Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နာမည်ကြီးခဲ့တဲ့ တရုတ်နန်းတွင်းဇာတ်လမ်းတွဲ “My Fair Princess” ကို ပြန်လည်ရိုက်ကူးမည်

$
0
0

ပရိသတ်တွေ နှစ်ခြိုက်စွဲလမ်းခဲ့တဲ့ တရုတ်နန်းတွင်း နောက်ခံဒရမ်မာ My Fair Princess (ဟွမ်ကျူး မင်းသမီးလေး) ဇာတ်လမ်းတွဲကို အသစ်တဖန် ပြန်လည်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

အဲဒီမူရင်း ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ ထိုင်ဝမ်စာရေးဆရာမ Chiung Yao က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတခုမှာ ပြောကြားခဲ့တာဖြစ်ပြီး အခုအသစ် ပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲ ကိုလည်း သူကိုယ်တိုင် အကြံပေးပုဂ္ဂိုလ်အဖြစ် ပါဝင်မယ်လို့ ဆိုပါတယ်။

စာရေးဆရာမ Yao က “ဒီတကြိမ်မှာတော့ “My Fair Princess” ကို Tencent Pictures နဲ့အတူတူတွဲပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ လူငယ်တွေကို ဦးတည်မယ့် ပုံစံနဲ့ ဒီရင်းနှီးနေတဲ့ အချစ်ဇာတ်လမ်းတခုကို ကျမတို့ ပြောပြနိုင်ဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အခုလိုမျိုး ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးမယ့် အပြင့် ဇာတ်လမ်းကို ဗီဒီယိုဂိမ်းနဲ့ အန်နီမေးရှင်းဇာတ်လမ်းတွဲတွေမှာလည်း အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။

မူရင်း “My Fair Princess” ဇာတ်လမ်းတွဲဟာ ၁၉၉၈-၁၉၉၉ ခုနှစ်ကာလတုန်းက အာရှတခွင်မှာ အထူးအောင်မြင်ခဲ့ပြီး Zhao Wei, Fan Bingbing, Ruby Lin နဲ့ Alec Su တို့အပါအဝင် သရုပ်ဆောင် တွေကိုလည်း ပရိသတ်တွေက အထူးအားပေးခဲ့ကြပါတယ်။

၁၈ ရာစုနှစ် ချင်နန်းဆက်မှာ ဇာတ်အိမ်တည်ထားတဲ့ အဲဒီရုပ်ရှင်ဟာ ချင်ဧကရာဇ်ရဲ့ သမီး ကြည်ဝေနဲ့ သူငယ်ချင်းဖြစ်ပြီး တဲ့နောက် ဘုရင့်သမီးတော်အဖြစ် မှားယွင်း သတ်မှတ်ခံလိုက်ရတဲ့ အပြစ်ကင်းစင်တဲ့ မိန်းကလေး ရှောင်ယဲ့ကျူ ရဲ့ အကြောင်း ကိုဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

အဲဒီဇာတ်လမ်းတွဲကို ၂၀၁၁ ခုနှစ်တုန်းက ပြန်လည်ရိုက်ကူးခဲ့ပေမယ့် မူရင်းဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုကို လိုက်မီနိုင်ခဲ့ ခြင်းမရှိပါဘူး။ အခုနောက်ဆုံးရိုက်ကူးမယ့် ဇာတ်လမ်းတွဲကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်အတွင်း ထုတ်လွှင့်ပြသ နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မူရင်းဇာတ်လမ်းတွဲကို မြန်မာနိုင်ငံမှာလည်း ထုတ်လွှင့်ပြသခဲ့ဖူးပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။

Ref: asiaone

The post နာမည်ကြီးခဲ့တဲ့ တရုတ်နန်းတွင်းဇာတ်လမ်းတွဲ “My Fair Princess” ကို ပြန်လည်ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ