Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိန်းကလေးတွေကိုလည်း ချစ်တတ်တဲ့ ထက်ထက်ထွန်း

$
0
0

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မိန်းကလေးခြင်းချစ်ကြိုက်တဲ့ ပုံလေးတွေတင်ထားတဲ့ ထက်ထက်ထွန်းက ရှုတင်မှာ ဟိုတယ်မှာနားနေရင်းနဲ့ မော်ဒယ်ယွန်းဝင့်လွှာအောင်နဲ့အတူဓာတ်ပုံရိုက်ပြီး တင်ဖြစ်သွားတာပါလို့ ဧရာဝတီကိုပြောပါတယ်။

“ထက်ဒီပုံလေးတွေရိုက်ဖြစ်တာက ရှုတင်မှာ ဟိုတယ်မှာ နားနေရင်းနဲ့ သူ့ကို Lighting ကောင်းတာနဲ့ ရိုက်ပြီး တင်ဖြစ်သွားတယ်။ အရင်တုန်းက သူ့ကိုအရမ်းမုန်းတယ်။ နောက်ပိုင်းသူ့ကို သံယောဇဉ်ရှိလာတယ်။

ခင်နေတာနဲ့ နှစ်ယောက်တွဲ ပုံလေးတွေ တင်ဖြစ်တာပါ။ ဝေဖန်မှာကို မစိုးရိမ်ဘူးလားဆို ခုချိန်မှာထောက်လည်း ထောက်ခံလာကြပြီ။လက်လည်းလက်ခံလာကြပြီ””ဒါကရှိပြီးသား အခုမှရှိလာတာမဟုတ်ဘူး။ လက်ခံမယ့်သူတွေရှိသလို လက်မခံနိုင်သေးတဲ့သူတွေရှိတယ်။

ထက်တို့ပုံက အရမ်းရိုင်းစိုင်းတဲ့ပုံတွေ မဟုတ်တာကြောင့် ဝေဖန်မှာ မစိုးရိမ်ပါဘူး။ အခုမှသာ မြန်မာနိုင်ငံမှာ အခုမှ ပေါ်ပေါ်ထင်ထင် ခေတ်စားလာတာပါ။ အရင်တည်းက တခြားနေ ရာတွေမှာ LGBT တွေက ရှိပြီးသားပါ။

“ ယောကျ်ားနဲ့ မိန်းမ ချစ်ကြိုက်တာပဲရှိရမယ်။ ယောကျာ်ချင်းမိန်းမချင်းတွေ ချစ်ကြိုက်ရင် ဟားတိုက် ကဲ့ရဲ့စရာလို့ မြင်ကြတယ်။အဲ့အတွက် သူတို့ပုန်းအောင်းပြီးနေရတယ်။ အခုဆိုရင် သူတို့ ပေါ်ပေါ်ထင်ထင်နေထိုင် လို့ ရလာကြပြီ” လို့ ထက်ထက်ထွန်းက ပြောပါတယ်။

အိမ်ထောင်ပြုဖို့လိုပါသေးတယ်ဆိုတဲ့ ထက်ထက်ထွန်းက မိန်းကလေးရည်းစားတော့ တခါမှမထားဖူးဘူး။ ယောကျာ်းလေးရည်းစားပဲထားဘူးတယ်လို့ ဆိုပါတယ်။

“အချစ်ရေးနဲ့ ပတ်သက်ပြီး ငယ်ငယ်ကတည်းကလည်း မိန်းကလေးလည်း ချစ်တယ်။ ယောကျာ်းလေးလည်းချစ်တယ်။ ထက်က Two Way ကြီးလားမပြောတတ်ပါဘူး။ မိန်းကလေးရည်းစားတော့ တခါမှမထားဘူးဘူး။ ယောကျာ်းလေး ရည်းစားပဲထားဘူးတယ်။ မိန်းကလေးတွေကိုလည်း ချစ်တတ်ပါတယ်”

” အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ ယောကျာ်းယူဖို့ အစီအစဉ်မရှိဘူး။ တချို့တော့အသက်ကြီး လာလေလေ ယောကျာ်းမရမှာကို ပိုပို စိုးရိမ်လာကြတယ်။ ထက်ကတော့ အသက်ကြီးလာလေလေ ယောကျာ်း ယူရမှာ ကြောက်လာ လေလေပဲ။ တယောက်ကိုယူလိုက်ရင် အဲ့တယောက်ကိုပဲ ချစ်ခွင့်ရတော့မှာလေ။ မယူသေးတော့ ဘေးကလူတွေ ကိုလည်း မေတ္တာတွေ မျှလို့ရတယ်။ အိမ်ထောင်ရှင်မကောင်း ပီသတယ်ဆိုတဲ့ ခေါင်းစဉ်မျိုးထက် လူပီသတဲ့ လူတယောက် ဖြစ်ချင်ပါတယ်” လို့ဆိုပါတယ်။

ထက်ထက်ထွန်းဟာ (၆၅) ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ Best National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်လာနိုင်သူ တဦးဖြစ်သလို မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် တင်ဆက်နိုင် ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ထက်ထွက်ထွန်းဟာ အခုဆိုရင်တော့ ရုပ်သံဇာတ်လမ်းတွဲတွေ၊ တီဗီကြော်ငြာတွေနဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

The post မိန်းကလေးတွေကိုလည်း ချစ်တတ်တဲ့ ထက်ထက်ထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ