Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင် မင်းသွေးအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား

$
0
0

သရုပ်ဆောင် မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ်၂၀ အချိန်က ကွယ်လွန်ခဲ့ပါတယ်။ သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ အွန်လိုင်း စာမျက်နှာပေါ်တွေမှာ ပျံ့နှံ့နေသလို အားလုံးကို နှုတ်ဆက်သွားခဲ့တဲ့ မင်းသွေးအတွက် အနုပညာရှင်များက ဝမ်းနည်းစကားများ ဆိုကြပါတယ်။

ထွန်းအိန္ဒြာဗိုလ်

“အသက်အရွယ်လည်း သိပ်ငယ်သေးတယ်။ ကြိုးစားခွင့်လည်း အများကြီးရှိလျက်နဲ့ ကြွေလွင့် သွားရတာ စိတ်မကောင်းဘူး”

ခိုင်သင်းကြည်

“နေတိုးထက်စာရင် မင်းသွေးနဲ့က ပိုပြီးတော့ရင်းတယ်။ နေတိုးက အနေအေးတယ်။ သွက်သွက်လက်လက် ပွင့်ပွင့်လင်းလင်းနဲ့မို့ ပိုပြီးတော့ စကားပြောဖြစ်တယ်။ မနေ့က အွန်လိုင်းမှာ အဲ့သတင်းကြားတော့ အိပ်လို့ မရတော့ဘူး။ မနေ့က Night Scene ကို ကိုနေတိုးတို့ Studio မှာပဲ ရိုက်ဖြစ်တယ်။ အဲ့မှာ ဘုရားခန်းလေးလည်း ရှိတော့ အဲ့မှာရိုက်ရင် ဘုရားရှိခိုးပြီး ပဋ္ဌာန်းရွတ်တယ်။ သူ့အတွက်လည်း နာမည်လေးခေါ်ပြီးတော့ သေချာလေး အမျှလေးပေးလိုက်တယ်”

ချောရတနာ

“အစ်မ ညီမ သန္တာဗိုလ်လေးကပြောတော့ ကောလာဟလပဲ ဖြစ်ပါစေလို့ ဆုတောင်းတာပေါ့နော်။ တကယ်ကြီးဖြစ်သွားတော့ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ အစ်မလည်း မိခင်တယောက် ဖြစ်သွားတော့ မိခင်ဖြစ်တဲ့ အရီးကိုလည်း ကိုယ်ချင်းစာတယ်”

“မင်းသွေး ပထမဦးဆုံး ကားရိုက်တာ အစ်မနဲ့ ရိုက်တာ။ အစ်မရယ်၊ ဦးကျော်ရဲအောင်ရယ်၊ မင်းသွေးရယ်၊ ဒါရိုက်တာ ကိုဝင်းထွန်းထွန်း။ နေတိုးက အနေအေးတယ်။ သူက ကလေးလိုပဲ ချစ်ဖို့ ကောင်းတယ်။ အစ်မတို့နဲ့ စနောက်နေတာ။ သူက ဆိုရှယ်လည်း အရမ်းကောင်းတယ်။ သူ ဘုရား၊ တရားတွေလည်း အရမ်းလုပ်ခဲ့တော့ ကောင်းရာမွန်ရာ ရောက်မှာပါ”

ခိုင်နှင်းဝေ

“ကျမ ဒီသတင်းမကြားခင် အလှူလုပ်ဖို့ ရှိတယ်။ ဒီသတင်းလည်းကြားရော မသွားတော့ဘူး လုပ်တာ ကျမအဖွဲ့ကလည်း အလှူတော့ ခဏနေပြီးမှ သွားပါဆိုတာနဲ့ အလှူပြီးတော့ ကျမ ထွက်လာခဲ့တာ။ ကျမနဲ့ မင်းသွေးက သစ်တံခါးကျောင်းမှာ တွေ့သေးတယ်။ သူ ၃ ရက် အဓိဋ္ဌာန် လာဝင်တာလို့ပြောတယ်။ အဲ့မှာ ကျမနဲ့ တွေ့သေးတယ်။ ကိုနေတိုးတို့ အရီးတို့နဲ့ကလည်း မိသားစုလိုဖြစ်တော့ စိတ်မကောင်းဘူး”

“သံဝေဂလည်း ရတယ်။ ကိုယ်လည်း တနေ့ ဘယ်လိုပုံစံမျိုးနဲ့ ထွက်သွားရမလဲ ဆိုတာကို တရား ပြလိုက်သလိုပဲ။ ပြည့်စုံတဲ့အချိန်မှာ ထွက်သွားရတော့ တအားစောတယ်။ နောင်ဘဝမှာလည်း ဒီထက်ပြည့်စုံပြီး မိသားစုဂုဏ်တွေနဲ့ အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူမဆုံးခင် ၂ နှစ်လောက်မှာ ဘာသာရေး အရမ်းလိုက်စားတာလည်း သတိထားမိတယ်။ သူ့အရွယ်လေးနဲ့ ဘုရားတရားတွေ အရမ်းလုပ်တယ်။ နောင်ဘဝမှာလည်း သာသနာပြုပြီး မိဘကို လုပ်ကျွေးနိုင်တဲ့သူ ဖြစ်ပါစေ”

ဆက်စပ် သတင်းလင့်ခ်ကွယ်လွန်သူ မင်းသွေးအပေါ် ရတနာဗို၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့ရဲ့ ဝမ်းနည်းစကားများ

The post သရုပ်ဆောင် မင်းသွေးအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ