Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မကောင်းမှုနောက်ကွယ်က အာရုံမှောက်မှားမှုများအကြောင်း (သို့) 1922 (2017)

$
0
0

ဒီတခါမိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Zak Hilditch ရိုက်ကူးထားတဲ့ Crime , Drama , Horror အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ 1922 (2017) ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Thomas Jane , Molly Parker , Dylan Schmid နဲ့ အခြားသောသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

Wilfred ဟာ သာမန်လယ်သမားတဦးဖြစ်ပြီး လယ်ဧက ၈၀ ပိုင်ဆိုင်သူတဦးဖြစ်ပါတယ်။ သူ့အမျိုးသမီး Arlette မှာတော့ သူမအဖေဆီက အမွေအဖြစ် လယ်ဧက ၁၀၀ ရရှိပိုင်ဆိုင်ထားသူတဦးပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံမှာ Henry လို့ခေါ်တဲ့ ဂုဏ်ယူစရာ သားတယောက်ကိုလည်း ပိုင်ဆိုင်ထားကြသူများဖြစ်ပါတယ်။

Arlette ဟာ ဘယ်သောအခါမှ တောင်သူတဦးမဖြစ်ချင်ခဲ့သလို မြို့ကြီးပြကြီးမှာ အဝတ်အထည်ဆိုင်တဆိုင်ဆိုင်ဖွင့်ရင်း အသက်မွေးဝမ်းကျောင်းပြုချင်သူတဦးဖြစ်ပါတယ်။ Wilfred ကတော့ မြို့ကြီးပြကြီးဆိုတာ အရူးတွေအတွက်သာ ဖြစ်တယ်ဆိုတဲ့ စကားနဲ့ လယ်ယာတွေကိုရောင်းချရင်း မြို့ပြကို ပြောင်းရွှေ့ဖို့ ကန့်ကွက်ခဲ့ပါတော့တယ်။

ဒါပေမဲ့ Arlette ကတော့ လက်မလျှော့နိုင်သေးဘဲ သိပ်မကြာခင်အချိန်အတွင်းမှာ သူမပိုင်ဆိုင်တဲ့ လယ်တွေကိုရောင်းချပြီး ရောင်းလို့ရတဲ့ ငွေတဝက်ကို Wilfred ဆီပေးပြီး သူတို့နှစ်ယောက်ကွာရှင်းမယ့်အပြင် Henry ကိုလည်း သူမနဲ့အတူ ခေါ်သွားမှာဖြစ်တဲ့အကြောင်း ပြောဆိုလာပါတော့တယ်။

ဘယ်လိုမှ ဇနီးသည်ကို ဖျောင်းဖျလို့မရတဲ့အဆုံးမှာတော့ Wilfred ဟာ တနေ့ပြီး တနေ့ အကြံဉာဏ်တခုခုကို အစဉ်တစိုက်တွေးတောနေပါတော့တယ်။ Henry မှာ သူတို့နဲ့ အိမ်နီးနားချင်း ဆယ်ကျော်သက်ကောင်မလေး Shannon နဲ့ ချစ်ကြိုးသွယ်နေမိပြီဖြစ်တဲ့အတွက်ကြောင့် Arlette ခေါ်ဆောင်ရာ မြို့ပြကို လိုက်သွားဖို့မဖြစ်နိုင်ကြောင်း Wilfred က စည်းရုံးသိမ်းသွင်းရင်း သူ့အကြံအစည်ကိုပါတခါတည်း သားဖြစ်သူကို ပြောပြပါတော့တယ်။

၁၉၂၂ ခုနှစ်ရဲ့ တခုသောနေ့လည်မှာတော့ Wilfred ဟာ သူ့ဇနီးရဲ့ လယ်ယာမြေတွေကိုရောင်းပြီး မြို့ကိုပြောင်းချင်တဲ့ ဆန္ဒကိုလက်ခံကြောင်း ဖွင့်ဟခဲ့ပြီး အဲဒီညမှာပဲ သူတို့တမိသားစုလုံး အောင်ပွဲခံ သောက်စားပျော်ပါးကြပါတော့တယ်။

အပျော်လွန်နေတဲ့ Arlette ဟာ လူမှန်းသူမှန်းမသိလောက်တော့အောင် မူးယစ်နေပြီး အိပ်ရာထဲရောက်တာနဲ့ တပြိုင်နက် အိပ်မောကျသွားတဲ့အခါမှာတော့ Wilfred နဲ့ Henry တို့ဟာ သူတို့အကြံကို လုပ်ဆောင်ကြတာပဲဖြစ်ပါတယ်။ အဲဒါကတော့ Arlette ကို သတ်ဖြတ်ပစ်ပြီး ဘယ်သူမှမရိပ်မိအောင် အိမ်အနားမှာရှိတဲ့ ရေတွင်းပျက်တခုထဲမှာ အလောင်းကို ဖျောက်ပစ်လိုက်ဖို့ပဲဖြစ်ပါတယ်။

လူတယောက်ရဲ့ မကောင်းမှုကျူးလွန်ပြီးချိန်မှာ ခံစားရတဲ့ အာရုံမှောက်မှားမှုတွေကို ဒါရိုက်တာက ဟာကွက်မရှိ ပုံဖော်ရိုက်ကူးပြသထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုဟာ Wilfred ကိုယ်တိုင်ပြောပြနေတာဖြစ်တဲ့အတွက်ကြောင့် ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာတာကိုတွေ့ရှိကြရမှာဖြစ်ပါတယ်။ IMDb rating 6.3 ရရှိထားတဲ့ 1922 (2017) ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

The post မကောင်းမှုနောက်ကွယ်က အာရုံမှောက်မှားမှုများအကြောင်း (သို့) 1922 (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)