းခွေများလည်း ထွက်ရှိလျက် ရှိပြီး မကြာခင် ရက်ပိုင်းအတွင်းကလည်း “အပေါ်ယံများ” ဆိုတဲ့ သီချင်းတပုဒ်ကို အွန်လိုင်းကနေ တင်ပေးထားပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အမေ့မေတ္တာနဲ့ သမီးအနုပညာ အားစမ်းကြမယ့် Two Lady Showနဲ့ မိုင်သားအမိ

The post မိခင်ဖြစ်သူ မိုင်နဲ့အတူ “Two Ladies Show” လုပ်ဖို့ အစီအစဉ်ရှိတဲ့ ရတနာမိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ