Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နာမည်ကျော်ပုဂ္ဂိုလ်များရဲ့ အံ့အားသင့်စရာ ပိုင်ဆိုင်မှုများ

$
0
0

အနုပညာရှင်နဲ့ အားကစားသမားတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေအပြင် အခြားသော စီးပွားရေး လုပ်ငန်းအချို့ကိုလည်း လုပ်ကိုင်နေလေ့ ရှိတတ်ကြပါတယ်။ ယခု ဖော်ပြပေးမယ့်ပုဂ္ဂိုလ်တွေကတော့ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှတဆင့် ရရှိထားတဲ့ ပိုင်ဆိုင်မှုတွေအပြင် အခြားသော သူတို့ရဲ့ အသားတင် ပိုင်ဆိုင်မှုတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) Nicolas Cage

Superman မင်းသားအဖြစ် ဆက်လက်သရုပ်ဆောင်ဖို့ လက်ရှိအချိန်မှာသတင်းထွက်နေတဲ့ မင်းသားကြီး Nicolas Cage ဟာဆိုရင် အရေးမကြီးတဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရမှာ အသုံးအဖြုန်းကြီးသူ တဦးအဖြစ် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အော်စကာဆုပိုင်ရှင်တဦးဖြစ်တဲ့ Nicolas Cage အနေနဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၅ သန်း တိတိ ရှိသူတဦးဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

(၂) Tiger Woods

ဂေါက်သီးရိုက် အားကစားသမားတဦးအဖြစ် နာမည်ကျော်ခဲ့သူ Tiger Woods ဟာ မြက်ခင်းပြင်တွေပေါ်မှာ သူ့ရဲ့ အောင်မြင်မှုတွေနဲ့ ဒွန်တွဲနေခဲ့ရသူတဦးဖြစ်ပါတယ်။ သူ့ရဲ့ စပွန်ဆာနဲ့ ဆုဖလားရရှိမှုတွေကြောင့် ကမ္ဘာ့ကြေးအမြင့်ဆုံး အားကစားသမားတဦးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ သူ့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့အတူ ဒေါ်လာ ၇၈ ဒဿမ ၁သန်းကို ပိုင်ဆိုင်ခဲ့ပြီး သူ့ရဲ့ အသားတင် ပိုင်ဆိုင်မှုကတော့ ဒေါ်လာ သန်း ၇၄၀ ပဲ ဖြစ်ပါတယ်။

(၃) Mike Tyson

နာမည်ကျော် လက်ဝှေ့ကစားသမားတဦးဖြစ်တဲ့ Mike Tyson ဟာ လူမုန်းအများဆုံး အားကစားသမားတဦးဖြစ်ခဲ့သလို သူ့ရဲ့ အောင်မြင်ချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၃၀၀ ကျော်အထိ ရှိခဲ့တာဖြစ်ပါတယ်။ လက်ဝှေ့အားကစားကနေအနားယူပြီး စီးပွားရေးပြဿနာတွေကြောင့် ၂၀၀၃ခုနှစ်မှာ ကြွေးမြီ ဒေါ်လာ ၂၃သန်းရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃သန်းပဲဖြစ်ပါတယ်။

(၄) Shah Rukh Khan

နာမည်ကျော်ဘောလိဝုဒ်မင်းသားတဦးဖြစ်တဲ့ Shah Rukh Khan ဟာ ၂၀၁၇ခုနှစ်မှာ တကမ္ဘာလုံးအတိုင်းအတာအရ ဒေါ်လာ ၃၈ သန်းကို အနုပညာကြေးအဖြစ် အများဆုံးရရှိတဲ့ အဆင့်(၈) မင်းသားတဦးပဲ ဖြစ်ပါတယ်။ မင်းသားကြီး Shah Rukh Khan ရဲ့ အသားတင်ပိုင်ဆိုင်မှုကတော့ ဒေါ်လာ သန်း ၆၀၀ ပဲ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် – ၂၀၁၇ ခုနှစ်အတွင်း အနုပညာကြေး အများဆုံး ရရှိသည့် ထိပ်တန်း ဟောလိဝုဒ် မင်းသား ၁၀ ဦး

Ref: readysethealht.com

The post နာမည်ကျော်ပုဂ္ဂိုလ်များရဲ့ အံ့အားသင့်စရာ ပိုင်ဆိုင်မှုများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ