Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဇာတ်ကားအတူရိုက်ရင်း နီးစပ်သွားကြတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲများ

$
0
0

အချစ်ဆိုတာ အချိန်အခါမရွေး ပေါက်ဖွားလာနိုင်တဲ့ အရာတခုပါ။ မထင်မှတ်တဲ့ တွေ့ဆုံမှုတွေကတဆင့် နှစ်ဦးကြား သံယောဇဉ် တွယ်သွားမိတတ်သလို၊ ပရိသတ်တွေက လိုက်ဖက်မှုရှိတယ်လို့ သတ်မှတ်ထားရင်းကလည်း အမှန်တကယ်ဖြစ်ပေါ်လာတတ်ပါတယ်။ မြန်မာပရိသတ်တွေ သည်းသည်းလှုပ် အားပေးကြတဲ့ ကိုရီးယားအနုပညာရှင် စုံတွဲတွေထဲက ဇာတ်ကား အတူတူရိုက်ရင်း နီးစပ်သွားကြတဲ့ စုံတွဲတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) မင်းသား ဂျန်ဒေါင်ဂန်းနဲ့ မင်းသမီး ဂိုဆိုယောင်း

ပထမဆုံးအတွဲကတော့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေ စပေါ်ခါစကတည်းက မြန်မာပရိသတ်တွေက “ဒါရိုက်တာရင်”လို့ ချစ်စနိုးခေါ်ခဲ့တဲ့ မင်းသား ဂျန်ဒေါင်ဂန်းနဲ့ မင်းသမီး ဂိုဆိုယောင်းတို့ စုံတွဲပါ။ “Love Wind Love Song” ဇာတ်ကားကို အတူတူရိုက်ကူးရင်း အရင်းနှီးဆုံး သူငယ်ချင်းအဖြစ်ကနေ နောက်နှစ်အနည်းငယ်အကြာမှာ မေတ္တာသက်ဝင်ခဲ့ကြတာပါ။ ၂၀၀၉ ခုနှစ်မှာ သူတို့နှစ်ဦးရဲ့ သမီးရည်းစား ဆက်ဆံရေးကို အတည်ပြုခဲ့ကြပြီး တနှစ်အကြာမှာတော့ လက်ထပ်ခဲ့ပါတယ်။

(၂) မင်းသား ဂီတေယောင်းနဲ့ မင်းသမီး ယူဂျင်း

နောက်ထပ်စုံတွဲကတော့ အဆိုတော်အဖြစ် အောင်မြင်ခဲ့ရာကနေ သရုပ်ဆောင်အဖြစ် ကူးပြောင်းခဲ့တဲ့ မင်းသမီး ယူဂျင်းနဲ့ မင်းသား ဂီတေယောင်းတို့ပါ။ ယူဂျင်းက ခင်ပွန်းသည် ဖြစ်လာမယ့် မင်းသား ဂီတေယောင်းနဲ့ ဇာတ်ကား အတူရိုက်ရင်း ဆုံတွေ့ခဲ့ကြတာပါ။ စရိုက်ခါစမှာ တယောက်နဲ့တယောက် စိတ်ဝင်စားမှု မဖြစ်သေးပေမယ့် ရိုက်ကူးရင်း ပရိသတ်ကလည်း လိုက်ဖက်မှု ရှိတယ်လို့ ထင်ကြေးပေးရာကနေ နောက်ဆုံးမှာ မင်းသား ဂီတေယောင်းကပါ ယူဂျင်းကို စိတ်ဝင်စားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က လက်ထပ်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ပါ ပိုင်ဆိုင်နေပါပြီ။

(၃) မင်းသား အန်းဂျေးဟွန်းနဲ့ မင်းသမီး ဂူဟေဆန်း

နောက်ထပ်စုံတွဲကတော့ မနဲ့ မောင် အတွဲပါ။ “Blood” ဇာတ်ကားရိုက်ကူးရင်း မမရဲ့အသည်းနှလုံးကို ကိုင်လှုပ်နိုင်ခဲ့တဲ့ မင်းသား အန်းဂျေးဟွန်းက မင်းသမီး ဂူဟေဆန်းကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ဗီဒီယိုလေးက အမျိုးသမီးတွေ မနာလိုချင်စရာကောင်းလောက်အောင်ကို Romantic ဆန်လွန်းခဲ့ပါတယ်။ အခုချိန်မှာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားနိုင်သလို နှစ်ယောက် အတူတွဲ သရုပ်ဆောင်ထားတဲ့ Variety Show တခုကိုပါ ရိုက်ကူးထားပြီးဖြစ်ပါတယ်။

(၄) မင်းသား ဆောင်ဂျွန်ကီနဲ့ မင်းသမီး ဆောင်ဟေဂို

“မနဲ့ မောင်” စုံတွဲလို့ ဆိုလိုက်ရင် တကမ္ဘာလုံးက ကိုရီးယားဇာတ်လမ်းတွဲ ချစ်သူတွေကို ကိုင်လှုပ်သွားနိုင်တဲ့ ဆောင်စုံတွဲ (Song Couple) လို့ ချစ်စနိုးနာမည်ပေးခဲ့ကြတဲ့ ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေဂိုတို့ပဲ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံတင် မကဘဲ တကမ္ဘာလုံးက ပရိသတ်တွေရဲ့ ကြည့်ရှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ “DOTS” ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင် သူတို့နှစ်ဦးကို ချစ်သူတွေဖြစ်နေတဲ့အကြောင်း အတည်မပြုခင်ကတည်းက ပရိသတ်က သဘောတူနေခဲ့ကြတာပါ။ တယောက်နဲ့ တယောက်ရဲ့ တူညီတဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကြောင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရွှေလက်တွဲခဲ့ကြပါတယ်။

(၅) မင်းသား လီဒေါင်ဂန်နဲ့ မင်းသမီး ဂျိုယွန်ဟီး

ပရိသတ်တွေ အံ့အားသင့်ခဲ့ရတဲ့ စုံတွဲကတော့ မင်းသား လီဒေါင်ဂန်နဲ့ မင်းသမီး ဂျိုယွန်ဟီးတို့ စုံတွဲပါ။ KBS ရုပ်သံက ထုတ်လွှင့်ပြသခဲ့တဲ့ “The Gentleman of Wolgyesu Tailor Shop” ဇာတ်လမ်းတွဲမှာ အတူ သရုပ်ဆောင်ရင်း ချစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ရဲ့ သတင်းတွေ စထွက်ချိန်မှာ မင်းသား လီဒေါင်ဂန်ဟာ Tara အဖွဲ့က ဂျီယွန်းနဲ့ လမ်းခွဲထားတာ မကြာသေးပါဘူး။ ပိုပြီး အံ့သြစရာ သတင်းကတော့ ချစ်သူတွေဖြစ်ပြီး ၂ လအကြာမှာ မင်းသားက လက်ထပ်မယ့် သတင်းကို ကြေညာခဲ့တာပါပဲ။

(၆) မင်းသား ဂျီဆောင်းနဲ့ မင်းသမီး လီဘိုယောင်း

နောက်ထပ် ပရိသတ်အချစ်တော် စုံတွဲကတော့ မင်းသား ဂျီဆောင်းနဲ့ မင်းသမီး လီဘိုယောင်းတို့ပါ။ “The Last Dance For Me” ဇာတ်ကားရိုက်ရင်း ၂၀၀၇ ခုနှစ်မှာတွဲဖြစ်ခဲ့ကြပြီး လက်မထပ်ခင် ကြားထဲမှာလည်း လမ်းခွဲသတင်းတွေ ထွက်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှာတော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ ၂ နှစ်အကြာ ၂၀၁၅ မှာ သမီးဦးလေး ဖွားမြင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ဒုတိယကလေး ကိုယ်ဝန်လွယ်ထားရတယ်လို့ ကြေညာခဲ့ပြန်ပါတယ်။

Ref: Cleo

The post ဇာတ်ကားအတူရိုက်ရင်း နီးစပ်သွားကြတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ