Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ စိုင်းစိုင်းခမ်းလှိုင်က ကျနော့်ထက် ၄နှစ်ကြီးတယ်”

$
0
0

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သူငယ်ချင်းများစွာရှိတဲ့ထဲမှ သီချင်းလည်းရေး ၊ သီချင်းဆို ၊ သရုပ်ဆောင်အလုပ်နဲ့ ဂီတအလုပ်တော်တော်များများကို တွဲဖက်လုပ်ကိုင်လာခဲ့တဲ့ အဆိုတော်မိုးမိုးကတော့ သူ့ထက် စိုင်းစိုင်းက ၄နှစ်ကြီးပါတယ်လို့ ဧရာဝတီကိုပြောပါတယ်။

“စိုင်းစိုင်းက ကျနော့်ထက် ၄နှစ်ကြီးတယ်။ သူက ၁၉၇၉ ခုနှစ် ကျနော်က ၁၉၈၃ခုနှစ် မွေးတာဆိုတော့ ကျနော့်ထက် ၄နှစ်ကြီးတယ်။ ဒါပေမယ့် သူပေါင်းနေတာ ကျနော့်ထက် ၁၀နှစ်လောက်ငယ်တဲ့ ချာတိတ်တွေနဲ့ပဲပေါင်းတာ” လို့ မိုးမိုးက ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သူငယ်ချင်းတွေထဲမှာမှ မုံရွာသားသူငယ်ချင်းအဖြစ် သူနဲ့စတင်ပေါင်းသင်းခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ မုံရွာသားတွေများသွားပြီလို့ ဆိုပါတယ်။

“အမှတ်တရဖြစ်စရာဘာရှိလဲဆိုတော့ သူ့ရဲ့သူငယ်ချင်းများစွာထဲမှာ မုံရွာသားဆိုပြီး ပေါင်းတာကျနော်နဲ့ စပေါင်းတာ။ အခုကျတော့ သူ့သူငယ်ချင်းတွေထဲမှာ မုံရွာသားတွေတော်တော်များသွားပြီ။ ကျနော်ကလည်း မုံရွာသားတွေ အများကြီးထဲမှာ စိုင်းစိုင်းရဲ့ သူငယ်ချင်းဖြစ်တာ ဂုဏ်ယူရတာပေါ့” လို့ မိုးမိုးက ပြောပါတယ်။

မကြာခင်မှာကျင်းပမယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ပြီးခဲ့သောဇာတ်လမ်းအကျဉ်း” ဆိုတဲ့ Show ပွဲမှာလည်း ဘယ်လိုပုံစံနဲ့ ပါဝင်သွားရမလဲဆိုတာကို မသိသေးဘဲ သူငယ်ချင်းတယောက်အနေနဲ့ ဝန်းရံပေးဖို့ရှိနေမယ်လို့ ပြောပါတယ်။

အသက် ၄နှစ်ခန့်ကြီးပေမယ့် စိုင်းစိုင်းရဲ့ နုပျိုမှုအတွက် ဂုဏ်ယူမိပြီး သူ့အနေနဲ့မလုပ်နိုင်ဘဲ အားကျမိတယ်လို့လည်း ပြောပါတယ်။

“သူ့ရဲ့နုပျိုမှုကိုတော့ ကွန်ဂရက်ကျူလေးရှင်းပါ။ ကျနော်တို့မလုပ်နိုင်ဘူး။ ကျနော်တို့က တခြားအလုပ်တွေလည်း အများကြီးလုပ်ရတာလည်းပါချင်ပါမှာပေါ့လေ။ အမှန်တကယ်တော့ ပျင်းတာပါ။ သူ့အနေနဲ့ အသားအရေ ထိန်းသိမ်းမှု ၊ရုပ်ရည် ပေါ့နော်။ အသက် ၄၀ဆိုတာတော်တော်လေးကို နုတယ်ပေါ့။ အားလည်းကျပါတယ်” လို့ မိုးမိုးက ပြောပါတယ်။

မိုးမိုးအနေနဲ့ လတ်တလောမှာတော့ အလုပ်နည်းနည်းများနေတာကြောင့်ရော အစားလျော့ဖြစ်ခြင်းကြောင့် ၁၀ပေါင်လောက်ကျသွားပြီး နောက်ထပ်လည်း ဝိတ်ကျဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ Mini Album ထွက်နိုင်ဖို့ ပြင်ဆင်နေပြီး တခြားသူများအတွက် သီချင်းတွေရေးပေးဖြစ်ကာ ဇာတ်ဝင်သီချင်းတွေလည်းရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။

The post “ စိုင်းစိုင်းခမ်းလှိုင်က ကျနော့်ထက် ၄နှစ်ကြီးတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ