Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လျှို့ဝှက်ချက်တွေနဲ့ ဆယ်ကျော်သက်တယောက် (သို့မဟုတ်) Josie (2018)

$
0
0

ဒီတခါ မိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Eric England ရိုက်ကူးထားတဲ့ Drama, Thriller အမျိုးအစား ရုပ်ရှင် တကားဖြစ်တဲ့ “Josie” (2018) ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Game of Thrones မင်းသမီးချော Sophie Turner ၊ Dyan McDermott နဲ့ အခြားသော သရုပ်ဆောင်ပေါင်း များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Hank ဟာ Pink Motel မှာ တယောက်တည်းနေထိုင်သူ တက္ကဆက်ပြည်နယ်သား တယောက် ဖြစ်ပါတယ်။ Motel မှာ နေထိုင်သူတွေလည်း သူဘယ်ကလာတယ်ဆိုတာသိပြီး သူ့ရဲ့ နောက်ကြောင်းကို ဘယ်သူကမှ မသိကြပါဘူး။ သူကလည်း သူ့အကြောင်းကို ပြောပြနေတတ်သူ တယောက် မဟုတ်ဘဲ အိမ်နီးနားချင်းတွေလိုအပ်တဲ့ အကူအညီမှန်သမျှ ကူညီပေးနေသူ တယောက်ပဲ ဖြစ်ပါတယ်။

သူ့မှာ တီဗီရှေ့ကနောက်မှီ ထိုင်ခုံတလုံးရယ်၊ လိပ်ကလေး နှစ်ကောင်ရယ် ၊ ကားတစီးနဲ့ ရေကန်နားမှာ ငါးမျှားတဲ့အခါ အသုံးပြုတဲ့ လှေလေးတစီးရယ် ပိုင်ဆိုင်ထားပါတယ်။ မနက်အစောကြီးတွေမှာ ငါးမျှားတတ်ပြီး ငါးတကောင်ရတာနဲ့တင် သူ့အတွက် နှစ်ရက်စာလောက် ဖူလုံသွားပြီပဲ ဖြစ်ပါတယ်။

သူဟာ မြို့ရဲ့ အထက်တန်းကျောင်းတကျောင်းမှာ ကားပါကင်စောင့်ကြည့်ရတဲ့ အလုပ်နဲ့ အသက်မွေးနေထိုင်သူ တဦးလည်း ဖြစ်ပါတယ်။ Marcus နဲ့ Gator တို့ သူငယ်ချင်း နှစ်ယောက်ကတော့ Hank နဲ့ ဘယ်တော့မှ အဆင်မပြေကြတဲ့ လူငယ်လေးတွေပါ။

ဒီလိုနဲ့ တနေ့မှာ Pink Motel ကို ခပ်လှလှ ကောင်မလေးတယောက် ပြောင်းလာပါတော့တယ်။ သူမကတော့ Josie ဖြစ်ပြီး အိမ်ပြောင်းပြောင်းလာချင်းမှာပဲ Hank ကို သူ့ရဲ့ အထုပ်အပိုးတွေ ကူရွှေ့ပေးဖို့ အကူအညီလာတောင်းသူ ဆယ်ကျော်သက်မလေး ဖြစ်ပါတယ်။

ငယ်ရွယ်ပြီး လှပနေတဲ့ Josie ကြောင့် တယောက်တည်းသမားကြီး Hank ဟာ သူ မရရှိဖူးတဲ့ ဂရုစိုက်မှုတွေ ၊ အကြင်နာတရားတွေကို သူမဆီကနေ ရရှိနေပါတော့တယ်။ Marcus ကလည်း Josie ကျောင်းပြောင်းလာတဲ့နေ့ကစပြီး ဘယ်သွားသွား ဘယ်လာလာ တတွဲတွဲ ဖြစ်နေပါတော့တယ်။

Josie ကြောင့် Hank နဲ့ Marcus တို့ကြားက အငြှိုးအတေးတွေဟာ ပိုမိုကြီးထွားလာခဲ့ပြီး အိမ်နီးချင်းတွေကပါ Hank ကို မဆင်မခြင် မလုပ်ဖို့ သတိပေးရတဲ့အထိဖြစ်လာပါတော့တယ်။

ဇာတ်ကောင်အနည်းငယ်သာ ပါဝင်ပေမယ့် ဇာတ်လမ်းဖွဲ့စည်းမှုနဲ့ Hank နဲ့ Josie တို့ရဲ့ နောက်ကြောင်းတွေကို စိတ်ဝင်စားလာအောင် ဆွဲခေါ်သွားနိုင်တာလည်း ဒါရိုက်တာ Eric England ရဲ့ ကျွမ်းကျင်မှုပဲ ဖြစ်ပါတယ်။

Drama နဲ့ Thriller ကို အကောင်းဆုံး ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် IMDb rating (4.8) ရရှိထားတဲ့ “Josie (2018)” ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

The post လျှို့ဝှက်ချက်တွေနဲ့ ဆယ်ကျော်သက်တယောက် (သို့မဟုတ်) Josie (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ