Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကွယ်လွန်သူ မင်းသွေးအပေါ် ရတနာဗို၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့ရဲ့ ဝမ်းနည်းစကားများ

$
0
0

သရုပ်ဆောင် နေတိုးရဲ့ ညီဖြစ်သူ သရုပ်ဆောင် မင်းသွေးဟာ ဘောလုံးကစားရင်း ရုတ်တရက် အမောဖောက်ကာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ်၂၀ မှာ ကွယ်လွန်ခဲ့ပါတယ်။ မင်းသွေး ကွယ်လွန်သွားခြင်းနဲ့ ပတ်သက်ပြီး အနုပညာရှင် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြတဲ့ သရုပ်ဆောင် ရတနာဗို၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့ရဲ့ ဝမ်းနည်း စကားသံများကို စုစည်း ဖော်ပြလိုက်ပါတယ်။

ရတနာဗို

“ညီမ ည ၁၂ နာရီလောက်မှာ အဲ့သတင်းကို တွေ့တယ်။ မယုံဘူး။ စနေတယ်ပဲထင်တာ။ နောက်မှ ဆရာသမားတွေ အကုန်တင်တော့မှ တကယ်လား၊ တကယ်ဖြစ်လားဆိုပြီး ဖုန်းတွေဆက်တော့မှ ဟုတ်တယ်။ တကယ်ဖြစ်တယ်ဆိုတာကို သိလိုက်ရချိန် တညလုံး အိပ်လို့ မရဘူး။ စိတ်မကောင်းလည်း ဖြစ်တယ်။ အစ်ကိုနဲ့က Gym မှာပဲ တွေ့ဖြစ်တယ်။ ရှုတင်တော့ မတွေ့ဖြစ်ဘူး။ ဒီလို ဖြစ်သွားလိမ့်မယ်ကို မထင်ထားဘူး။ အရီးတို့ ကိုနေတိုးတို့နဲ့ ထပ်တူ ဝမ်းနည်းတယ်”

“စင်ကာပူမှာ ရောက်နေတဲ့ ပုံတွေတင်တော့ ညီမတောင် like ပေးလိုက်သေးတယ်။ သူများလို ရောဂါဝေဒနာ ခံစားရပြီး သေသွားတာ မဟုတ်တော့လည်း တော်ပါသေးတယ်ပေါ့။ ကိုနေတိုး ပြောတာတော့ ဆေးရုံရောက်တော့ အသက် ပါမလာတော့ဘူး။ ဟိုမှာပဲ အသက်ပါသွားတယ်လို့ ကိုနေတိုးကတော့ ပြောတယ်” လို့ ရတနာဗိုက ပြောပါတယ်။

ဖွေးဖွေး

“ကိုမင်းသွေး အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကောင်းရာမွန်ရာ ရောက်ပါစေ အစ်ကိုရေ။ စိတ်ထား အရမ်းကောင်းတဲ့ မိသားစု၊ အစ်ကိုတို့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းပါတယ်”လို့ ဖွေးဖွေးက သူ့ Facebook မှာ ရေးသားထားပါတယ်။

ရွှေသမီး

“ကိုမင်းသွေး ရုတ်တရက်ကြီး လူ့လောကထဲက ထွက်ခွာသွားတော့ စိတ်မကောင်း ဖြစ်ရတယ်။ ခံစားရပါတယ်။ ကိုယ်တောင်ဖြစ်နေတာ မိသားစုတွေဆိုရင် ပိုတောင်ခံစားရမှာပေါ့။ ညီမနဲ့လည်း ကားရိုက်တွေ ဆုံဖြစ်တယ်။ “နိုင်ငံကြီးသား”တို့၊ “လေးပါးကြော့ရှိန်” တို့ အဲဒီ ဇာတ်ကားတွေမှာ ဆုံဖြစ်တယ်။ အပြင်မှာလည်း ဆုံဖြစ်ပါတယ်။ “လေးပါးကြော့ရှိန်” ရုံတင်ရင် သွားတောင် မကြည့်ချင်ဘူး ဖြစ်မိတယ်” လို့ ရွှေသမီးက ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ –

သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားတဲ့အကြောင်း ပြောပြလာတဲ့ အောင်ခိုင်

“မင်းသွေးက အချိန် မတန်ခင် ကြွေလွင့်သွားရတဲ့ ကြယ်တပွင့်ပါ”

 ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင် မင်းသွေး

The post ကွယ်လွန်သူ မင်းသွေးအပေါ် ရတနာဗို၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့ရဲ့ ဝမ်းနည်းစကားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ