Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကောင်မလေးတွေကို ဓာတ်ပုံ လိုက်ရိုက်ပေးမယ့် မော်ဒယ် ထူးအောင်

$
0
0

နှုတ်ခမ်းနီမလေးများကြားမှာ ရေပန်းစားပြီး အမျိုးသမီးထုရော အမျိုးသားထုပါမကျန် သဘောကျ၊ အားကျရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ထူးအောင်ကတော့ အခုလတ်တလောမှာတော့ ကင်မရာ တလုံးနဲ့ ဓာတ်ပုံရိုက် လေ့ကျင့်နေပြီး ကောင်မလေးတွေကို လိုက်ရိုက်ပေးဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်က ရှုတင်ရောက်ရင် ဖုန်းလေးနဲ့ အလှဓာတ်ပုံ လိုက်ရိုက်ပေးတယ်။ ပြီးရင်ပြင်ပေးတယ်။ အဲဒီလိုမျိုး ဝါသနာပါတယ်ပေါ့။ အခုနောက်ပိုင်း ကင်မရာလေးနဲ့ ရိုက်ပေးမလားလို့ စမ်းကြည့်နေတာ”

“မော်ဒယ်ထဲကဆို တော်တော်များများပဲ ကောင်မလေးတွေရော ကောင်လေးတွေရော။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေရောပဲ ဆုံတဲ့သူတိုင်း ရိုက်ပေးတာ။ ကျနော် ပရော်ဖက်ရှင်နယ် ကင်မရာဖြစ်အောင် လုပ်လိုက်မယ်။ ပြီးရင် ကောင်မလေးတွေကို လိုက်ရိုက်ပေးမယ်။ ကျနော့် စတူဒီယိုမှာ လာရိုက်ပါ” လို့ ထူးအောင်က ပြောပါတယ်။

လတ်တလောမှာတော့ ထူးအောင်က “Lady Boy” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သွားရောက် ရိုက်ကူးခဲ့ပြီး ၁၂ လပိုင်းမှာတော့ ဦးကျော်သူနဲ့အတူ ဇာတ်ကား ရိုက်ကူးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပါဝင်ထားတဲ့ကားတွေ ရုံတင်တဲ့အခါမှာ နောက်ရွေ့ နောက်ရွေ့နဲ့ ဒီနှစ်ထဲမှာ မတင်ဖြစ်တာတွေ ရှိတယ်ပေါ့။ ပုဂံမြို့သူဇာတ်လမ်းတွဲကတော့ ၁၁ လပိုင်း ၂၀ ရက်နေ့ဆို စပြပါမယ်။ အဲဒီထဲမှာလည်း ကျနော် လူယုတ်မာ တယောက်အနေနဲ့ မြင်ရမှာပါ။ စောင့်မျှော်အားပေးပါ” လို့ ထူးအောင်က ပြောပါတယ်။

အပြင်လောကမှာဆိုရင် ပျော်ပျော်နေတတ်တဲ့ ထူးအောင်ကတော့ Gangster ဇာတ်ရုပ်၊ လူယုတ်မာ ကာရိုက်တာများကို ဇာတ်ရုပ်နေရာ မရွေးချယ်ခဲ့ဘဲ နေရာတနေရာ ရဖို့အတွက် ပေးဆပ်တဲ့ အနေနဲ့သာ သရုပ်ဆောင်သွားတာလို့ ဆိုပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အမြဲတမ်းထိန်းသိမ်းဖြစ်တဲ့ ထူးအောင်က သူ့ရဲ့ အမှတ်တံဆိပ် တခုအနေနဲ့ ခန္ဓာကိုယ်ကိုပဲ မြင်နေတာမျိုးမဟုတ်ဘဲ သရုပ်ဆောင်ကောင်းတာနဲ့ တွဲမြင်အောင်လည်း ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ် “ကျနော်က LGBT မဟုတ်ပါဘူး၊ ချစ်သူထားရင် မိန်းကလေးပဲ ထားမှာပါ”

The post ကောင်မလေးတွေကို ဓာတ်ပုံ လိုက်ရိုက်ပေးမယ့် မော်ဒယ် ထူးအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ