Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သူငယ်ချင်းအချင်းချင်းပြန်သတ်မိတဲ့သူများ (သို့) Super Dark Times (2017)

$
0
0

ဒီတခါမိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Kevin Philips ရိုက်ကူးထားတဲ့ Drama , Thriller အမျိုးအစား ရုပ်ရှင်တကား ဖြစ်တဲ့ Super Dark Times (2018) ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Owen Campbell ၊ Charlie Tahan နဲ့ Elizabeth Cappuccino တို့အပြင် အခြားသောသရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

Zach နဲ့ Josh တို့ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး ဆယ်ကျော်သက်တွေပီပီ လွတ်လပ်ပေါ့ပါးတဲ့ အထက်တန်း ကျောင်းသားလေးတွေလည်း ဖြစ်ပါတယ်။ စက်ဘီးတယောက်တစီးနဲ့ သူတို့နေထိုင်ရာ မြို့လေးမှာ လျှောက်သွား နေရတာနဲ့တင် သူတို့ရဲ့ နေ့စဉ်ဘဝကလုံလောက်နေပြီပဲဖြစ်ပါတယ်။ Zach နဲ့ Josh တို့မှာ နောက်ထပ် သူငယ်ချင်း နှစ်ယောက် ရှိနေပြီး သူတို့ကတော့ Daryl နဲ့ Charlie တို့ပဲဖြစ်ပါတယ်။

သူတို့လေးယောက်လုံး စက်ဘီးကိုယ်စီနဲ့ မြို့ရဲ့ တားမြစ်ထားတဲ့ တံတားပေါ်သွားလေ့ရှိကြပြီး မြစ်ကမ်းနံဘေးမှာလည်း တယောက်နဲ့တယောက် စနောက်ကျီစယ်ရင်း အချိန်ဖြုန်းလေ့ရှိကြပါတယ်။

ဒီလိုနဲ့တနေ့မှာတော့ Josh ဟာ သူ့သူငယ်ချင်းသုံးယောက်ကို သူ့အိမ်အလည်ခေါ်ပြီး ရေတပ်မှာတာဝန်ထမ်းဆောင်နေတဲ့ သူ့အစ်ကိုရဲ့ အခန်းကို လိုက်လံပြသပါတော့တယ်။ အဲဒီမှာပဲ Daryl ဟာ သူ့အစ်ကိုသိမ်းထားတဲ့ ဆေးခြောက်တွေကို တွေ့သွားပြီး သူ့ကို ပြန်ရောင်းဖို့ Josh ကို ပြောပါတော့တယ်။

Josh က ရောင်းချဖို့ ငြင်းဆန်ခဲ့ပြီး အခြားစိတ်ဝင်စားစရာပစ္စည်းတခုကို ပြဖို့အတွက် သူငယ်ချင်းတွေအားလုံးကို အပြင်ခေါ်ထုတ်သွားပါတော့တယ်။ အဲဒီ ပစ္စည်းကတော့ ဓားရှည်တချောင်းဖြစ်ပြီး ရေဖြည့်ထားတဲ့ နို့ဘူးအလွတ်တွေကို ဓားနဲ့ပိုင်းတဲ့ကစားနည်းကို ကစားဖို့ပဲဖြစ်ပါတယ်။

သူတို့ကစားနေချိန်မှာ Daryl ကတော့ ဆေးလိပ်တလိပ်ကိုမီးညှိနေတာဖြစ်ပြီး Josh ကတော့ သူ့အကိုဆေးခြောက်တွေမှန်း သိသွားတဲ့အတွက် Daryl နဲ့ စကားများရန်ဖြစ်ကြပါတော့တယ်။ စကားများကြရာကနေ Josh အပေါ်ခုန်အုပ်လိုက်မိတဲ့ Daryl ရဲ့ လည်ပင်းကို ဓားနဲ့ထိုးမိသွားပါတော့တယ်။

သူငယ်ချင်းတယောက်ကို မတော်တဆမှုကျူးလွန်မိရာကနေ ကျန်တဲ့ သူငယ်ချင်းတွေအားလုံး ဘယ်လိုဆက်ဆံရေးတွေ ဖြစ်လာမယ်ဆိုတာနဲ့ ၊ သူတို့ ကျူးလွန်မိခဲ့တဲ့ ရာဇဝတ်မှုဟာ ဘယ်အချိန်ထိ ဖုံးကွယ်ထားနိုင်မလဲဆိုတာကို စိတ်ဝင်စား ဖွယ်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

IMDb rating 6.6 ရရှိထားတဲ့ Super Dark Times ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ဆက်စပ်ဖတ်ရှုရန်Cokeville မြို့ရဲ့ ထူးခြားဆန်းကြယ် ဖြစ်ရပ်တခုအကြောင်း ရုပ်ရှင် “The Cokeville Miracle”

The post သူငယ်ချင်းအချင်းချင်းပြန်သတ်မိတဲ့သူများ (သို့) Super Dark Times (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ