Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“နောက် ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာရုပ်ရှင်ကားတွေ အိမ်နီးချင်းနိုင်ငံကို ဈေးကွက်ဝင်ကြမယ်”

$
0
0

မြန်မာ့ရုပ်ရှင်လောကကို အရည်အသွေးတခုနဲ့ ထိုးဖောက်နိုင်ခဲ့ပြီး နိုင်ငံခြားထိပါ သွားရောက် ပြသခွင့်ရခဲ့တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားထဲမှာ ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ်ဆီမှာ နေရာ တနေရာရလာခဲ့တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်က နောက် ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာ ဇာတ်ကားတွေဟာ အိမ်နီးချင်းနိုင်ငံကို အလုံးအရင်းနဲ့ ဝင်ရောက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီ ၁ နှစ်၊ ၂ နှစ်အတွင်းမှာကို မြန်မာကားတွေက အလုံးအရင်းနဲ့ကို အိမ်နီးချင်းနိုင်ငံတွေကို ဝင်ကြမှာ။ ဝင်တဲ့အခါမှာလည်း ဟိုဘက်က ဒီတိုင်းပဲ လက်မခံဘူး။ ဟိုဘက်မှာက Quality Control တခုရှိတယ်။ အဲဒီ QC ကို ကျော်ဖြတ်နိုင်မှ လက်ခံနိုင်မှာဆိုတော့ တကယ်ပြချင်ရင် တကယ် ကောင်းအောင် လုပ်နိုင်မှ ရမယ်။ နိုင်ငံတခုတည်းမှာတင် ဈေးကွက်သေးသေးလေးမှာတင် လုနေကြလိမ့်မယ်။ အဲဒါဆို နားလည်သွားလိမ့်မယ်” လို့ အောင်မြင့်မြတ်က ပြောပါတယ်။

အခုလောလောဆယ်မှာတော့ ဒါရိုက်တာ အာကာရိုက်ကူးထားတဲ့ “ဒုဋ္ဌဝတီကို ကျော်လွန်၍” ရုပ်ရှင်ကားဟာ စင်ကာပူနိုင်ငံမှာ သွားရောက်ပြသနေတာ ၂ ပတ် ရှိနေပြီဖြစ်ပြီး သူတို့အတွက်လည်း ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် မြန်မာနိုင်ငံက ရုပ်ရှင်ကားတွေလည်း သွားပြနေကြပြီ။ အခုလောလောဆယ်ဆိုရင်တော့ ဒုဋ္ဌဝတီပေါ့။ စင်ကာပူမှာ သွားပြနေတာ ၂ ပတ် ရှိနေပြီ။ သူတို့နဲ့ စကားပြောကြည့်တော့ သူတို့မှာ Plan တွေ အကြီးကြီးရှိတယ်။ နောက်မကြာတော့ပါဘူး” လို့ အောင်မြင့်မြတ်က ပြောပါတယ်။

အောင်မြင့်မြတ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း စင်ကာပူနိုင်ငံမှာ သွားရောက် ပြသခွင့်ရခဲ့ပြီး မြန်မာကားကို အချိန်ကာလအတော်ကြာ မြန်မာကား မကြည့်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကလည်း အထူးတလည် အားပေးပြီး ကြိုက်နှစ်သက်ခဲ့ပါတယ်။

အောင်မြင့်မြတ်ကတော့ အခုလတ်တလောမှာတော့ “Hospital Diary” ဆိုတဲ့ ဆရာဝန်များအကြောင်း ဇာတ်လမ်းကို ရိုက်ကူးနေပြီး ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးဖို့ သူ့ကိုကမ်းလှမ်းထားတာရှိတယ်လို့ သိရပါတယ်။

The post “နောက် ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာရုပ်ရှင်ကားတွေ အိမ်နီးချင်းနိုင်ငံကို ဈေးကွက်ဝင်ကြမယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ