Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အနုပညာနဲ့ ပတ်သက်ပြီး ယုံကြည်ချက်အပြည့်အဝ ရှိတာ ဂီတပဲ ရှိတယ်”

$
0
0

Galaxy Star သီချင်းဆိုပြိုင်ပွဲမှ တဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ အဆိုတော် နေမင်းအိမ်ကတော့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ယုံကြည်ချက် အပြည့်အဝ ရှိတာ ဂီတတမျိုးတည်း ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အနုပညာလုပ်တဲ့ထဲမှာ ကျနော် အရမ်းချစ်တဲ့၊ ကျနော် လုပ်တတ်တဲ့၊ ကျနော့်ကိုယ် ကျနော် ယုံကြည်ချက် အပြည့်အဝ ရှိတယ်ဆိုတာက ဒီဂီတတမျိုးတည်း ရှိပါတယ်။ အဲဒီအတွက် ကျနော် ဒီဂီတကိုပဲ ဆက်လက် လုပ်ကိုင်သွားဖို႔ ရှိပါတယ်” လို့ နေမင်းအိမ်က ပြောပါတယ်။

မကြာသေးမီက တကိုယ်တော်အခွေ ထွက်ရှိထားခဲ့ပြီး လတ်တလောမှာတော့ Single Song များနဲ့ Group အခွေများထဲမှာ ပါဝင်သီဆိုဖို့အတွက် သီချင်းတွေလုပ်နေတယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်လာတဲ့သူတယောက် ဖြစ်တဲ့အတွက် ဂီတခရီးလမ်းကို လျှောက်လှမ်းရတဲ့ အခါမှာ ကြိုးစားအားထုတ်မှုနဲ့ နေရာတခု တက်လှမ်းနိုင်ပြီဆိုပေမယ့် ညှိနှိုင်းရတာတွေရှိနေတုန်းလို့ သူက ဆိုပါတယ်။

“ကျနော်တို့ မွေးကတည်းက အမေ့ဝမ်းက ထွက်ကတည်းက အမေတောင် ခက်ခက်ခဲခဲမွေးရသေးတာပဲလေ။ ဘယ်မိခင်မျိုး မဆိုပေါ့။ အခုနောက်ပိုင်း ခွဲမွေးတယ်ဆိုတာတောင် ခက်ခဲတာပဲလေ။ ဒဏ်ရာကျန်ခဲ့တာပဲ။ အဲဒီတော့ ကျနော်တို့ လက်ရှိဘဝတွေကလည်း ဒီလိုမျိုးပဲပေါ့”

“ကိုယ်ကြိုးစားအားထုတ်မှုနဲ့ နေရာလေးတခုကို တက်လှမ်းသွားနိုင်ပြီဆိုတာနဲ့ တောက်လျှောက်ကြီး ချောမွေ့သွားတာ မရှိပါဘူး။ နောက်ဆုံးအိမ်တွင်းရေး မိသားစုကိစ္စကအစ၊ မိသားစုဆက်ဆံရေး ပြေလည်နေတယ်ဆိုတာ အချိန်တိုင်း ရှိမနေနိုင်ဘူးလေ။ တခါတလေ အခြေအနေ တင်းမာမှုလေးတွေကို ညှိနှိုင်းရတာလေးတွေရှိတယ်” လို့ နေမင်းအိမ်က ပြောပါတယ်။

မိုးတွင်းကာလဖြစ်တဲ့အတွက် သီချင်းဆိုရတာတွေ နည်းပါးနေတဲ့အတွက် မိသားစုကို ပိုပြီးတော့ အချိန်ပေးဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာလည်း သီချင်းလုပ်နေတဲ့အချိန်ကလွဲပြီး အချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ သားလေးတဦးနဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ နေမင်းအိမ်ကတော့ နောက်ထပ်ရင်သွေး ယူဖို့အတွက် စိတ်ကူးရှိပြီး အမျိုးသမီးက ဆန္ဒရှိခဲ့မယ်ဆိုရင် ယူဖြစ်မယ်လို့ ပြောပါတယ်။

“သီချင်းတဖက် မိသားစုကတဖက်နဲ့ အဲဒီလိုဘဝထဲမှာတော့ ကလေးထပ်ပြီးယူဖို့တော့ စိတ်ကူးရှိပါတယ်။ အချိန်ရခဲ့ရင်ပေါ့နော်။ ပြီးတော့ ကျနော့် ဇနီးလည်း ဆန္ဒရှိခဲ့မယ်ဆိုရင်ပေါ့” လို့ နေမင်းအိမ်က ဆိုပါတယ်။

The post “အနုပညာနဲ့ ပတ်သက်ပြီး ယုံကြည်ချက်အပြည့်အဝ ရှိတာ ဂီတပဲ ရှိတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ