Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အနုပညာအလုပ်တွေ လုပ်ခွင့်ရနေတဲ့အချိန်မှာ ပြဿနာ မဖြစ်ချင်ပါဘူး”

$
0
0

မြန်မာနိုင်ငံရဲ့ အနုပညာရှင်များထဲမှာ အောင်မြင်မှုကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ကို ဘယ်လိုပဲ ဝေဖန်မှုတွေရှိရှိ ပြန်လည်တုန့်ပြန်မှာ မဟုတ်ဘဲ အနုပညာအလုပ်တွေ လုပ်ခွင့်ရနေတဲ့အချိန်မှာ ပြဿနာ မဖြစ်ချင်ဘူးလို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

“ဘယ်အချိန်မှာ ကျနော် အနုပညာလုပ်ခွင့် မရတော့မလဲ မသိဘူး။ လုပ်ခွင့်ရတဲ့အချိန်မှာ ကျနော် အကောင်းဆုံး လုပ်ချင်တယ်။ လုပ်ခွင့်ရတဲ့အချိန်မှာ ကျနော်ဂီတ လုပ်ချင်တယ်။ ရုပ်ရှင် လုပ်ချင်တယ်။ လုပ်ခွင့်ရတဲ့ရက်တွေမှာ ကျနော် ပြဿနာ မဖြစ်ချင်ဘူး။ အဲဒီတော့ ဘယ်သူပဲပြောပြော၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပရိသတ်တွေကတော့ အေးအေးဆေးဆေးနေပြီးတော့ ကိုယ့်အနုပညာကို အကောင်းဆုံး လုပ်မယ်။ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့နေကြမယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

တချို့သောသူများက ဝေဖန်တာ မဟုတ်ကြဘဲ အချင်းချင်း ရန်တိုက်ပေးတဲ့ ပုံစံမျိုးတွေ ရှိနေပြီး စိုင်းစိုင်းခမ်းလှိုင်ကတော့ အဲဒီလိုရန်တိုက်ပေးတယ်ဆိုရင်လည်း အရှုံးပေးလိုက်မယ်လို့ ပြောပါတယ်။

“ကျနော်တို့အတွက် လောကကြီးမှာ ပတ်ဝန်းကျင်မှာ အဆိပ်အတောက် မဖြစ်စေချင်ဘူး။ အဲဒီလိုမျိုးနဲ့ နေထိုင်ကြတာဆိုတော့ ကျနော်တို့က ရန်တိုက်ပေးတာဆိုရင်လည်း အရှုံးပေးလိုက်မယ်။ အချိန်က ကျနော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ အခုအချိန်မှာ စဉ်းစားတာ ကျနော့်အတွက် အချိန်လို့ နားလည်ထားပါတယ်။” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

မကြာခင်မှာလည်း စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ငယ်ဘဝ အိပ်မက်တခုဖြစ်တဲ့ “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” လို့ အမည်ပေးထားတဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို အမျိုးသားကဇာတ်ရုံမှာ ပြုလုပ် ကျင်းပသွားမှာဖြစ်ပါတယ်။

စိုင်းစိုင်းက သူ့ရဲ့အချိန်တွေကို အနုပညာအလုပ်များ လုပ်ကိုင်ရင်း ဖြတ်သန်းတာနဲ့တင် မလုံလောက်တဲ့ အတွက် တခြားကိစ္စများအတွက် အချိန်မပေးနိုင်ဘဲ အိမ်ထောင်ပြုဖို့ အချိန် မရှိဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ အမြဲတမ်း တနှစ် တကြိမ်သာ ဖျော်ဖြေပွဲ ပြုလုပ်လေ့ရှိပေမယ့် မကြာခင် ပြုလုပ်မယ့် ပွဲကတော့ ထူးထူးခြားခြား စီစဉ်မှုတခုဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရိုက်ကူးမှု အနေနဲ့လည်း ၂၀၁၈ ခုနှစ်အတွင်း ရုပ်ရှင်ကား တကားသာ ရိုက်ကူးရသေးတဲ့အတွက် နိုဝင်ဘာလမှာတော့ နောက်ထပ် ရုပ်ရှင်တကား ရိုက်ကူးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းလင့်ခ် – “နုပျိုဖို့အတွက် အများကြီး ချစ်ပါတယ်”လို့ ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

The post “အနုပညာအလုပ်တွေ လုပ်ခွင့်ရနေတဲ့အချိန်မှာ ပြဿနာ မဖြစ်ချင်ပါဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ